×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 31 January 2019

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ နည်းလမ်း (၅)ခု

လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခြင်းဟာ အလုပ်မှာအောင်မြင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေဟာ မိသားစုဝင်တွေပြီးရင် အချိန်အမျာစု ထိတွေ့ဆက်ဆံရသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ဖ်ာကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် နည်းလမ်း (၅)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပြေလည်ကောင်းမွန်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ရိုးသားပွင့်လင်းစွာ ဆက်ဆံဖို့ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ အဆင်ပြေပြေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နိုင်ဖို့အတွက် အပြန်အလှန်ရိုးသားပွင့်လင်းဖို့ လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် ဟန်ဆောင်မှုတွေနဲ့ ဆက်ဆံနေမယ်ဆိုရင် ပြေလည်တဲ့ဆက်ဆံရေးကို ရနိုင်မှာမဟုတ်ပါဘူး။

၂။ ခင်မင်စရာကောင်းအောင်နေပါ။

တစ်ခါတစ်လေမှာ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံပေမယ့်လည်း လုပ်ဖော်ကိုင်ဖက်တွေဆီကနေ လိုချင်တဲ့ တုံ့ပြန်မှုမျိုး မရတတ်ပါဘူး။ ဒီအခါမှာ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ လိုပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေမှာ အကူအညီပေးပါ။ သူတို့ဖက်က မတောင်းဆိုရင်တောင်မှ ကူညီပေးဖို့ အဆင်သင့်ရှိနေပါစေ။ ခင်မင်နှစ်လိုဖွယ်ရာကောင်းသူတစ်ယောက်ဖြစ်နိုင်အောင် ကြိုးစားပါ။

၃။ လေ့လာသင်ယူမှု ရှိပါစေ။

အလုပ်လုပ်တဲ့ လုပ်ငန်းခွင်ရဲ့ ဓလေ့ထုံးစံတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ရုံးတွင်းဆက်ဆံရေး သတ်မှတ်ချက်တွေကို လေ့လာပါ။ လိုက်နာပါ။ ဘယ်အချိန်မှာ စကားပြောရမလဲ၊ ဘယ်အချိန်မှာ ကော်ဖီသောက်အနားယူရမလဲ စသဖြင့် လေ့လာပါ။ လုပ်ငန်းခွင်ပြင်ပ လှုပ်ရှားမှုတွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လိုဆက်ဆံရမလဲ စဉ်းစားပါ။

၎။ အများစုစိတ်ဝင်စားတဲ့အရာကို ရှာဖွေပါ။

အလုပ်ထဲကို စ၀င်ခါစ လူသစ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် နေရခက်တာ ထုံးစံပါပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် အရင်းနှီးဆုံးသူငယ်ချင်းမိတ်ဆွေတွေဆိုတာကလည်း တစ်ချိန်တုန်းက သူစိမ်းတွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကို လက်ခံထားမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့က မခက်ခဲတော့ပါဘူး။ ဒါ့အပြင် အများစု စိတ်ဝင်စားကြတဲ့ အကြောင်းအရာကို လေ့လာပါ။ အိမ်မွေးခွေးတွေအကြောင်းလား၊ ရုပ်သံဇာတ်လမ်းတွဲလားစသဖြင့် အများစု စိတ်ဝင်စားတဲ့အကြောင်းအရာတွေ၊ ဒါမှမဟုတ် စိတ်ဝင်စားမှုတူညီတဲ့အရာတွေကို ပြောဆိုနိုင်အောင် ကြိုးစားပါ။ ဒါဟာ အချင်းချင်းဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေနိုငတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

၅။ ရာထူးပိုမြင့်တဲ့သူ ဒါမှမဟုတ် နိမ့်တဲ့သူတွေနဲ့ မိတ်ဖွဲ့ဖို့ကို မကြောက်ပါနဲ့။

လုပ်ငန်းခွင်ထဲမှာ ရာထူးအဆင့်အတန်းတူတဲ့သူအချင်းချင်းပဲ မိတ်ဖွဲ့ပြီး အဆင်ပြေအောင် ဆက်ဆံရမှာမဟုတ်ပါဘူး။ သင့်ထက် ရာထူးမြင့်တဲ့သူတွေရော ရာထူးနိမ့်တဲ့သူတွေနဲ့ပါ ရင်းနှီးဖို့ကိုလည်း ရည်ရွယ်ထားသင့်ပါတယ်။ လုပ်ငန်းခွင်အတွင်း တိုးတက်အောင်မြင်ဖို့အတွက် လူကြီးပိုင်းရဲ့ အားပေးကူညီမှုလိုအပ်သလို လက်အောက်ငယ်သားတွေရဲ့ ထောက်ခံမှုလည်း လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။


Credit: Gentleman

Read times Last modified on Wednesday, 29 January 2020 11:31
Rate this articles
(0 votes)