×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 04 May 2018

"English စာ အရည်ချင်း ကောင်းမွန်ခြင်းက ဘွဲ့တခုနှင့် တန်ဖိုးခြင်းညီသလား?"

"English စာ အရည်ချင်း ကောင်းမွန်ခြင်းက ဘွဲ့တခုနှင့် တန်ဖိုးခြင်းညီသလား?" google.com

ဒီမေးခွန်းက အတော်လေးမေးလို့ ကောင်းတဲ့ မေးခွန်းပါ။ အင်္ဂလိပ်စာ ကောင်းမွန်ခြင်းက ဘွဲ့တခုနဲ့ တန်ဖိုးခြင်း ညီသလားပေါ့လေ။ သိပ်ကို ဖြေရတာ ကြပ်တဲ့မေးခွန်းဆိုလဲ မမှားဘူးဗျ။

ဒီအဖြေကို ဖြေရတဲ့အခါမှာ ရှုထောင့်အများကြီး ကွဲသွားလိမ့်မယ်ထင်တယ်ဗျ။ ယုံကြည်သက်ဝင်ရာ ဝါဒအပေါ်မူတည်ပြီး သတ်မှတ်ချက်က ကွာသွားလိမ့်မယ်ဗျ။ အသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်နဲ့ စံစနစ်အပေါ်မူတည်ပြီးလည်း ထပ်ပြီးကွဲကြဦးမယ် ထင်တယ်ဗျ။


ကျွန်တော့်အနေနဲ့ ဖြေပါဆိုရင်တော့ ဘွဲ့တခုထက် သာတောင် သာတယ်လို့ ပြောချင်မိတယ်ဗျ။ အကြောင်းကတော့ …


၁။ အင်္ဂလိပ်စာသည် ကမ္ဘာသုံး စကားဖြစ်နေခြင်း

အင်္ဂလိပ်စကားကို ကောင်းကောင်း နားလည်တတ်ကျွမ်းထားတဲ့သူက သိပ်ပြီး မတတ်ကျွမ်းတဲ့ သူနဲ့ ယှဉ်ရင် ကမ္ဘာကြီးနဲ့ ပိုလို့ အဆက်အသွယ်ရှိပါတယ်။ ကမ္ဘာကြီးရဲ့ အသိပညာ ဗဟုသုတတွေကို ဦးဆုံး စားသောက်ရကြပါတယ်။ အခြားတဖက်မှာကတော့ အင်္ဂလိပ်စာ မကောင်းတဲ့သူတွေက တဆင့်ခံ ဗဟုသုတတွေကိုသာ မြည်းစမ်းခွင့်ရကြပါတယ်။


၂။ အသစ်သစ်သော ဖန်တီးမှုတွေနဲ့ သုတေသနတွေကို များသောအားဖြင့် အင်္ဂလိပ်စာဖြင့် ပြုစုထားကြခြင်း

အပေါ်က အချက်မှာ ပြောခဲ့သလိုပါပဲ။ အင်္ဂလိပ်စာလဲ ကောင်းမယ် ၊ သုတစာပေတွေကိုလည်း လိုက်စားမယ်ဆိုရင် သုတေသနစာတမ်းတွေကို အများထက်ခြေတဖျား အသာနဲ့ အရင်ဆုံး သိနိုင်တတ်နိုင်ပါတယ်။


၃။ အင်္ဂလိပ်စကားတခု တတ်လျှင် ကမ္ဘာပတ်လို့ရခြင်း

အပေါ်က ၂ ချက်က လေးနက်တဲ့ဟာတွေဆိုတော့ ဒီအချက်မှာ သိပ်မလေးနက်တဲ့ ပေါ့ပေါ့ပါးပါး အားသာချက်ကို ပြောချင်တယ်ဗျ။ အမှန်ပါပဲ.. အင်္ဂလိပ်စကားပြောတတ်တာနဲ့ ကြိုက်တဲ့ နိုင်ငံ ပတ်လိုက်ပါ ၊ ကိုယ့်အတွက် အားမငယ်ရတော့ဘူးပေါ့။ နိုင်ငံအများစုမှာကလည်း အင်္ဂလိပ်စကားကို ပြောဆိုတတ်သူ အမြဲရှိတတ်ပါတယ်။ တရုတ်လိုနိုင်ငံမှာတောင် အင်္ဂလိပ်စကားတတ်ရင် မေးမြန်းသွားလာလို့ရပါတယ်။


၎။ အလုပ်ကိုင် အခွင့်လမ်းပိုမိုသာခြင်း

အင်္ဂလိပ်စာ ကောင်းကောင်းမရတဲ့ သူတယောက်က အရည်ချင်းရှိစေဦးတော့ ၊ လက်ရည်တူခြင်း ယှဉ်လာတဲ့အခါ အင်္ဂလိပ်စာ ကောင်းသူက နှာတဖျား သာသာ သွားတတ်ပါတယ်။ ဘွဲ့တခုရထားတဲ့သူနဲ့ အင်္ဂလိပ်စာကောင်းမွန်ပြီး ဘွဲ့မရထားသူ ယှဉ်လာရင်တောင် ဘွဲ့ရသူက ရာထူးကြီးနေပါစေဦးတော့ အရေးပါ အရာရောက်မှုမှာ အင်္ဂလိပ်စာကောင်းတဲ့သူက အနည်းငယ်သာနေတတ်ပါတယ်။


၅။ ဘာသာစကားဆိုတာလဲ အရည်ချင်းတခုဖြစ်နေခြင်း

နောက်ဆုံး အချက်အနေနဲ့ အင်္ဂလိပ်စာမှ မဟုတ်ပါဘူး။ ဘာသာစကားတိုင်းမှာလဲ ဒီလိုပါပဲ။ ဘာသာစကား တခုခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားတဲ့ သူတယောက်က မိခင်ဘာသာ လောက်ပဲ ပြောတတ်သူထက် သာကို သာနေတတ်ပါတယ်။


ဒီတော့က… အစက မေးခွန်းဖြစ်တဲ့ အင်္ဂလိပ်စာ အရည်ချင်း ကောင်းမွန်ခြင်းက ဘွဲ့တခုနှင့် တန်ဖိုးခြင်းညီသလား ဆိုရင်တော့ဖြင့် ဘွဲ့တခုထက်သာပါတယ်လို့ ပြောလိုက်ပါရစေ။ ဒီအခါမေးစရာဖြစ်လာတာက ပုဂံက တိုးဂိုက်လေးတွေက ဘွဲ့ရတယောက်ထက်သာလို့လားလို့ စောဒက တက်စရာရှိလာနိုင်ပါတယ်။


ကောင်းပါပြီ မိတ်ဆွေ… သင့်ရဲ့ ကြီးမားလှတဲ့ ဘွဲ့လက်မှတ်ကို ကိုင်ပြီး တိုးဂိုက်လုပ်ကြည့်လိုက်ပါ။ ကွာခြားချက်ကို တွေ့မြင်လာရလိမ့်မယ်။

အင်္ဂလိပ်စာလည်းကောင်းမယ် သင့်အရည်အချင်းကို ထောက်ခံပေးနိုင်တဲ့ဘွဲ့ရယ် နှစ်ခုပေါင်းကျွမ်းကျင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...

Source: lunge.media

Read times Last modified on Wednesday, 08 January 2020 11:59
Rate this articles
(4 votes)