×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 09 October 2020

အလွယ်ဆုံး အင်္ဂလိပ်စကားများ

အလွယ်ဆုံး အင်္ဂလိပ်စကားများ

ကုမ္ပဏီသို့ရောက်လာတဲ့ နိုင်ငံခြားသား ဧည့်သည်များကို မြင်လိုက်သည်နှင့် ဒူးမတုန်သွားပါနဲ့။ ရဲရဲကြီး သွားရောက်ရင်ဆိုင်လိုက်ပါ။ တံခါးတွန်းဝင်လာသော ဧည့်သည်အား ပြုံးရွှင်သောမျက်နှာဖြင့် "Good Morning", "Good Afternoon" (သို့မဟုတ်) "Hello" ဟု နှုတ်ခွန်းဆက်သပြီး . . .



ဘာများကူညီပေးရမလဲဟု မေးလိုလျှင်
ဘာကူညီရပါမလဲ - Can I help you? (or) What can I do for you?

 

ဧည့်သည်အား အထဲသို့ ဝင်ခိုင်းလိုလျှင်
ကျေးဇူးပြု၍ အထဲကိုကြွပါ - Please come in.

 

ဧည့်သည်အား ကုလားထိုင်ရှိရာသို့ညွှန်ပြပြီး ထိုင်ခိုင်းလိုလျှင်
ကျေးဇူးပြု၍ထိုင်ပါ - Please have a seat?

 

ဧည့်သည်အား ခဏစောင့်ဆိုင်းစေလိုလျှင်
ကျေးဇူးပြု၍ ခဏစောင့်ပါ - Just a minute, please. (or) One moment, please.

 

ဧည့်သည်အား (မန်နေဂျာရှိရာ ရုံးခန်းသို့) ဦးဆောင်ခေါ်လိုလျှင်
ဒီဘက်ကြွပါ - This way, please.

 

(မန်နေဂျာ)ရုံးခန်းရှေ့တွင် ဧည့်သည်အား ပြောရမည့်စကား
( - -)ဒီမှာပါပဲ - Here he is.
အထဲဝင်သွားပါ - Please step in.

 

မန်နေဂျာအလုပ်များနေသည်ဟု ဧည့်သည်အား ပြောလိုလျှင်
လောလောဆယ် မန်နေဂျာအလုပ်များနေတယ် - The manager is busy at the moment.
မန်နေဂျာ အပြင်သွားတယ် - I'm sorry, he's out.
မှာစရာရှိရင် မှာခဲ့ပါလား - Would you like to leave a message? (or) May I take a message?
နောက်တစ်ခေါက်မှ ပြန်လာပါလား - Would you mind coming back later?

 

ဧည့်သည်၏ အမည်ကိုမေးလိုလျှင်
နာမည်ဘယ်လိုခေါ်ပါသလဲ - May I know your name?

 

နာမည်စာလုံးမပေါင်းတတ်လျှင်
ဘယ်လိုစာလုံးပေါင်းရပါသလဲ - How do you spell?

ဧည့်သည်က စာလုံးပေါင်းနေစဉ် အသံဆင်တူသော စာလုံးများဖြစ်ကြသည့် Pနှင့်B, Mနှင့်N, Tနှင့်D တို့ကို သဲသဲကွဲကွဲမေးလိုလျှင် - "T" လား "D" - T (or) D

 

ဧည့်သည်၏ တယ်လီဖုန်းနံပါတ် တောင်းလိုလျှင်
ဖုန်းနံပါတ်လေး သိပါရစေ - May I know your phone number?

 

ဧည့်သည်လိပ်စာတောင်းလိုလျှင်
လိပ်စာလေးသိပါရစေ - May I know your address?
ဘယ်သူလာတယ်လို့ ပြောလိုက်ရပါမလဲ - Whom shall I say came?

 

မန်နေဂျာကို စောင့်လိုပါသလားဟု မေးလိုလျှင်
သူ့ကိုစောင့်ဆိုင်းလိုပါသလား - Would you like to wait for him?

 

ဧည့်သည်က ဖုန်းခဏဆက်ချင်တယ်ပြောသော်လည်း ဖုန်းပျက်နေလျှင်
ဖုန်းပျက်နေပါတယ် - The phone is out of order.

 

မန်နေဂျာသည် ဧည့်သည်နှင့်ထက်တွေ့ရန် အစီအစဉ်ရှိလျှင်
မန်နေဂျာ လာပါလိမ့်မယ် - He'll be with you in a moment.

 

မန်နေဂျာက ဧည့်သည်အား သူထံသို့ခေါ်လာခိုင်းသဖြင့် ဧည့်သည်အား သွားခေါ်လျှင်
မန်နေဂျာသင်နဲ့တွေ့ဖို့ဆောင်နေပါတယ် - The manager is expecting you.

 

ဧည့်သည်ပြောတာ သဲသဲကွဲကွဲမကြားလျှင်
ဘာပြောလိုက်တာပါလဲရှင် - Pardon (or) I beg your pardon (or) Excuse me (or) Sorry.

 

ဧည့်သည်က ကျေးဇူးတင်လျှင် တုန့်ပြန်ရမည့်စကား
ဧည့်သည် - Thank you very much!
ဝန်ထမ်း - You're welcome.

 

အင်္ဂလိပ်စကား ရဲရဲဝံ့ဝံ့ပြောနိုင်ကြပါစေ။

 

 

အလြယ္ဆံုး အဂၤလိပ္စကားမ်ား

ကုမၸဏီသို႔ေရာက္လာတဲ့ ႏိုင္ငံျခားသား ဧည့္သည္မ်ားကို ျမင္လိုက္သည္ႏွင့္ ဒူးမတုန္သြားပါနဲ႔။ ရဲရဲႀကီး သြားေရာက္ရင္ဆိုင္လိုက္ပါ။ တံခါးတြန္း၀င္လာေသာ ဧည့္သည္အား ၿပံဳးရႊင္ေသာမ်က္ႏွာျဖင့္ "Good Morning", "Good Afternoon" (သို႔မဟုတ္) "Hello" ဟု ႏႈတ္ခြန္းဆက္သၿပီး . . .


ဘာမ်ားကူညီေပးရမလဲဟု ေမးလိုလွ်င္
ဘာကူညီရပါမလဲ - Can I help you? (or) What can I do for you?

 

ဧည့္သည္အား အထဲသို႔ ၀င္ခိုင္းလိုလွ်င္
ေက်းဇူးျပဳ၍ အထဲကိုၾကြပါ - Please come in.

 

ဧည့္သည္အား ကုလားထိုင္ရွိရာသို႔ညႊန္ျပၿပီး ထိုင္ခိုင္းလိုလွ်င္
ေက်းဇူးျပဳ၍ထိုင္ပါ - Please have a seat?

 

ဧည့္သည္အား ခဏေစာင့္ဆိုင္းေစလိုလွ်င္
ေက်းဇူးျပဳ၍ ခဏေစာင့္ပါ - Just a minute, please. (or) One moment, please.

 

ဧည့္သည္အား (မန္ေနဂ်ာရွိရာ ရံုးခန္းသို ႔) ဦးေဆာင္ေခၚလိုလွ်င္
ဒီဘက္ၾကြပါ - This way, please.

 

(မန္ေနဂ်ာ)ရံုးခန္းေရွ႕တြင္ ဧည့္သည္အား ေျပာရမည့္စကား
( - -)ဒီမွာပါပဲ - Here he is.
အထဲ၀င္သြားပါ - Please step in.

 

မန္ေနဂ်ာအလုပ္မ်ားေနသည္ဟု ဧည့္သည္အား ေျပာလိုလွ်င္
ေလာေလာဆယ္ မန္ေနဂ်ာအလုပ္မ်ားေနတယ္ - The manager is busy at the moment.
မန္ေနဂ်ာ အျပင္သြားတယ္ - I'm sorry, he's out.
မွာစရာရွိရင္ မွာခဲ့ပါလား - Would you like to leave a message? (or) May I take a message?
ေနာက္တစ္ေခါက္မွ ျပန္လာပါလား - Would you mind coming back later?

 

ဧည့္သည္၏ အမည္ကိုေမးလိုလွ်င္
နာမည္ဘယ္လိုေခၚပါသလဲ - May I know your name?

 

နာမည္စာလံုးမေပါင္းတတ္လွ်င္
ဘယ္လိုစာလံုးေပါင္းရပါသလဲ - How do you spell?

 

ဧည့္သည္က စာလံုးေပါင္းေနစဥ္ အသံဆင္တူေသာ စာလံုးမ်ားျဖစ္ၾကသည့္ Pႏွင့္B, Mႏွင့္N, Tႏွင့္D တို႔ကို သဲသဲကြဲကြဲေမးလိုလွ်င္ - "T" လား "D" - T (or) D

 

ဧည့္သည္၏ တယ္လီဖုန္းနံပါတ္ ေတာင္းလိုလွ်င္
ဖုန္းနံပါတ္ေလး သိပါရေစ - May I know your phone number?

 

ဧည့္သည္လိပ္စာေတာင္းလိုလွ်င္
လိပ္စာေလးသိပါရေစ - May I know your address?
ဘယ္သူလာတယ္လို႔ ေျပာလိုက္ရပါမလဲ - Whom shall I say came?

 

မန္ေနဂ်ာကို ေစာင့္လိုပါသလားဟု ေမးလိုလွ်င္
သူ႔ကိုေစာင့္ဆိုင္းလိုပါသလား - Would you like to wait for him?

 

ဧည့္သည္က ဖုန္းခဏဆက္ခ်င္တယ္ေျပာေသာ္လည္း ဖုန္းပ်က္ေနလွ်င္
ဖုန္းပ်က္ေနပါတယ္ - The phone is out of order.

 

မန္ေနဂ်ာသည္ ဧည့္သည္ႏွင့္ထက္ေတြ႕ရန္ အစီအစဥ္ရွိလွ်င္
မန္ေနဂ်ာ လာပါလိမ့္မယ္ - He'll be with you in a moment.

 

မန္ေနဂ်ာက ဧည့္သည္အား သူထံသုိ႔ေခၚလာခိုင္းသျဖင့္ ဧည့္သည္အား သြားေခၚလွ်င္
မန္ေနဂ်ာသင္နဲ႔ေတြ႕ဖို႔ေဆာင္ေနပါတယ္ - The manager is expecting you.

 

ဧည့္သည္ေျပာတာ သဲသဲကြဲကြဲမၾကားလွ်င္
ဘာေျပာလိုက္တာပါလဲရွင္ - Pardon (or) I beg your pardon (or) Excuse me (or) Sorry.

 

ဧည့္သည္က ေက်းဇူးတင္လွ်င္ တုန္႔ျပန္ရမည့္စကား
ဧည့္သည္ - Thank you very much!
၀န္ထမ္း - You're welcome.

 

အဂၤလိပ္စကား ရဲရဲ၀ံ့၀ံ့ေျပာႏိုင္ၾကပါေစ။

Read times
Rate this articles
(1 Vote)