ဘာသာစကားအသစ်တစ်ခုကို သင်ယူတတ်မြောက်ဖို့ဆိုတာ ပန်းခြံထဲမှာ လမ်းလျှောက်သလိုမျိုး မလွယ်ကူပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင်က အမှန်တကယ်ကို တတ်မြောက်ချင်ပြီး ဇွဲရှိရှိနဲ့ ကြိုးစားမယ်ဆိုရင်တော့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာခြင်းကနေ သင့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ သိပြီးပြီလား။
၁။ ဘာသာစကားအသစ်တစ်ခုကို သင်ယူလေ့လာခြင်းက ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်ကူညီပေးပါတယ်။ စကားပြောလေ့ကျင့်သောအချိန်တွင် သင်ပြောချင်သော အကြောင်းအရာများကို ဖော်ပြနိုင်ဖို့အတွက် ဘယ်လိုစကားလုံးမျိုးကို ရွေးပြီး ဘယ်လို စာကြောင်းတည်ဆောက်ရမလဲဆိုတာကို သင့်ဦးနှောက်က လျင်လျင်မြန်မြန်ဆုံးဖြတ်ပေး ရပါတယ်။ ဒါတွေက သင့်ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်တွေကို တိုးတက်စေနိုင်မယ့် အထောက်အကူဖြစ်ပါတယ်။
၂။ ဘာသာစကားအသစ်တခုကို သင်ယူခြင်းဖြင့် သင့်ရဲ့အတွေးအခေါ်တွေကို ပိုမိုကျယ်ပြန့်လာ စေပါတယ်။ ထို့ပြင် သင်ရဲ့ အလုပ်အကိုင် (career) အခွင့်အလမ်းကို ရွေးချယ်ရာတွင်လည်း ပိုမိုများပြားသော အခွင့်အရေးကို ရရှိစေမှာဖြစ်ပါတယ်။
၃။ လူအများစုသည် သူတို့နှင့်မရင်းနှီးသော ယဉ်ကျေးမှုအသစ် ဘာသာစကားအသစ် တို့ကိုလေ့လာရခြင်းကို နှစ်သက်ကြပါတယ်။ အခြားလူများနှင့်စကားပြောဆိုရာတွင် ပိုမိုဆွဲဆောင်မှုရှိသောလူတစ်ယောက်အဖြစ် သင်အပေါ်၌ စိတ်ဝင်စားမှုရှိစေပါတယ်။
Recommended for you - အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်
၎။ ဘာသာစကားခြားနားမှုကိုသာ ဖယ်ရှားနိုင်မည်ဆိုလျှင် သင်သည် ကမ္ဘာကြီးနှင့် ပိုမိုဆက်သွယ် နိုင်ပြီး ခရီးသွားသည့်အခါတွင်လည်း ဒေသခံလူများနှင့်အဆက်အသွယ်ပြုလုပ်နိုင်ပြီး မတူညီသော အတွေ့အကြုံ များကို ရရှိစေနိုင်ပါတယ်။
၅။ ဘာသာစကားအသစ်တစ်ခုတတ်မြောက်ပြီးသွားပါက ထိုသို့တတ်မြောက်ရန် လေ့လာရမည့်နည်းလမ်း များကို သိမြင်သွားသောကြောင့် အခြားသော တိတယ၊ စတုတ္ထဘာသာစကားတို့ကို ထပ်မံလေ့လာရာတွင် လွယ်ကူသွားပါလိမ့်မယ်။ ဘာသာစကားအသစ်တစ်ခု တတ်မြောက်ပြီးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရရှိစေပါတယ်။
၆။ သိပ္ပံပညာရှင်များနှင့် သုတေသီများသည် ဦးနှောက်ကို ကြွက်သားများနှင့်တူသည်ဟု မကြာခဏ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်ုပ်တို့၏ဦးနှောက်သည် စကားလုံးအသစ်များ အကြောင်းအရာအသစ်များကို မှတ်မိရန် လေ့ကျင့်ပေးရပါတယ်။ ထိုသို့လေ့ကျင့်ပေးခြင်းဖြင့် သင့်ရဲ့ဦးနှောက်သည် ကြွက်သားများကဲ့သို့ ပိုမိုသန်မာလာစေပါတယ်။ မှတ်ဥာဏ်စွမ်းရည်လည်း တိုးတက်လာစေပါတယ်။
၇။ သင် သင်ယူတတ်မြောက်ထားသော ဘာသာစကားအသစ်တစ်ခုမှ ယဉ်ကျေးမှုအမွေအနှစ်များ နှင့်သင့်၏ကိုယ်ပိုင် ယဉ်ကျေးမှုအကြားခြားနားမှုတို့ကို လေ့လာမိစေပါတယ်။ ထိုအခါသင့်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံသမိုင်းကြောင်းတွေကိုပါ သိရှိနိုင်စေပါတယ်။
Ref: Lifehack
Recommended for you -