×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 01 November 2017

မွန္ကန္တဲ့ Tense (ၾကိယာကာလ) ကို အသံုးျပဳနိုင္ဖို႔ အၾကံျပဳခ်က္ ၃ ရပ္

မွန္ကန္တဲ့ Tense (ၾကိယာကာလ) ကို အသံုးျပဳနိုင္ဖို႔ အၾကံျပဳခ်က္ ၃ ရပ္ google.com

Verb ၾကိယာ ရဲ႕ Tense ကာလကို ၾကည့္ရင္ အဲ့ဒီၾကိယာက ေဖာ္ျပတဲ့ လုပ္ရပ္ ဘယ္အခ်ိန္မွာ ျဖစ္ပြားခဲ့ တယ္ဆိုတာ သိနိုင္ပါတယ္။ အဂၤလိပ္သဒၵါနဲ႕ စာအေရးအသားကို ေကာင္းေကာင္းနားလည္ သေဘာေပါက္ ဖို႔ tense (ၾကိယာကာလ) အသီးသီးကို ခြဲျခားသိရမယ္။ ဘယ္အခ်ိန္မွာ ဘယ္ tense ကုိသံုးတယ္ဆိုတာကို သိရပါမယ္။ ေအာက္မွာ အၾကံျပဳခ်က္ေလးေတြ ေဖာ္ျပေပးထားပါတယ္။

၁။ Tense တစ္ခုစီရဲ႕ အသံုးအႏွုန္းကို သိရမယ္။

Verb ၾကိယာေတြမွာ အေျခခံ tense သံုးခုရွိတယ္။ Simple Present Simple Past ရိုးရိုးအတိတ္နဲ႕ simple future ရိုးရိုးအနာဂတ္တို႔ ျဖစ္တယ္။ Simple present tense အတြက္ verb form ၾကိယာပံုစံကေတာ့ verb ရဲ႕ အေျခခံပံုစံပဲ ျဖစ္တယ္။ ဥပမာ ‘go’, ‘eat’, ‘walk’ ,’run’ ဆိုတာေတြ ျဖစ္တယ္။ အဲဒီ verb ေတြက ပစၥဳပၸန္မ်က္ေမွာက္မွာ ျဖစ္ပြားတဲ့ လုပ္ရပ္ကို ေဖာ္ျပတယ္။ Simple past tense ကေတာ့ အတိတ္ကာလမွာ ျဖစ္ပြားခဲ့တဲ့ လုပ္ရပ္ကို ေဖာ္ျပတယ္။ Simple future tense ကေတာ့ အနာဂတ္မွာ လုပ္မယ့္ လုပ္ရပ္ကို ေဖာ္ျပတယ္။

အျခား tense ေတြလည္း ရွိေသးတယ္။ ဥပမာ perfect tense ျပီးစီးမွဳျပ၊ the progressive tense ျဖစ္ဆဲျပ၊ perfect progressive tense ျဖစ္ဆဲျဖစ္ခဲ့ျပီးျပတာေတြ ျဖစ္ပါတယ္။ အဲ့ဒီ tense ေတြအကုန္ လံုးကို ေဆြးေႏြးရမယ္ဆိုရင္ ေတာ္ေတာ္ကို ရွဳပ္ေထြးသြားနိုင္တယ္။ ဒါေၾကာင့္ စနစ္တက် ေသခ်ာေလ့လာ ထားပါ။

Recommended for you - တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်များ

၂။ Tense အေျပာင္းအလဲေတြကို သတိျပဳပါ။

ဝါက် ဒါမွမဟုတ္ စာပိုဒ္အတြင္းမွာ tense ေတြ ေျပာင္းလဲေနတာကို စစ္ေဆးပါ။ ေယဘုယ်စည္းမ်ဥ္းအေန နဲ႕ အသံုးျပဳေနတဲ့ verb tense က ဝါက်ဒါမွမဟုတ္ စာပိုဒ္ တစ္ခုတည္းအတြင္းတစ္ညီတစ္ညြတ္တည္း ျဖစ္ရတယ္။ “We had eaten (past perfect tense) dinner, and then we talked (simple past entse)” “စားေသာက္ျပီးခဲ့ျပီးေနာက္ စကားေျပာခဲ့သည္” လို႔ ေရးမယ့္အစား , “We ate (simple past tense) dinner, and then we talked (simple past tense)” “စားေသာက္ခဲ့ျပီးေနာက္ စကားေျပာခဲ့သည္ ” လို႔ ေရးသင့္တယ္။

၃။ Tense တစ္ခုစီအတြက္ Verb Form ၾကိယာပံုစံေတြကို ေလ့လာထားပါ။

Verb ၾကိယာေတြက Tense ကာလမတူရင္ စာလံုးေပါင္းလည္း ေျပာင္းတတ္တယ္။ ဒါေၾကာင့္ tense ကာလတစ္ခုစီအတြက္ Verb Form ၾကိယာပံုစံေတြကို ပိုင္နိုင္ေအာင္ ေလ့လာထားသင့္တယ္။ Simple Past tense အတြက္ အေထြေထြစည္းမ်ဥ္းကေတာ့ Verb အဆံုးမွာ ‘ed’ ထည့္တာ ျဖစ္တယ္။ ဒါေပမယ့္ အားလံုးေတာ့ ‘ed’ ထည့္လို႔ မရဘူး။ future tense ေတြအတြက္ verb ေရွ႔မွာ ‘will’ ဒါမွမဟုတ္ ‘shall’ ထည့္ရမယ္။

Source; Myanmar-network.net

[Unicode Version]

Verb ကြိယာ ရဲ့ Tense ကာလကို ကြည့်ရင် အဲ့ဒီကြိယာက ဖော်ပြတဲ့ လုပ်ရပ် ဘယ်အချိန်မှာ ဖြစ်ပွားခဲ့ တယ်ဆိုတာ သိနိုင်ပါတယ်။ အင်္ဂလိပ်သဒ္ဒါနဲ့ စာအရေးအသားကို ကောင်းကောင်းနားလည် သဘောပေါက် ဖို့ tense (ကြိယာကာလ) အသီးသီးကို ခွဲခြားသိရမယ်။ ဘယ်အချိန်မှာ ဘယ် tense ကိုသုံးတယ်ဆိုတာကို သိရပါမယ်။ အောက်မှာ အကြံပြုချက်လေးတွေ ဖော်ပြပေးထားပါတယ်။
၁။ Tense တစ်ခုစီရဲ့ အသုံးအနှုန်းကို သိရမယ်။
Verb ကြိယာတွေမှာ အခြေခံ tense သုံးခုရှိတယ်။ Simple Present Simple Past ရိုးရိုးအတိတ်နဲ့ simple future ရိုးရိုးအနာဂတ်တို့ ဖြစ်တယ်။ Simple present tense အတွက် verb form ကြိယာပုံစံကတော့ verb ရဲ့ အခြေခံပုံစံပဲ ဖြစ်တယ်။ ဥပမာ ‘go’, ‘eat’, ‘walk’ ,’run’ ဆိုတာတွေ ဖြစ်တယ်။ အဲဒီ verb တွေက ပစ္စုပ္ပန်မျက်မှောက်မှာ ဖြစ်ပွားတဲ့ လုပ်ရပ်ကို ဖော်ပြတယ်။ Simple past tense ကတော့ အတိတ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်ကို ဖော်ပြတယ်။ Simple future tense ကတော့ အနာဂတ်မှာ လုပ်မယ့် လုပ်ရပ်ကို ဖော်ပြတယ်။
အခြား tense တွေလည်း ရှိသေးတယ်။ ဥပမာ perfect tense ပြီးစီးမှုပြ၊ the progressive tense ဖြစ်ဆဲပြ၊ perfect progressive tense ဖြစ်ဆဲဖြစ်ခဲ့ပြီးပြတာတွေ ဖြစ်ပါတယ်။ အဲ့ဒီ tense တွေအကုန် လုံးကို ဆွေးနွေးရမယ်ဆိုရင် တော်တော်ကို ရှုပ်ထွေးသွားနိုင်တယ်။ ဒါကြောင့် စနစ်တကျ သေချာလေ့လာ ထားပါ။

Recommended for you - တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်များ
၂။ Tense အပြောင်းအလဲတွေကို သတိပြုပါ။
ဝါကျ ဒါမှမဟုတ် စာပိုဒ်အတွင်းမှာ tense တွေ ပြောင်းလဲနေတာကို စစ်ဆေးပါ။ ယေဘုယျစည်းမျဉ်းအနေ နဲ့ အသုံးပြုနေတဲ့ verb tense က ဝါကျဒါမှမဟုတ် စာပိုဒ် တစ်ခုတည်းအတွင်းတစ်ညီတစ်ညွတ်တည်း ဖြစ်ရတယ်။ “We had eaten (past perfect tense) dinner, and then we talked (simple past entse)” “စားသောက်ပြီးခဲ့ပြီးနောက် စကားပြောခဲ့သည်” လို့ ရေးမယ့်အစား , “We ate (simple past tense) dinner, and then we talked (simple past tense)” “စားသောက်ခဲ့ပြီးနောက် စကားပြောခဲ့သည် ” လို့ ရေးသင့်တယ်။
၃။ Tense တစ်ခုစီအတွက် Verb Form ကြိယာပုံစံတွေကို လေ့လာထားပါ။
Verb ကြိယာတွေက Tense ကာလမတူရင် စာလုံးပေါင်းလည်း ပြောင်းတတ်တယ်။ ဒါကြောင့် tense ကာလတစ်ခုစီအတွက် Verb Form ကြိယာပုံစံတွေကို ပိုင်နိုင်အောင် လေ့လာထားသင့်တယ်။ Simple Past tense အတွက် အထွေထွေစည်းမျဉ်းကတော့ Verb အဆုံးမှာ ‘ed’ ထည့်တာ ဖြစ်တယ်။ ဒါပေမယ့် အားလုံးတော့ ‘ed’ ထည့်လို့ မရဘူး။ future tense တွေအတွက် verb ရှေ့မှာ ‘will’ ဒါမှမဟုတ် ‘shall’ ထည့်ရမယ်။
Source; Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:29
Rate this articles
(0 votes)