×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Saturday, 11 January 2020

"အဂၤလိပ္စကားေျပာေလ့က်င့္ဖို႔အတြက္ တကယ္ အသုံး ဝင္မယ့္ App (၃) ခု"

"အဂၤလိပ္စကားေျပာေလ့က်င့္ဖို႔အတြက္ တကယ္ အသုံး ဝင္မယ့္ App (၃) ခု" freepick

ကျွန်တော် အင်္ဂလိပ်စကားကို စလေ့လာတုန်းက အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုက အင်္ဂလိပ်လို စကားပြောဖို့ အဖော်မရှိတာပါ။

သင်တန်းမှာ ပြောလို့ရတယ်ဆိုပေမယ့် အချိန်အကန့်အသတ်နဲ့ ဖြစ်တာမို့ သင်တန်းပြီးသွားရင် အင်္ဂလိပ်လိုလေ့ကျင့်ဖို့ အဖော်မရှိတော့ပြန်ပါဘူး။ ကျွန်တော်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က အဆောင်နေခဲ့တာ ဖြစ်ပြီး အဆောင်မှာလည်း အင်္ဂလိပ်လို ပြောဖို့အဖော်မရှိခဲ့ပါဘူး။ သင်္ဘောပေါ်မှာလည်း မြန်မာတွေချည်းပဲ ဖြစ်လို့ အင်္ဂလိပ်လို စကားပြောလေ့ကျင့်လို့က မဖြစ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် အဲ့ဒီအချိန်တွေအားလုံးမှာ ကျွန်တော်လုပ်ခဲ့တာ တစ်ခုတော့ရှိပါတယ်။ အဲ့ဒါက မှန်ထဲကြည့်ပြီး စကားပြောတာပါ။တစ်ခါတစ်လေ တစ်ယောက်တည်းလဲ ပြောနေတတ်ပါတယ်။ သူများတွေတွေ့သွားရင်တော့ အရူးလို့ထင်လောက်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုသာဂရုစိုက်နေခဲ့ရင် ယခုအချိန်မှာ ကျွန်တော် အင်္ဂလိပ်စကားကောင်းကောင်း ပြောတတ်အုံးမှာ မဟုတ်သေးပါဘူး။

ကျွန်တော့်တုန်းက အဲ့ဒီလို အခက်အခဲတွေရှိခဲ့ပေမယ့် အခု နည်းပညာခေတ်ကြီးထဲမှာတော့အင်္ဂလိပ်စကားပြော လေ့ကျင့်ချင်ရင် အရင်ကထက်အများကြီး လွယ်သွားပါပြီ။ ဖုန်းလေးနဲ့အင်တာနက်လေးပဲ ရှိဖို့လိုပါတယ်။ အွန်လိုင်းပေါ်မှာ ကိုယ့်လိုပဲအင်္ဂလိပ်လို စကားပြော လေ့ကျင့်ချင်သူတွေနဲ့ စကားပြောလို့ရတဲ့ App လေးတွေ ရှိနေပါပြီ။ကျွန်တော်ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်ထားတဲ့Application (၃) ခုကို ပြောပြပေးပါ့မယ်။ သိပြီးသားသူတွေလည်း ရှိနိုင်ပေမယ့် မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ဝေမျှပေးလိုက်ပါတယ်။
ကျွန်တော်ပြောပေးမယ့် App တွေကို Playstoreမှာ အလွယ်တကူဒေါင်းလို့ရပါတယ်။ Apple သမားတွေလည်း App Store မှာ ဒေါင်းလို့ရပါတယ်။


(၁) Open Talk (https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 32 15


Playstore မှာ Open Talk လို့ ရိုက်ပြီးရှာကြည့်ပါ။ ဒီ App လေးထဲမှာ မိမိ လေကျင့် ပြောလိုတဲ့အကြောင်းအရာကို ရွေးချယ်ပြီး Talk Now ဆိုတာကို နှိပ်လိုက်ရင် ကမ္ဘာတစ်လွှားက ဒီApp ကို အသုံးပြုနေတဲ့သူတွေနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။ခဏတော့စောင့်ပေးရပါတယ်။ ခဏနေရင် စကားပြောဖို့ အဆင်သင့်ဖြစ်သွားပါလိမ့်မယ်။

လူတစ်ဦးနဲ့မိနစ် ၂၀အထိ စကားပြောလို့ရပါတယ်။ ဒီ Appပေါ်မှာတော့ များသောအားဖြင့် အိန္ဒိယ လူမျိုးတွေကို တွေ့ရတတ်ပါတယ်။ သူတို့က အင်္ဂလိပ်စကားပြော တော်တော်လေ့ကျင့်ပုံရပါတယ်။ အခြားနိုင်ငံက လူတွေနဲ့လည်း တစ်ခါတစ်ရံ ကြုံရနိုင်ပေမယ့်အိန္ဒိယလူမျိုးနဲ့တွေ့တာတော့ များပါတယ်။ ဖုန်းပြောသလို ပြောရုံပါပဲ။ ရုပ်လည်း မမြင်ရတဲ့အတွက် ပုဇွန်တောင်ဇေးရှင်း မကောင်းလဲ ရှက်စရာမလိုပါဘူး။

 


(၂) Speaklar (https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 31 07


ဒီ App လည်း သုံးလို့ကောင်းပါတယ်။ ဒီ App ပေါ်မှာလည်း အိန္ဒိယ လူမျိုးတွေများပါတယ်။ ဒါပေမယ့်သူတို့အားလုံး တော်တော်များများ အင်္ဂလိပ်လို အခြေခံ ပြောတတ်ကြပါတယ်။ ဒီ App မှာတော့ Level-1
Speaker နဲ့ Verified Speaker ဆိုပြီးရှိပါတယ်။ကိုယ်က သိပ်မပြောတတ်ဘူးဆိုရင် ကိုယ့်လိုမျိုးသိပ်မပြောတတ်တဲ့သူတွေကို Level-1 Speaker မှာ တွေ့နိုင်ပါတယ်။ ကိုယ်က နည်းနည်းပြောတတ်နေပြီဆိုရင်တော့ Verified Speaker နဲ့ ပြောပါ။

 

 

(၃) Wakie Community(https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 29 35

 

ဒီ App ကတော့ စမ်းသုံးကြည့်တာ မကြာသေးပါဘူး။ သူကတော့ အပေါ်က App တွေထက် နည်းနည်းပိုကျယ်ပြန့်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူ လူတွေနဲ့ စကားပြောနိုင်မယ့် App လည်း ဖြစ်ပါတယ်။ Audio Call ပြောလို့ရသလို Text Chat ပုံစံမျိုးလည်း ပြောလို့ရပါတယ်။ App ကို ဖွင့်လိုက်ရင်အပေါ်ဆုံးမှာ စကားပြောချင်တဲ့
သူနဲ့ သူတို့ ပြောချင်တဲ့ အကြောင်းအရာတွေကို တွေ့ရ ပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ်ပြောချင်တာနဲ့ က ိုက်တယ် ဆိုရင် Call Button အစိမ်းရောင်လေးကို နှိပ်လိုက်ရုံပါပဲ။ ဒီ Application လေးတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောလေ့ကျင့် နေသူတွေ အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါ တယ်။

 


Credit : မိုးရှင်း (I.M.T)

 

Zawgyi ျဖင့္ဖတ္ရန္

"အဂၤလိပ္စကားေျပာေလ့က်င့္ဖို႔အတြက္ တကယ္ အသုံး ဝင္မယ့္ App (၃) ခု"
ကြၽန္ေတာ္ အဂၤလိပ္စကားကို စေလ့လာတုန္းက အႀကီးမားဆုံး ျပႆနာေတြထဲက တစ္ခုက အဂၤလိပ္လို စကားေျပာဖို႔ အေဖာ္မရွိတာပါ။ သင္တန္းမွာ ေျပာလို႔ရတယ္ဆိုေပမယ့္ အခ်ိန္အကန႔္အသတ္နဲ႔ ျဖစ္တာမို႔ သင္တန္းၿပီးသြားရင္ အဂၤလိပ္လိုေလ့က်င့္ဖို႔ အေဖာ္မရွိေတာ့ျပန္ပါဘူး။ ကြၽန္ေတာ္က လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က အေဆာင္ေနခဲ့တာ ျဖစ္ၿပီး အေဆာင္မွာလည္း အဂၤလိပ္လို ေျပာဖို႔အေဖာ္မရွိခဲ့ပါဘူး။

သေဘၤာေပၚမွာလည္း ျမန္မာေတြခ်ည္းပဲ ျဖစ္လို႔ အဂၤလိပ္လို စကားေျပာေလ့က်င့္လို႔က မျဖစ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ အဲ့ဒီအခ်ိန္ေတြအားလုံးမွာ ကြၽန္ေတာ္လုပ္ခဲ့တာ တစ္ခုေတာ့ရွိပါတယ္။ အဲ့ဒါက မွန္ထဲၾကည့္ၿပီး စကားေျပာတာပါ။တစ္ခါတစ္ေလ တစ္ေယာက္တည္းလဲ ေျပာေနတတ္ပါတယ္။ သူမ်ားေတြေတြ႕သြားရင္ေတာ့ အ႐ူးလို႔ထင္ေလာက္ပါတယ္။

ဒါေပမယ့္ အဲ့ဒါေတြကိုသာဂ႐ုစိုက္ေနခဲ့ရင္ ယခုအခ်ိန္မွာ ကြၽန္ေတာ္ အဂၤလိပ္စကားေကာင္းေကာင္း ေျပာတတ္အုံးမွာ မဟုတ္ေသးပါဘူး။ ကြၽန္ေတာ့္တုန္းက အဲ့ဒီလို အခက္အခဲေတြရွိခဲ့ေပမယ့္ အခု နည္းပညာေခတ္ႀကီးထဲမွာေတာ့
အဂၤလိပ္စကားေျပာ ေလ့က်င့္ခ်င္ရင္ အရင္ကထက္အမ်ားႀကီး လြယ္သြားပါၿပီ။ ဖုန္းေလးနဲ႔အင္တာနက္ေလးပဲ ရွိဖို႔လိုပါတယ္။ အြန္လိုင္းေပၚမွာ ကိုယ့္လိုပဲအဂၤလိပ္လို စကားေျပာ ေလ့က်င့္ခ်င္သူေတြနဲ႔ စကားေျပာလို႔ရတဲ့ App ေလးေတြ ရွိေနပါၿပီ။ကြၽန္ေတာ္ကိုယ္တိုင္ စမ္းသပ္သုံးစြဲၾကည့္ထားတဲ့Application (၃) ခုကို ေျပာျပေပးပါ့မယ္။ သိၿပီးသားသူေတြလည္း ရွိႏိုင္ေပမယ့္ မသိေသးတဲ့သူေတြ အတြက္ ရည္႐ြယ္ၿပီး ေဝမွ်ေပးလိုက္ပါတယ္။
ကြၽန္ေတာ္ေျပာေပးမယ့္ App ေတြကို Playstoreမွာ အလြယ္တကူေဒါင္းလို႔ရပါတယ္။ Apple သမားေတြလည္း App Store မွာ ေဒါင္းလို႔ရပါတယ္။


(၁) Open Talk (https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 32 15


Playstore မွာ Open Talk လို႔ ႐ိုက္ၿပီးရွာၾကည့္ပါ။ ဒီ App ေလးထဲမွာ မိမိ ေလက်င့္ ေျပာလိုတဲ့အေၾကာင္းအရာကို ေ႐ြးခ်ယ္ၿပီး Talk Now ဆိုတာကို ႏွိပ္လိုက္ရင္ ကမာၻတစ္လႊားက ဒီApp ကို အသုံးျပဳေနတဲ့သူေတြနဲ႔ ခ်ိတ္ဆက္ေပးပါလိမ့္မယ္။ခဏေတာ့ေစာင့္ေပးရပါတယ္။ ခဏေနရင္ စကားေျပာဖို႔ အဆင္သင့္ျဖစ္သြားပါလိမ့္မယ္။ လူတစ္ဦးနဲ႔မိနစ္ ၂၀အထိ စကားေျပာလို႔ရပါတယ္။

ဒီ Appေပၚမွာေတာ့ မ်ားေသာအားျဖင့္ အိႏၵိယ လူမ်ိဳးေတြကို ေတြ႕ရတတ္ပါတယ္။ သူတို႔က အဂၤလိပ္စကားေျပာ ေတာ္ေတာ္ေလ့က်င့္ပုံရပါတယ္။ အျခားႏိုင္ငံက လူေတြနဲ႔လည္း တစ္ခါတစ္ရံ ႀကဳံရႏိုင္ေပမယ့္အိႏၵိယလူမ်ိဳးနဲ႔ေတြ႕တာေတာ့ မ်ားပါတယ္။ ဖုန္းေျပာသလို ေျပာ႐ုံပါပဲ။ ႐ုပ္လည္း မျမင္ရတဲ့အတြက္ ပုဇြန္ေတာင္ေဇးရွင္း မေကာင္းလဲ ရွက္စရာမလိုပါဘူး။

 


(၂) Speaklar (https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 31 07


ဒီ App လည္း သုံးလို႔ေကာင္းပါတယ္။ ဒီ App ေပၚမွာလည္း အိႏၵိယ လူမ်ိဳးေတြမ်ားပါတယ္။ ဒါေပမယ့္သူတို႔အားလုံး ေတာ္ေတာ္မ်ားမ်ား အဂၤလိပ္လို အေျခခံ ေျပာတတ္ၾကပါတယ္။ ဒီ App မွာေတာ့ Level-1
Speaker နဲ႔ Verified Speaker ဆိုၿပီးရွိပါတယ္။ကိုယ္က သိပ္မေျပာတတ္ဘူးဆိုရင္ ကိုယ့္လိုမ်ိဳးသိပ္မေျပာတတ္တဲ့သူေတြကို Level-1 Speaker မွာ ေတြ႕ႏိုင္ပါတယ္။ ကိုယ္က နည္းနည္းေျပာတတ္ေနၿပီဆိုရင္ေတာ့ Verified Speaker နဲ႔ ေျပာပါ။

 

 

(၃) Wakie Community (https://play.google.com/store/apps/details)

Screenshot from 2020 01 11 13 29 35

 

ဒီ App ကေတာ့ စမ္းသုံးၾကည့္တာ မၾကာေသးပါဘူး။ သူကေတာ့ အေပၚက App ေတြထက္ နည္းနည္းပိုက်ယ္ျပန႔္ပါတယ္။ ကိုယ္နဲ႔ ဝါသနာတူ လူေတြနဲ႔ စကားေျပာႏိုင္မယ့္ App လည္း ျဖစ္ပါတယ္။

Audio Call ေျပာ လို႔ရသလို Text Chat ပုံစံမ်ိဳးလည္း ေျပာလို႔ရပါတယ္။ App ကို ဖြင့္လိုက္ရင္အေပၚဆုံးမွာ စကားေျပာခ်င္တဲ့ သူနဲ႔ သူတို႔ ေျပာခ်င္တဲ့ အေၾကာင္းအရာေတြကို ေတြ႕ရ ပါလိမ့္မယ္။ အဲ့ဒီမွာ ကိုယ္ေျပာခ်င္တာနဲ႔ က ိုက္တယ္ ဆိုရင္ Call Button အစိမ္းေရာင္ေလးကို ႏွိပ္လိုက္႐ုံပါပဲ။ ဒီ Application ေလးေတြနဲ႔ အဂၤလိပ္စကားေျပာ ေလ့က်င့္လို႔ရပါတယ္။ အဂၤလိပ္စကားေျပာေလ့က်င့္ ေနသူေတြ အတြက္ အသုံးဝင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

 


Credit : မိုးရွင္း (I.M.T)

Read times Last modified on Saturday, 11 January 2020 13:55
Rate this articles
(0 votes)