လူအများစုဟာ သူများထက် ဥာဏ်ကောင်းချင်ကြတယ်၊ တော်ချင်ကြတယ်၊ ထက်မြက်ချင်ကြတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒါပေမယ့် ကိုယ့်ရှေ့မှာ တော်နေတဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ၊ ဉာဏ်ကောင်းတဲ့သူတွေဟာ တစ်ခြားဘာတွေ လုပ်သေးလဲဆိုတာကိုတော့ စိတ်ဝင်စားမှု နည်းကြပါတယ်။
သင့်ကို ပိုပြီး တော်စေ၊ ထက်မြက်စ၊ ဥာဏ်ကောင်းစေနိုင်တဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။
၁. စာဖတ်ပါ။
လူတိုင်းလူတိုင်း စာဖတ်ခြင်း အလေ့အထကို ပျိုးထောင်ထားသင့်ပါတယ်။ ဒီစာတွေထဲကပဲ လူတွေဟာ သူတို့မရှင်းသေးတဲ့ အဖြေတွေ၊ နားမလည်သေးတဲ့ သီအိုရီတွေ၊ မမှတ်မိသေးတဲ့ ဥပဒေသတွေကို သိနိုင်သလို သုတ၊ ရသ အစုံရနိုင်တဲ့ အလေ့အထကောင်းလေးပါ။
၂. ဘာသာစကား အသစ်တစ်မျိုးမျိုးကို သင်ယူပါ။
ဘာသာစကားအသစ်သင်ယူတယ်ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီသင်ယူခြင်းရဲ့ ကောင်းကျိုးများကို သင်ရရှိခံစားရပါလိမ့်မယ်။ ဘာသာစကားသင်တဲ့အခါ သဒ္ဒါဆိုင်ရာ
စည်းမျဉ်းတွေ၊ စကားလုံးအသစ်တွေ၊ ၀ါကျတည်ဆောက်ပုံတွေ စတာတွေဟာ သင့်ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဥာဏ်ရည်ကို တိုးတက်စေပါတယ်။
READ - ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ချက်
၃. ကိုယ်ခံစားရသမျှကို ချရေးပါ။
ဒိုင်ယာရီပဲဖြစ်ဖြစ်၊ သာမာန်ရေးတဲ့စာ သဘောမျိုးပဲဖြစ်ဖြစ် ကိုယ်ခံစားရသမျှတွေ၊ ကိုယ့်အတွေ့အကြုံတွေကို မှတ်တမ်းသဘောမျိုး ပြုစုထားခြင်းဟာ သင့် ဥာဏ်ရည်ကို တိုးတတ်စေ
ပါတယ်။
သင် ပြီးခဲ့တဲ့နှစ်က ရေးထားတဲ့ အရေးအသားထက် သင် မနေ့ကရေးတဲ့ အရေးသားက စကားလုံးတွေ ပိုလှနေတာကို တွေ့ရမှာပါ။ ဒါက ဦးနှောက်ကို ကောင်းကောင်းအသုံးချတဲ့ အပေါ်မူတည်ပြီး ဖြစ်လာတာလို့ မှတ်ယူလို့ရပါတယ်။
၎. တေးဂီတတူရိယာတစ်မျိုးမျိုးကို တီးခတ်တတ်အောင် သင်ယူပါ။
တေးဂီတာ တူရိယာ မတီးတတ်သေးရင်လည်း တီးတတ်အောင် သင်ယူပေါ့။ ဂစ်တာပဲဖြစ်ဖြစ်၊ စန္ဒယားပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို သင်ယူပြီး အားချိန်ရတိုင်း သီချင်းစသည်တို့ကို တီးမှုတ်ပေးပါ။
ဂီတဟာ သင့်မှာ ရှိတဲ့ ဖိအားတွေကို လျှော့ချပေးနိုင်သလို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချဖို့ရှိလာရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်နေပါလိ့မ်မယ်။
READ - လူတစ်ယောက်ကို ထူးချွန်ထက်မြက်စေနိုင်တဲ့ ၀ါသနာ (၇) မျိုး
Source: shwemom