×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Tuesday, 13 June 2017

သင့်ကလေးကျောင်းနေပျော်ပြီး စာတော်စေဖို့ နည်းလမ်း (၇) ခု

သင့်ကလေးကျောင်းနေပျော်ပြီး စာတော်စေဖို့ နည်းလမ်း (၇) ခု Google.com

၁. ကျန်းမာစေမယ့် အလေ့အကျင့်ကောင်းတွေကို တွန်းအားပေးပါ။

ဘောလုံးကစားခြင်း၊ တင်းနစ်ကစားခြင်း၊ ရေကူးခြင်း စတာတွေ ကလေးငယ်က လုပ်ချင်တယ်ဆိုရင် မတားမြစ်ပါနဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုရင် မိဘက ဘေးကနေ ကြပ်မတ်ပေးပါ။ ကလေးဆိုတာ ကစားလေ ဉာဏ်ရွှင်လေ ဖြစ်ပါတယ်။

၂. ၀မ်းနည်းချိန်မှာ စိတ်ဓာတ်မကျအောင် လမ်းပြပါ။

ကလေးငယ်တွေရဲ့ နှလုံးသားမှာ အရွယ်တူချင်း ပြိုင်ဆိုင်မှု ပြင်းထန်တတ်ပါတယ်။ ကျောင်းထဲမှာ၊ မိသားစု ပတ်ဝန်းကျင်နဲ့ နီးစပ်ရာမှာ အစစ အသာလိုချင်ကြပါတယ်။ အဲဒီလို အသာမရရင်လည်း ၀မ်းနည်းပက်လက် ငိုတတ်ပါတယ်။ ဒါကို စိတ်ဓာတ်မကျအောင် သင်ပြဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။

၃. နေ့လည်စာထမင်းဘူး စီစဉ်ပေးပါ။

ကလေးတွေဟာ ဆာပြီဆိုရင်လည်း တစ်ခြား ဘာမှ စိတ်မ၀င်စားပါဘူး။ စားလိုရာကို စားလိုက်ရမှ သင်ကြားရေးမှာလည်း ထိရောက်ပါတယ်။ စာကိုလည်း ပိုပြီး စိတ်ဝင်စားပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၎. နေရာပေးပါ။

ကလေးငယ်တွေကို ဦးစားပေးပါ၊ ချီးမြှောက်သင့်သလောက် ချီးမြှောက်ပါ၊ အလိုလိုက်သင့်သလောက် လိုက်ပါ။

၅. စာဖတ်ပါစေ ဖတ်ချင်သလောက် ဖတ်ပါစေ။

အလွတ်ကျက်စနစ်ထက်စာရင် စာကိုနားလည်အောင် ဖတ်ပြီး မှတ်တဲ့စနစ်က ရေရှည်မှာ ထိရောက်မှုရှိပါတယ်။ ဒီတော့ သင့်ကလေး စာဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်ဖို့လိုသလို နည်းလမ်းတကျဖြစ်ဖို့လည်း ဘေးကနေ Guide လုပ်ပေးပါ။

၆. သင်ယူချင်စိတ်ကို နှိုးဆွပါ၊ စိတ်တက်ကြွဖွယ်ပုံပြင်တွေ ပြောပေးပါ။

ကလေးငယ်တွေဟာ သင်ရင် တတ်လွယ်ပါတယ်။ ဒီတော့ သင်ကြားချင်စိတ်ဖြစ်အောင်၊ မပျင်းရိအောင်၊ စိတ်ကို ပေါ့ပေါ့ပါးပါးနဲ့ သင်ယူချင်စိတ်ဖြစ်အောင် ဖန်တီးပေးဖို့လိုပါတယ်။ ပုံပြင်ပြောခြင်းဟာလည်း သင့်ကလေးကို စိတ်ဓာတ်ခွန်အား တိုးပွားစေပါတယ်။

၇. ဦးဆောင်ပါစေ။

အလုပ်တစ်ခုခုကို သူက ဦးဆောင်ပြီး လုပ်လိုတဲ့အခါ ဘေးကနေ ကြပ်မတ်တဲ့သဘောမျိုးနဲ့သာ သင်တို့က ပါဝင်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်ကလေးဟာ တစ်ခြားကလေးတွေထက် ယုံကြည်မှု ပိုလာပါလိမ့်မယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 13:27
Rate this articles
(1 Vote)