×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 18 January 2019

သင့်ရဲ့  ဝါသနာကို ဘယ်လိုဖော်ထုတ်ကြမလဲ

ကျွန်ုပ်တို့သည် နေ့စဉ် ရှုပ်ထွေးလှသောလူနေမှုပတ်ဝန်းကျင်တွင် ကျင်လည်နေကြသည့်အတွက် တစ်ခါတစ်ရံ မိမိတို့ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုတွေဟာ ပျောက်ဆုံးသွားတတ်ကြပါတယ်။

ဝါသနာပျောက်ဆုံးသွားလျှင် မိမိတို့၏လူနေမှုဘဝတွင် တိုးတက်မှု ပျော်ရွှင်မှုများပျောက်ဆုံးနိုင်ပြီး အောင်မြင်သောဘဝတခုကို အလွယ်တကူရရှိနိုင်မှာ မဟုတ်ပါဘူး။ ဖော်ပြပေးထားတဲ့ နည်းလမ်းလေးတွေကိုအသုံးပြုပြီး သင့်ရဲ့ဝါသနာကိုဖော်ထုတ်ကြည့်လိုက်ပါ။

ဝါသနာတွေကိုစတင်ဖော်ထုတ်ရာတွင် ကလေးဘဝကလုပ်ဆောင်ခဲ့တဲ့အရာတွေ ချစ်မြတ်နိုးတဲ့အရာတွေကို ပြန်လည်ဆန်းစစ်ပါ။ ထိုအရာများကို တစ်ခေါက်လောက်ပြန်လည်လုပ်ဆောင်ကြည့်ခြင်းဖြင့် သင့်ရဲ့ဝါသနာ စိတ်ဝင်စားမှုကို သတိထားမိနိုင်ပါတယ်။

အိပ်ယာမဝင်ခင် သင်ရဲ့ တစ်နေ့တာလုပ်ဆောင်မှုများကို ချရေးထားပါ။ သင်နေ့တိုင်းလုပ်ဆောင်ဖြစ်သောအရာများကို ရှာဖွေပါ။ သင် စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတွေခံစားနေရချိန်တွင် လုပ်ဆောင်မိသည့် အရာများကိုစဉ်းစားပါ။

ဈေးဝယ်ထွက်သည့်အခါ သင်စိတ်ဝင်တစားကြည့်လေ့ရှိတဲ့အရာ ဒါမှမဟုတ် အမြဲဝယ်လေ့ရှိပြီး စုဆောင်းမိသည့်အရာများမှလည်း သင့်ရဲ့ဝါသနာကိုရှာဖွေနိုင်ပါတယ်။

သင့်ရဲ့စာအုပ်စင်မှစာအုပ်များကလည်း သင်မည့်သည့်အကြောင်းအရာများကို ပို၍ စိတ်ဝင်စားသည်ကို ဖော်ပြပေးလေ့ရှိပါတယ်။

သင့်ရဲ့ ထမင်းစားချိန်၊ အနားယူချိန်တွေကို မေ့သွားရလောက်တဲ့အထိ လုပ်ခဲ့ဖူးတဲ့အလုပ်လေးတွေကို ပြန်လည်တွေးတောပါ။

Source: bustle

Read times Last modified on Wednesday, 29 January 2020 11:29
Rate this articles
(1 Vote)