×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 13 January 2020

"ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ ရွိသင့္တဲ့ Skill (၅) ခု"

"ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ ရွိသင့္တဲ့ Skill (၅) ခု" freepick

လူတစ်ယောက်အတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာ အရမ်းကိုအရေးပါပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ အမြဲ တမ်း ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေရလို့ပါပဲ။

အလုပ်ခွင်၊ ကျောင်း… နောက်ဆုံးကုန်ကုန်ပြောရင် မိသားစု ထဲမှာ ပါ Communicationဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ ရာ အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် ဘယ်လိုအရာတွေလိုအပ်မလဲဆိုတာကတော့….


(၁) နားထောင်ခြင်း
ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ တစ်ဖက်ကပြောတာကို သေချာနားထောင်ပေးပါ။ သေချာနားထောင်တဲ့ အတွက် ဘယ်လိုအကျိုးကျေးဇူးရလဲဆိုတော့ တစ်ဖက်လူပြောသမျှကို နားလည်မယ်။ နားလည်တဲ့ အတွက် တစ်ဖက်လူ ရဲ့ စိတ်ခံစားချက်ကိုရော သူဘာကို ဆိုလိုချင်လဲဆိုတာရော လွယ်လွယ်ကူကူနဲ့သိမြင်နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် နားထောင်ခြင်းဟာ ဘာလို့အဓိက ကျနေလဲဆိုတော့ စကားပြောနေတဲ့ သူဟာ သူပြောနေတဲ့ စကားကို နားထောင်နေလား၊ စိတ်ဝင်စားမှုရှိရဲ့လားဆိုတာ သိမြင်နိုင်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ သူကပြောချင်တာပြော ကိုယ်က နားမထောင်ဘူး စိတ်မဝင်စားတဲ့ ပုံစံပေါက်နေမယ်ဆိုရင်တော့ သင့်ကို respect မရှိတဲ့ လူတစ်ယောက်လို့မြင်သွားပါလိမ့်မယ်။ အဲ့လိုဆို သင်တို့နှစ်ယောက်ကြား ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။

 


(၂) Body Languages
Body languages ဆိုတာကတော့ စကားပြောနေတဲ့ အခါ..ကိုယ့်ရဲ့ ခန္ဓာကိုယ်အနေအထား၊ မျက်နှာ အမူရာ၊ လက်လုပ်ရှားမှု၊ မျက်လုံး စသည်တို့ကို ဆိုလိုတာပါ။ ဥပမာ.. သင်ဟာ လူတစ်ယောက်နဲ့ စကားပြောနေတယ်ဆိုကြပါစို့ စကားသာ ပြောနေတယ် မျက်လုံး ကသူ့ကို မကြည့်ပဲ တခြားနေရာတွေကို ကြည့်ပြီးပြောနေမယ်.. ဆိုရင် နားထောင်ရတဲ့ လူအနေနဲ့ ဘဝင်မကျပါဘူး။ ဒါဆိုရင်သင့် အနေနဲ့ Good Communicationကိုဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခု ကစကားပြောတဲ့ အခါ လက်ဟန်ပန်အမူရာကို သုံးပြီးပြောပါ။ ဒါဟာ တစ်ဖက်လူက သင်ရဲ့ စကားပြောဆိုမှုကို ပိုပြီး စိတ်ဝင်စားမှုရှိစေနိုင်ပါတယ်။ Salesforce ရဲ့ သုတေသန ပြုလုပ်ချက်အရ Conversation တစ်ခုမှာ body languages ဟာ ၉၃ ရာခိုင်နှုန်းအထိအရေးပါပါတယ်။ သင်ဟာ တစ်ကိုယ်လို့ body languages ကိုသေသေချာချာနားလည်ပြီး အသုံးပြုနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေဖန်တီးနိုင်မှာပါ။

 


(၃) စကားပြောကောင်းပါ
စကားပြောကောင်းခြင်းက လူတွေရဲ့ စိတ်ကိုဆွဲဆောင်နိုင်တဲ့တစ်ခုတည်းသောလမ်းနည်းတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက စကားအပြောအဆိုကောင်းတဲ့သူတွေကို ပိုပြီးသဘောကျနှစ်သက်ကြပါတယ်။ဒါကြောင့်လူတွေနဲ့စကားပြောတဲ့အခါ တစ်ဖက်လူကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ပြောဆိုပါ။ စကားသံကြည်လင်ပြတ်သားမှုရှိစွာပြောဆိုပါ။တစ်ခါတစ် လေ ဟာသလေးတွေနဲ့လည်းအရွှန်းဖောက်ပေးပါ။ဒါမှလည်းကိုယ့်နဲ့စကားပြောတဲ့သူကိုပိုပြီးဆွဲဆောင်စေမှာဖြစ်ပါတယ်။

 

(၄) စိတ်ခံစားမှုကိုထိန်းချုပ်ပါ
ကျွန်တော်တို့ တစ်ယောက်ယောက်နဲ့ ကြောင်းအရာ တစ်ခုကိုဆွေးနွေးနေတာပဲဖြစ်ဖြစ်၊ ဒီတိုင်းပြောနေတဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ဖက်လူ ပြောတဲ့ အကြောင်းအရာထဲမှာ သင်မကြိုက်တဲ့ အကြောင်းအရာ တစ်ခုခု ပါတယ်ဆိုရင် ချက်ချင်းမကြိုက်ဘူးဆိုပြီး မတုံ့ပြန်ပါနဲ့။ တစ်ဖက်လူစကားပြောပြီးတဲ့ အထိစောင့်ပါ။ ပြီးခါမှ တစ်ဖက်လူ နားလည်လာအောင် အကျိုးသင့်အကြောင်းသင့် သေချာပြန်လည်ရှင်းပြပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ခြင်းဟာလည်း ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 


(၅) ပြုံးရွှင်နေပါ
သင်အမြဲပြုံးရွှင်နေဖို့လိုအပ်ပါတယ်။ အပြုံးဟာ လူချစ်လူခင်များစေပါတယ်။ လူတွေသင့်ကိုနှစ်သက်လာစေပါတယ်။ သင်ဟာပြုံးရွှင်နေခြင်းအားဖြင့် သင်ဟာ ပျော်ရွှင်နေတယ်၊ စိတ်ချမ်းသာနေတယ် ၊ အကောင်းမြင်တဲ့ စိတ်ရှိနေတယ်ဆိုတာကို လူတွေသိရှိစေနိုင်ပါတယ်။ ဒီအချက်ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက် အရေးပါတဲ့ အချက်ပါပဲ။

 


အခုဖော်ပြပေးခဲ့တာတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့အတွက်ရှိသင့်တဲ့ အရည်အချင်း အချို့ပဲ ဖြစ်ပါတယ်။ ဖော်ပြပေးတဲ့ ထဲ မှာ လိုအပ်တဲ့အ ကြောင်းအရာလေးတွေ ရှိရင် comment မှာ မန့်ခဲ့လို့ရပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္

"ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ ရွိသင့္တဲ့ Skill (၅) ခု"
လူတစ္ေယာက္အတြက္ ေပါင္းသင္းဆက္ဆံေရးဆိုတာ အရမ္းကိုအေရးပါပါတယ္။ ဘာျဖစ္လို႕လဲ ဆိုေတာ့ က်ြန္ေတာ္ တို႕ဟာ အျမဲ တမ္း ပတ္ဝန္းက်င္နဲ႕ ထိေတြ႕ဆက္ဆံေနရလို႕ပါပဲ။ အလုပ္ခြင္၊ ေက်ာင္း… ေနာက္ဆံုးကုန္ကုန္ေျပာရင္ မိသားစု ထဲမွာ ပါ Communicationဆိုတဲ့ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕ ရာ အရမ္းကိုအေရးၾကီးပါတယ္။ ဒါေၾကာင့္ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ ဘယ္လိုအရာေတြလိုအပ္မလဲဆိုတာကေတာ့….


(၁) နားေထာင္ျခင္း
ကၽြန္ေတာ္တို႔ေတြ တစ္ေယာက္နဲ႕တစ္ေယာက္ စကားေျပာတဲ့အခါမွာ တစ္ဖက္ကေျပာတာကို ေသခ်ာနားေထာင္ေပးပါ။ ေသခ်ာနားေထာင္တဲ့ အတြက္ ဘယ္လိုအက်ိဳးေက်းဇူးရလဲဆိုေတာ့ တစ္ဖက္လူေျပာသမွ်ကို နားလည္မယ္။ နားလည္တဲ့ အတြက္ တစ္ဖက္လူ ရဲ႕ စိတ္ခံစားခ်က္ကိုေရာ သူဘာကို ဆိုလိုခ်င္လဲဆိုတာေရာ လြယ္လြယ္ကူကူနဲ႔သိျမင္ႏိုင္ပါတယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ နားေထာင္ျခင္းဟာ ဘာလို႕အဓိက က်ေနလဲဆိုေတာ့ စကားေျပာေနတဲ့ သူဟာ သူေျပာေနတဲ့ စကားကို နားေထာင္ေနလား၊ စိတ္ဝင္စားမႈရွိရဲ႕လားဆိုတာ သိျမင္ႏိုင္ပါတယ္။ အဲ့လိုမွ မဟုတ္ပဲ သူကေျပာခ်င္တာေျပာ ကိုယ္က နားမေထာင္ဘူး စိတ္မဝင္စားတဲ့ ပံုစံေပါက္ေနမယ္ဆိုရင္ေတာ့ သင့္ကို respect မရွိတဲ့ လူတစ္ေယာက္လို႕ျမင္သြားပါလိမ့္မယ္။ အဲ့လိုဆို သင္တို႕ႏွစ္ေယာက္ၾကား ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးကို ေဖာ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။

 


(၂) Body Languages
Body languages ဆိုတာကေတာ့ စကားေျပာေနတဲ့ အခါ..ကိုယ့္ရဲ႕ ခႏၶာကိုယ္အေနအထား၊ မ်က္ႏွာ အမူရာ၊ လက္လုပ္ရွားမႈ၊ မ်က္လံုး စသည္တို႕ကို ဆိုလိုတာပါ။ ဥပမာ.. သင္ဟာ လူတစ္ေယာက္နဲ႔ စကားေျပာေနတယ္ဆိုၾကပါစို႕ စကားသာ ေျပာေနတယ္ မ်က္လံုး ကသူ႕ကို မၾကည့္ပဲ တျခားေနရာေတြကို ၾကည့္ျပီးေျပာေနမယ္.. ဆိုရင္ နားေထာင္ရတဲ့ လူအေနနဲ႕ ဘဝင္မက်ပါဘူး။ ဒါဆိုရင္သင့္ အေနနဲ႕ Good Communicationကိုေဖာ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ ေနာက္တစ္ခု ကစကားေျပာတဲ့ အခါ လက္ဟန္ပန္အမူရာကို သံုးျပီးေျပာပါ။ ဒါဟာ တစ္ဖက္လူက သင္ရဲ႕ စကားေျပာဆိုမႈကို ပိုျပီး စိတ္ဝင္စားမႈရွိေစႏိုင္ပါတယ္။ Salesforce ရဲ႕ သုေတသန ျပဳလုပ္ခ်က္အရ Conversation တစ္ခုမွာ body languages ဟာ ၉၃ ရာခိုင္ႏႈန္းအထိအေရးပါပါတယ္။ သင္ဟာ တစ္ကိုယ္လို႕ body languages ကိုေသေသခ်ာခ်ာနားလည္ျပီး အသံုးျပဳႏိုင္မယ္ဆိုရင္ ပိုမိုေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးေတြဖန္တီးႏိုင္မွာပါ။

 


(၃) စကားေျပာေကာင္းပါ
စကားေျပာေကာင္းျခင္းက လူေတြရဲ႕ စိတ္ကိုဆြဲေဆာင္ႏိုင္တဲ့တစ္ခုတည္းေသာလမ္းနည္းတစ္ခုျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက စကားအေျပာအဆိုေကာင္းတဲ့သူေတြကို ပိုၿပီးသေဘာက်ႏွစ္သက္ၾကပါတယ္။ဒါေၾကာင့္လူေတြနဲ႔စကားေျပာတဲ့အခါ တစ္ဖက္လူကိုစိတ္ဝင္စားဖြယ္ျဖစ္ေအာင္ေျပာဆိုပါ။ စကားသံၾကည္လင္ျပတ္သားမႈရွိစြာေျပာဆိုပါ။တစ္ခါတစ္ ေလ ဟာသေလးေတြနဲ႔လည္းအရႊန္းေဖာက္ေပးပါ။ဒါမွလည္းကိုယ့္နဲ႔စကားေျပာတဲ့သူကိုပိုၿပီးဆြဲေဆာင္ေစမွာျဖစ္ပါတယ္။

 

 

(၄) စိတ္ခံစားမႈကိုထိန္းခ်ဳပ္ပါ
ကၽြန္ေတာ္တို႕ တစ္ေယာက္ေယာက္နဲ႔ ေၾကာင္းအရာ တစ္ခုကိုေဆြးေနြးေနတာပဲျဖစ္ျဖစ္၊ ဒီတိုင္းေျပာေနတဲ့ အခါမွာပဲ ျဖစ္ျဖစ္ တစ္ဖက္လူ ေျပာတဲ့ အေၾကာင္းအရာထဲမွာ သင္မၾကိဳက္တဲ႔ အေၾကာင္းအရာ တစ္ခုခု ပါတယ္ဆိုရင္ ခ်က္ခ်င္းမၾကိဳက္ဘူးဆိုျပီး မတံု႕ျပန္ပါနဲ႕။ တစ္ဖက္လူစကားေျပာျပီးတဲ့ အထိေစာင့္ပါ။ ျပီးခါမွ တစ္ဖက္လူ နားလည္လာေအာင္ အက်ိဳးသင့္အေၾကာင္းသင့္ ေသခ်ာျပန္လည္ရွင္းျပပါ။ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ျခင္းဟာလည္း ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးကိုေဖာ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

 


(၅) ျပံဳးရႊင္ေနပါ
သင္အျမဲျပံဳးရႊင္ေနဖို ့လိုအပ္ပါတယ္။ အျပံဳးဟာ လူခ်စ္လူခင္မ်ားေစပါတယ္။ လူေတြသင့္ကိုႏွစ္သက္လာေစပါတယ္။ သင္ဟာျပံဳးရႊင္ေနျခင္းအားျဖင့္ သင္ဟာ ေပ်ာ္ရႊင္ေနတယ္၊ စိတ္ခ်မ္းသာေနတယ္ ၊ အေကာင္းျမင္တဲ့ စိတ္ရွိေနတယ္ဆိုတာကို လူေတြသိရွိေစနိုင္ပါတယ္။ ဒီအခ်က္ကလည္း ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ အေရးပါတဲ့ အခ်က္ပါပဲ။


အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕အတြက္ရွိသင့္တဲ့ အရည္အခ်င္း အခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ေဖာ္ျပေပးတဲ့ ထဲ မွာ လိုအပ္တဲ့အ ေၾကာင္းအရာေလးေတြ ရွိရင္ comment မွာ မန္႔ခဲ့လို႕ရပါတယ္။

 

 

sayar.com.mm

 

Read times
Rate this articles
(0 votes)