×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 16 January 2018

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ google.com





English Thaddar

english thaddar




lite


Shwe English Lessons

shwe english








[Unicode Version]

အင်္ဂလိပ်စာကို လေ့လာနေသူတွေအတွက် ဖုန်းထဲကနေ အလွယ်တကူလေ့လာနိုင်မယ့် application လေးတွေကို ညွှန်းပေးချင်ပါတယ်။

Offline Grammar for Myanmar

offline grammar for myanamr

အင်္ဂလိပ်စာသဒ္ဒါကို မိုဘိုင်းဖုန်းကနေ အလွယ်တကူလေ့လာနိုင်မယ့် app ဖြစ်ပါတယ်။ Intermediate အဆင့်ထိလေ့လာချင်သူတွေအတွက် သဒ္ဒါဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့ အသံဖိုင်တွေကို နားဆင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ သဒ္ဒါဆိုင်ရာရှင်းလင်းချက်အခန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြီး အသံဖိုင်တွေကိုလည်း offline အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာသုံးနိုင်မှာ ဖြစ်ပြီး playstore ကနေ အခမဲ့ download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

English Thaddar

english thaddar

ပြည်တွင်းမှ အင်္ဂလိပ်ဘာသာစကားလေ့လာသူများ ဆောင်ထားသင့်တဲ့ app ဖြစ်ပါတယ်။ အင်္ဂလိပ်သဒ္ဒါ၊ စကားပြောနှင့် ဝေါဟာရများအကြောင်းကို ကဏ္ဍအလိုက် မြန်မာလိုလေ့လာနိုင်မှာဖြစ်ပြီး အမေးအဖြေပုံစံနဲ့ လည်း မိမိနားလည်ထားတာတွေကို လေ့ကျင့်နိုင်ရန် ဖန်တီးပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။

Recommended for you - ထိပ်ဆုံးရောက်ချင်တာလား ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ပြီးသွားပြီလား

အင်္ဂလိပ်စကားပြော (Lite)

lite

Say it Right အင်္ဂလိပ်စကားပြော မူရင်းစာအုပ်နဲ့ အသံဖိုင်များကို မိုဘိုင်း app မှ လေ့လာနိုင်ရန်ဖန်တီး ထားတဲ့ app ဖြစ်ပါတယ်။ Say it Right မထမတွဲစာအုပ်ပါ အကြောင်းအရာတွေကို မြန်မာဘာသာနဲ့ ဘာသာပြန်ဆိုပေးထားပြီး စကားပြောအသုံးအနှုန်း၊ ရှင်းလင်းချက်တွေကို အသံနဲ့တကွ လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေအတွက် တကယ်ကို လိုအပ်တဲ့ app တစ်ခုဖြစ်ပါတယ်။

Shwe English Lessons

shwe english

အင်္ဂလိပ်ဘာသာစကားကို လေ့လာနေသူတိုင်း ဆောင်ထားသင့်တဲ့ app ဖြစ်ပါတယ်။ သဒ္ဒါဆိုင်ရာ ဝါစင်္ဂ ၈ ပါး ဖွင့်ဆိုချက်၊ Verb to be, Verb to do ဝါကျတည်ဆောက်ပုံ၊ ဝေါဟာရ၊ အခြေခံစကားပြော ပုံစံတွေနဲ့ လွယ်ကူတဲ့ စကားပြောပုံစံတွေကို offline အနေနဲ့ လေ့လာနိုင်ရန် ဖန်တီးထားပါတယ်။ ဒါ့အပြင် အင်္ဂလိပ်သီချင်း ၂၂ ပုဒ်ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ ထည့်သွင်းထားပြီး သီချင်းများမှ တစ်ဆင့်လည်း အင်္ဂလိပ်ဘာသာကို လေ့လာနိုင်မှာဖြစ်ပါတယ့်အတွက် တကယ်ကို အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။

Myanmar Speaks English

myanmar speaks englsih

အခြေအနေအမျိုးမျိုးအတွက် အပြန်အလှန် အင်္ဂလိပ်စကားပြောသင်ခန်းစာ ၁၀၀ ကို အသံနဲ့တကွ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ အသုံးများတဲ့ စကားစု ၁၀၀၀၊ စကားလုံး ၁၅၀၀ စတာတွေကို ကဏ္ဍ အလိုက်လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ မြန်မာစာစနစ်အတွက် ဇော်ဂျီ၊ ယူနီကုတ်၊ ဝင်းအင်းဝ၊ ယူနီဗမာဖောင့်တွေကို ထောက်ပံ့ပေးထားပါတယ်။ Offline အနေနဲ့လည်း လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် အရမ်းကို အဆင်ပြေတဲ့ app ဖြစ်ပါတယ်။

ဆရာနဲ့သေချာသင်ကြားချင်တယ်ဆိုရင် ဒီ link မှာရှိတဲ့ အင်္ဂလိပ်ဆရာ ဆရာမ များနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုရင် အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source:internetjournal

 

Read times Last modified on Friday, 03 January 2020 14:12
Rate this articles
(2 votes)