×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 29 January 2020

Personal development ကို ဘယ္လိုတည္ေဆာက္ၾကမလဲ?

Personal development ကို ဘယ္လိုတည္ေဆာက္ၾကမလဲ? freepick

အခုေခတ္က အၿပိဳင္အဆိုင္ေတြမ်ားလာတာနဲ႔အမွ် မိမိရဲ႕ တိုးတက္ရာ တိုးတက္ေၾကာင္းမလုပ္ဘူးဆိုရင္ ေနာက္ေကာက္က်န္ခဲ့ႏိုင္ပါတယ္။

အဲဒီလို ေနာက္ေကာက္မက်န္ဖို႔အတြက္ Personal development ကအရမ္းအေရးႀကီးပါတယ္။ Personal development ဆိုတာ မိမိရဲ႕ အရည္အခ်င္း၊ ဗဟုသုတ ေတြတိုးတက္ေအာင္ လုပ္ျခင္းျဖစ္ပါတယ္။ မိမိကိုယ္ကို တိုးတက္ေအာင္ တည္ေဆာက္ျခင္းျဖင့္ မိမိ ကိုယ္ကို ယုံၾကည္မႈပိုရွိၿပီး အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြ ရရွိေစႏိုင္ပါတယ္။ ပိုမိုေကာင္းမြန္တဲ့ ဘ၀ ကို ဖန္တီးဖို႔အခြင့္အလမ္းေတြ ရရွိလာေစပါတယ္။ ဒါဆို ကိုယ့္အတြက္အရမ္းအေရးႀကီးတဲ့ Personal development ကို ဘယ္လိုတည္ေဆာက္ရမယ္၊ ဘ၀ အတြက္ဘယ္ေလာက္အေရးႀကီးလဲဆိုတာေလး ေျပာျပခ်င္ပါတယ္။

 

၁။ ရင္းႏွီးျမဳပ္ႏွံပါ
အခုေခတ္က ဘယ္ပညာရပ္ကို မဆို မိမိ ေလ့လာခ်င္စိတ္ရွိရင္ အလြယ္တကူေလ့လာလို႔ရတဲ့ေခတ္ ျဖစ္ေနပါၿပီ။ ဘယ္နယ္ပယ္မဆို ေလ့လာခ်င္တယ္ဆိုရင္ သင္တန္းေတြ၊ေက်ာင္းေတြ ေ႐ြးခ်ယ္စရာေတြလည္း မ်ားေနတဲ့ေခတ္မွာ ကိုယ္အိမ္တြင္းပုန္းေနရင္ ကိုယ္ပဲေနာက္ေကာက္က်န္ခဲ့မွာပါ။ အလုပ္လုပ္ရင္းနဲ႔လည္း သင္တန္းေတြတက္လို႔ရေအာင္ ခုေခတ္သင္တန္းေတြ ေတာ္ေတာ္မ်ားမ်ားဆိုရင္ ႐ုံးခ်ိန္လြတ္အတန္းေတြေတာင္ ဖြင့္ေပးေနၾကပါတယ္။ အခ်ိန္ကုန္တယ္၊ ပိုက္ဆံကုန္တယ္ဆိုတာ တစ္ခုပဲ မၾကည့္ဘဲ ကိုယ့္ ဘ၀ အတြက္ ရင္းႏွီးျမဳပ္ႏွံတယ္လို႔ေတြးေပးပါ။

 

 

၂။ ေလ့လာပါ
သင္တန္းေတြအတြက္ အခ်ိန္သိပ္မေပးႏိုင္သူေတြ၊ အလုပ္တစ္ဖက္နဲ႔သူေတြအတြက္ သင္တန္းမတက္ပဲ ေလ့လာႏိုင္တဲ့ေနရာရွိပါေသးတယ္… အဲဒါကေတာ့ google တို႔ youtube တို႔မွာ free website မွာေလ့လာတာပဲျဖစ္ပါတယ္။ ဘယ္သင္တန္းမွာတက္တက္ သင္ၾကားမႈက ၄၀ % ၊ ကိုယ္ႀကိဳးစားအားထုတ္မႈက ၆၀ % ျဖစ္တဲ့အတြက္ အျပင္သင္တန္းေတြပဲ သြားတက္တက္၊ online ကပဲေလ့လာေလ့လာ ကိုယ္ႀကိဳးစားေလ့လာမွ ကိုယ့္ personal development တိုးတက္မွာျဖစ္ပါတယ္။

 

 

၃။ စာမ်ားမ်ားဖတ္ပါ
အရင္ေခတ္ကစာအုပ္ဖတ္ဖို႔ဆိုတာ မလြယ္ကူလွပါဘူး။ စာၾကည့္တိုက္ဆိုတာလည္း ရပ္ကြက္တိုင္းမွာ မရွိတဲ့ေခတ္မွာ ကိုယ္သိခ်င္တဲ့အေၾကာင္းအရာ ကိုယ္ေလ့လာခ်င္တဲ့ပညာရပ္ကို အလြယ္တကူမေလ့လာႏိုင္ပါဘူး။ ခုေခတ္မွာဆို စာအုပ္မဟုတ္ေတာင္ E-book ေတြ ကေနတစ္ဆင့္ ဘယ္ေနရာမဆို ေလ့လာလို႔ရေနပါၿပီ။ ကားစီးရင္းျဖစ္ျဖစ္၊ သူမ်ားကို ေစာင့္ရင္းနဲ႔ပဲျဖစ္ျဖစ္ ဖုန္းေလးဖြင့္ၿပီးအလြယ္တကူေလ့လာလို႔ရေနပါၿပီ။ အဲဒီ အခြင့္အေရးကိုလက္လြတ္မခံပဲ အခ်ိန္ရွိခိုက္ ေလ့လာပါ။ စာမ်ားမ်ားဖတ္ပါ။

 

 

၄။ လမ္းေၾကာင္း
တျဖည္းျဖည္းနဲ႔ google တို႔၊ youtube တို႔မွာ ေလ့လာရင္းနဲ႔ျဖစ္ေစ၊ သင္တန္းတက္ရင္းျဖစ္ေစ ကိုယ္ဝါသနာပါတာ ကိုယ္စိတ္ဝင္စားတဲ့ လမ္းေၾကာင္းကို ရွာေတြ႕ သြားႏိုင္ပါတယ္။ ဘယ္သူမွေတာ့ ေမြးကတည္းက ငါဘာျဖစ္ခ်င္တယ္ဆိုၿပီး သိၿပီးေမြးလာတာ မဟုတ္ပါဘူး။ ဒီလို ေလ့လာရင္းနဲ႔ပဲ ကိုယ္နဲ႔ ကိုက္ညီတဲ့ ဝါသနာပါတဲ့ အသက္ေမြးဝမ္းေၾကာင္းအလုပ္အကိုင္ကို သိလာေစႏိုင္ပါတယ္။ ဒါဆို personal development အတြက္လုပ္ရင္းနဲ႔ ကိုယ့္လမ္းေၾကာင္းပါေပၚေစႏိုင္ပါတယ္။

 

 

၅။ Self-confidence
အရင္လို အားတိုင္းဖုန္းသုံးမေနပဲ ကိုယ့္အတြက္အေရးႀကီးတဲ့ သင္တန္းေတြတက္မယ္ online မွာေလ့လာမယ္၊ ကိုယ့္ဘဝအတြက္ လိုအပ္တဲ့ ဝမ္းစာေတြျဖည့္တင္းရင္းနဲ႔ အရင္ထက္ ဗဟုသုတေတြတိုးတက္လာမယ္။ အတတ္ပညာေတြတိုးတက္လာမယ္။ သင္တန္းေတြတက္ရင္းနဲ႔ သူငယ္ခ်င္းအေပါင္းအသင္းေတြပိုရလာမယ္။ အဲ့ဒီအခ်ိန္က်ရင္ အရင္အခ်ိန္ေတြနဲ႔ယွဥ္ၾကည့္ရင္ ကိုယ့္ဘာသာပိုသိလာပါလိမ့္မယ္… လူက မိမိကိုယ္ကိုယ္ ယုံၾကည္မႈပိုရွိလာၿပီး တက္ႂကြလန္းဆန္းလာပါလိမ့္မယ္။

 

 

၆။ ကိုယ့္ရဲ႕ အသီးအပြင့္
အခုေခတ္မွာဆို အလုပ္အကိုင္အခြင့္အလမ္းေတြလည္း အရင္ထက္ပိုေပါမ်ားေနပါၿပီ။ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြမ်ားလာတာနဲ႔အမွ် အလုပ္အကိုင္ကလည္း အရင္လို မရွားပါးေတာ့ပါဘူး။ အကပ္ရွိမွ အခ်ိတ္အဆက္ရွိမွ ရတဲ့ေခတ္မဟုတ္ေတာ့ပါဘူး။ ကိုယ္ကသာအရည္အခ်င္းရွိၿပီး qualify ျဖစ္ေနမယ္ဆို company တိုင္းက welcome ျဖစ္ေနမွာပါ။ အသက္အ႐ြယ္ထက္ အရည္အခ်င္းကပဲအေရးႀကီးပါေတာ့တယ္။ အဲဒါေၾကာင့္ ဘဝအတြက္အေရးႀကီးတဲ့ personal development ကိုတည္ေဆာက္ၿပီး ခုထက္ပိုမိုတိုးတက္ေကာင္းမြန္တဲ့ ဘဝကိုတက္လမ္းႏိုင္ပါေစ။

 

Credit : live the dream

 

Unicode ဖြင့်ဖတ်ရန်
Personal development ကို ဘယ်လိုတည်ဆောက်ကြမလဲ?
အခုခေတ်က အပြိုင်အဆိုင်တွေများလာတာနဲ့အမျှ မိမိရဲ့ တိုးတက်ရာ တိုးတက်ကြောင်းမလုပ်ဘူးဆိုရင် နောက်ကောက်ကျန်ခဲ့နိုင်ပါတယ်။ အဲဒီလို နောက်ကောက်မကျန်ဖို့အတွက် Personal development ကအရမ်းအရေးကြီးပါတယ်။ Personal development ဆိုတာ မိမိရဲ့ အရည်အချင်း၊ ဗဟုသုတ တွေတိုးတက်အောင် လုပ်ခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကို တိုးတက်အောင် တည်ဆောက်ခြင်းဖြင့် မိမိ ကိုယ်ကို ယုံကြည်မှုပိုရှိပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိစေနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဘ၀ ကို ဖန်တီးဖို့အခွင့်အလမ်းတွေ ရရှိလာစေပါတယ်။ ဒါဆို ကိုယ့်အတွက်အရမ်းအရေးကြီးတဲ့ Personal development ကို ဘယ်လိုတည်ဆောက်ရမယ်၊ ဘ၀ အတွက်ဘယ်လောက်အရေးကြီးလဲဆိုတာလေး ပြောပြချင်ပါတယ်။

 

၁။ ရင်းနှီးမြုပ်နှံပါ
အခုခေတ်က ဘယ်ပညာရပ်ကို မဆို မိမိ လေ့လာချင်စိတ်ရှိရင် အလွယ်တကူလေ့လာလို့ရတဲ့ခေတ် ဖြစ်နေပါပြီ။ ဘယ်နယ်ပယ်မဆို လေ့လာချင်တယ်ဆိုရင် သင်တန်းတွေ၊ကျောင်းတွေ ရွေးချယ်စရာတွေလည်း များနေတဲ့ခေတ်မှာ ကိုယ်အိမ်တွင်းပုန်းနေရင် ကိုယ်ပဲနောက်ကောက်ကျန်ခဲ့မှာပါ။ အလုပ်လုပ်ရင်းနဲ့လည်း သင်တန်းတွေတက်လို့ရအောင် ခုခေတ်သင်တန်းတွေ တော်တော်များများဆိုရင် ရုံးချိန်လွတ်အတန်းတွေတောင် ဖွင့်ပေးနေကြပါတယ်။ အချိန်ကုန်တယ်၊ ပိုက်ဆံကုန်တယ်ဆိုတာ တစ်ခုပဲ မကြည့်ဘဲ ကိုယ့် ဘ၀ အတွက် ရင်းနှီးမြုပ်နှံတယ်လို့တွေးပေးပါ။

 

 

၂။ လေ့လာပါ
သင်တန်းတွေအတွက် အချိန်သိပ်မပေးနိုင်သူတွေ၊ အလုပ်တစ်ဖက်နဲ့သူတွေအတွက် သင်တန်းမတက်ပဲ လေ့လာနိုင်တဲ့နေရာရှိပါသေးတယ်… အဲဒါကတော့ google တို့ youtube တို့မှာ free website မှာလေ့လာတာပဲဖြစ်ပါတယ်။ ဘယ်သင်တန်းမှာတက်တက် သင်ကြားမှုက ၄၀ % ၊ ကိုယ်ကြိုးစားအားထုတ်မှုက ၆၀ % ဖြစ်တဲ့အတွက် အပြင်သင်တန်းတွေပဲ သွားတက်တက်၊ online ကပဲလေ့လာလေ့လာ ကိုယ်ကြိုးစားလေ့လာမှ ကိုယ့် personal development တိုးတက်မှာဖြစ်ပါတယ်။

 

 

၃။ စာများများဖတ်ပါ
အရင်ခေတ်ကစာအုပ်ဖတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ စာကြည့်တိုက်ဆိုတာလည်း ရပ်ကွက်တိုင်းမှာ မရှိတဲ့ခေတ်မှာ ကိုယ်သိချင်တဲ့အကြောင်းအရာ ကိုယ်လေ့လာချင်တဲ့ပညာရပ်ကို အလွယ်တကူမလေ့လာနိုင်ပါဘူး။ ခုခေတ်မှာဆို စာအုပ်မဟုတ်တောင် E-book တွေ ကနေတစ်ဆင့် ဘယ်နေရာမဆို လေ့လာလို့ရနေပါပြီ။ ကားစီးရင်းဖြစ်ဖြစ်၊ သူများကို စောင့်ရင်းနဲ့ပဲဖြစ်ဖြစ် ဖုန်းလေးဖွင့်ပြီးအလွယ်တကူလေ့လာလို့ရနေပါပြီ။ အဲဒီ အခွင့်အရေးကိုလက်လွတ်မခံပဲ အချိန်ရှိခိုက် လေ့လာပါ။ စာများများဖတ်ပါ။

 

 

၄။ လမ်းကြောင်း
တဖြည်းဖြည်းနဲ့ google တို့၊ youtube တို့မှာ လေ့လာရင်းနဲ့ဖြစ်စေ၊ သင်တန်းတက်ရင်းဖြစ်စေ ကိုယ်ဝါသနာပါတာ ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းကို ရှာတွေ့ သွားနိုင်ပါတယ်။ ဘယ်သူမှတော့ မွေးကတည်းက ငါဘာဖြစ်ချင်တယ်ဆိုပြီး သိပြီးမွေးလာတာ မဟုတ်ပါဘူး။ ဒီလို လေ့လာရင်းနဲ့ပဲ ကိုယ်နဲ့ ကိုက်ညီတဲ့ ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကို သိလာစေနိုင်ပါတယ်။ ဒါဆို personal development အတွက်လုပ်ရင်းနဲ့ ကိုယ့်လမ်းကြောင်းပါပေါ်စေနိုင်ပါတယ်။

 

 

၅။ Self-confidence
အရင်လို အားတိုင်းဖုန်းသုံးမနေပဲ ကိုယ့်အတွက်အရေးကြီးတဲ့ သင်တန်းတွေတက်မယ် online မှာလေ့လာမယ်၊ ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ဝမ်းစာတွေဖြည့်တင်းရင်းနဲ့ အရင်ထက် ဗဟုသုတတွေတိုးတက်လာမယ်။ အတတ်ပညာတွေတိုးတက်လာမယ်။ သင်တန်းတွေတက်ရင်းနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေပိုရလာမယ်။ အဲ့ဒီအချိန်ကျရင် အရင်အချိန်တွေနဲ့ယှဉ်ကြည့်ရင် ကိုယ့်ဘာသာပိုသိလာပါလိမ့်မယ်… လူက မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပြီး တက်ကြွလန်းဆန်းလာပါလိမ့်မယ်။

 

 

၆။ ကိုယ့်ရဲ့ အသီးအပွင့်
အခုခေတ်မှာဆို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရင်ထက်ပိုပေါများနေပါပြီ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေများလာတာနဲ့အမျှ အလုပ်အကိုင်ကလည်း အရင်လို မရှားပါးတော့ပါဘူး။ အကပ်ရှိမှ အချိတ်အဆက်ရှိမှ ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ ကိုယ်ကသာအရည်အချင်းရှိပြီး qualify ဖြစ်နေမယ်ဆို company တိုင်းက welcome ဖြစ်နေမှာပါ။ အသက်အရွယ်ထက် အရည်အချင်းကပဲအရေးကြီးပါတော့တယ်။ အဲဒါကြောင့် ဘဝအတွက်အရေးကြီးတဲ့ personal development ကိုတည်ဆောက်ပြီး ခုထက်ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝကိုတက်လမ်းနိုင်ပါစေ။

 

Credit : live the dream

sayar.com.mm

Read times
Rate this articles
(0 votes)