×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 24 April 2018

English စာအမြန်ဆုံးတတ်ချင်ရင်ဘာလုပ်ရမလဲ ? ? ?

English စာအမြန်ဆုံးတတ်ချင်ရင်ဘာလုပ်ရမလဲ ? ? ? google.com

ဒီမေးခွန်းကို လူတော်တော်များများ မေးကြလေ့ရှိပါတယ်။ အထူးသဖြင့် စာမေးပွဲတို့ အင်တာဗျူးတို့ ရှိနေလို့ အလျင်လိုနေကြတဲ့သူတွေ မေးလေ့ရှိတာပါ။ “၂လ ၃လ အတွင်း English စကားကျွမ်းအောင် ဘယ်လိုလုပ် ရမလဲ” ပေါ့။ ဘာသာစကားတစ်ခုကို လွယ်လွယ်နဲ့ မြန်မြန်တတ်ဖို့ ဆိုတာ ဖြစ်နိုင်လား ဆိုတော့ ဖြစ်နိုင်ပါတယ်။

စနစ်တကျ ဇွဲရှိရှိလုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် အချိန်တိုအတွင်း တတ်ချင်ရင်တော့ သူများတွေထက်၂ဆ ၃ဆ ပိုကြိုးစားရပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုနည်းလမ်းမျိုးတွေ သုံးမလဲ။ ဘယ်လိုမျိုး တိုးတက်အောင် လုပ်မလဲ။

၁. ရည်ရွယ်ချက်ပန်းတိုင်သတ်မှတ်ပါ

ဘာ့ကြောင့် English စာတတ်ချင်သလဲ။ စာမေးပွဲအောင်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်က တကယ့်ပန်းတိုင် အစစ် မဟုတ်ပါဘူး။ ပိုပြီးအဝေးဝေးကို ကြည့်ပါ။ English စာကျွမ်းကျင်တဲ့အတွက် ဘာတွေ ကိုယ့်အတွက် အကျိုးရှိလာ နိုင်လဲ? ၅ နှစ်အတွင်း ၁၀ နှစ်အတွင်း ကိုယ့်ဘဝ ဘယ်လိုပြောင်းလဲလာနိုင်လဲဆိုတာ တွေးပါ။ English စာမတတ်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို တွေးပါ။ English စာမတတ်လို့ ကိုယ်ဆုံးရှုံးသွား နိုင်တဲ့ အခွင့်အရေး တွေကိုတွေးပါ။ အဲ့ဒီ့အခါ ကြိုးစားလိုစိတ်တွေ အလိုလို ပေါ်လာပါလိမ့်မယ်။ရည်ရွယ် ချက် ကြီးကြီးထားခြင်းကသင့်ကိုအောင်မြင်မှုကြီးကြီးရအောင်တွန်းအားပေးပါလိမ့်မယ်။

Recommended for you - ပညာတော်သင်သွားမည့် ကျောင်းသူကျောင်းသားများအတွက် အကြံပေးချက်များ

၂. English စာနဲ့အမြဲထိတွေ့နေပါ

ဘာသာစကားတစ်ခုကို မြန်မြန်တတ်ချင်ရင် အမြဲထိတွေ့နေမှ ရမှာပါ။ အချိန်တိုအတွင်း တတ်ချင်ရင် Grammar တွေ vocabulary တွေကို လေ့လာနေတာနဲ့ အချိန်မဖြုန်းပါနဲ့။ အဲ့ဒီလိုလုပ်မယ့်အစား listening လုပ်တာတွေ စာအုပ်ဖတ်တာတွေနဲ့ အချိန်ဖြုန်းပါ။ နားယဉ်မှသာ အသံထွက်မှန်မှန် အသုံးအနှုန်းမှန်မှန် သုံးနိုင်မှာပါ။ စာအုပ်ဖတ်တဲ့အခါမှာလဲ လွယ်တဲ့စာအုပ်လေးတွေကို ရွေးပါ။ ကလေးပုံပြင်စာအုပ်လေးတွေ ရွေးဖတ်ပါ။ မြင့်တဲ့ဖတ်စာအုပ်ကြီးတွေဖတ်ပြီး dictionary ကြည့်တာနဲ့ အချိန်ကုန်မယ့် စာအုပ်တွေ မရွေးပါနဲ့။ ဖုန်းထဲမှာ listening lesson တွေထည့်ထားပြီး လမ်းသွားနေရင်းလဲနားထောင်ပါ။ online မှာ အလွယ်တကူ download လုပ်လို့ရပါတယ်။ ဘတ်စ်ကားစီးရင်းပဲ ဖြစ်ဖြစ်ဖတ်လို့ရအောင် စာအုပ်လေးတွေ ဆောင်သွားပါ။ အချိန်ကို အကျိုးရှိရှိအသုံးချပါ။

၃. စနစ်တကျလေ့လာမယ်

၂ လ ၃လ အတွင်း English စာကျွမ်းချင်ရင် တစ်နေ့မှာ ၈ နာရီကနေ ၁၄ နာရီလောက်အထိ reading and listening လုပ်ရပါလိမ့်မယ်။ တစ်မျိုးထဲကို အချိန်အကြာကြီးလုပ်နေရင် ငြီးငွေ့လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ၁နာရီလောက်စာဖတ်ပြီးရင် နောက်၁နာရီမှာ listening လုပ်ပါ ပြီးမှစာပြန်ဖတ်ပါ။ အလှည့်အပြောင်းလေးနဲ့ လုပ်တဲ့အခါ ပိုထိထိရောက်ရောက်တိုးတက်မှု ရှိလာတာတွေ့ရပါလိမ့်မယ်။ English စကားပြောပဲ ကျွမ်းဖို့ လိုအပ်တာ ဆိုရင်တော့ listening ကိုပိုလုပ်ပါ။ reading လုပ်တာကလဲအကျိုးရှိ ပါတယ်။ listening ၂ နာရီ လောက်လုပ်ပြီး reading ၁နာရီလောက်လုပ်ပေးရင်လုံလောက်ပါတယ်။ အချိန်တိုအတွင်း တတ်ဖို့မလိုဘူးဆိုရင်တော့ နေ့စဉ်၂ နာရီလောက် လေ့လာပေးရုံနဲ့ လုံလောက်ပါတယ်။ အလျင်လိုနေရင်တော့ အပေါ်ကနည်းလမ်းတွေကို လိုက်နာပြီး ကြိုးစားမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင် တက်လှမ်းနိုင်မှာပါ။

Source: Learn English Today

Recommended for you - အရေးမလုပ်တတ်ဖို့

Read times Last modified on Wednesday, 08 January 2020 11:36
Rate this articles
(3 votes)