×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 16 October 2017

စကၠန္႔ ၆၀ အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္း

စကၠန္႔ ၆၀ အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္း google.com

တစ္ေန႔တာ ပင္ပန္းႏြမ္းနယ္သမွ်ကို ေျပေပ်ာက္ေစဖို႔အတြက္ေရာ ေနာက္တစ္ေန႔ဆက္လက္ျပီး လွဳပ္ရွားနိုင္ဖို႔အတြက္ပါ အိပ္စက္အနားယူျခင္းကို ျပဳလုပ္ရပါတယ္။ လံုေလာက္တဲ့အိပ္ခ်ိန္ရွိဖို႔ လိုအပ္တယ္ ဆိုတာ ေျပာစရာေတာင္လိုမယ္ မထင္ပါဘူး။

အိပ္ေရးပ်က္တဲ့ေန႔ဆို တစ္ေန႔လံုးေခါင္းက မၾကည္လင္ေတာ့ဘူး၊ မူးေနာက္ေနာက္ ျဖစ္လာပါတယ္။ အလုပ္ေတြကိုလည္း အာရံုစိုက္လို႔မရတာမ်ိဳး ေက်ာင္းသားေတြဆိုလည္း စာေတြေလ့လာတဲ့အခါ ေခါင္းမၾကည္ေတာ့ မွတ္လို႔မရတာမ်ိဳးေတြ ျဖစ္လာပါတယ္။

တခ်ိဳ႕သူေတြက ညဘက္အိပ္လို႔မရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ မအိပ္ခ်င္လို႔ အိပ္မေပ်ာ္တာမ်ိဳး မဟုတ္ေပမယ့္ အိပ္ခ်င္ေနရက္နဲ႕ကို အိပ္လို႔မရတာမ်ိဳးေတြ အိပ္ေပ်ာ္သြားဖို႔ အခ်ိန္ေတြအၾကာၾကီး လိုအပ္တဲ့သူေတြ အတြက္ နည္းလမ္းေကာင္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။

Recommended for you - သင့္မွာဒါေတြ႐ွိလား

ဒီနည္းလမ္းေလးက ဟားဗတ္စ္ တကၠသိုလ္မွ ထရိန္နာ Dr Andrew Weil မွ မွ်ေဝေပးခဲ့ပါတယ္။

ယခု နည္းလမ္း အသစ္ကေတာ့ 4-7-8 technique (၄-၇-၈ စနစ္) ျဖစ္ပါတယ္။

၄ စကၠန္႔စာ အသက္ရွဴသြင္းမွုကို ျပဳလုပ္ပါ။ ပါးစပ္ပိတ္ျပီး ႏွာေခါင္းျဖင့္သာ လုပ္ရပါမယ္။ ျပီးရင္ ၇ စကၠန္႔စာ အသက္ေအာင့္ထားပါ။

ျပီးရင္ ၈ စကၠန္႔စာ ေလထုတ္ပါ။ ေလကို ထုတ္တဲ့ အခါ ႏွာေခါင္းကေန မထုတ္ပါနဲ႔။ ပါးစပ္ကေန ထုတ္ရမွာ ျဖစ္ျပီး လွ်ာကို အေပၚသြားေနာက္ေက်ာက သြားဖံုး အသားကုိ ထိထားပါ။ ဒီေတာ့ ေလထုတ္တဲ့အခါ ရွဴ.... ဆုိျပီးေတာ့ အသံ ထြက္လာ ပါလိမ့္မယ္။

Recommended for you - ဘဝကို ေရွ႕ဆက္သြားနိုင္ဖို႔ စြန္႕လႊတ္ရမယ့္ အရာေတြ

အဲ့ဒီ ၄-၇-၈ ေလရွဳ၊ အသက္ေအာင့္၊ ေလထုတ္ လုပ္ေဆာင္ခ်က္ကို သံုးခါ တိတိ ျပဳလုပ္တဲ့အခါ အိပ္ေပ်ာ္ခ်င္သြားပါလိမ့္မယ္။ စုစုေပါင္း သံုးခါ တိတိ လုပ္ရင္ ၅၇ စကၠန္႔ပဲ ၾကာပါမယ္။ Video ကုိ ဒီ link ကေန ၾကည့္ရွဳနိုင္ပါတယ္။

ယင္း နည္းလမ္းကို စက်င့္တဲ့အခါ အိပ္မေပ်ာ္ႏိုင္ဘူးလို႔ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အကယ္၍ အဲ့လိုျဖစ္တယ္ဆုိရင္ မနက္အိပ္ယာထတဲ့ အခ်ိန္နဲ႔ ညေန အိပ္ခါနီး အခ်ိန္မွာပံုမွန္က်င့္သြားႏုိင္ပါတယ္။ က်င့္ျပီးတဲ့ တစ္ပတ္ အၾကာမွာေတာ့ သိသိသာသာ တုိးတက္လာျပီး ညအိပ္မေပ်ာ္တဲ့အခါ ယင္းနည္းလမ္းနဲ႔ လုပ္တဲ့အခါ အိပ္ေပ်ာ္သြားပါ လိမ့္မယ္။

ယင္းက်င့္စဥ္ဟာ ေယာဂ က်င့္စဥ္ကေန ထြက္ရွိလာတာျဖစ္တာေၾကာင့္ အျခား က်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးျပဳပါလိမ့္မယ္။

Source ; drweil

[Unicode Version]

တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို ပြေပျောက်စေဖို့အတွက်ရော နောက်တစ်နေ့ဆက်လက်ပြီး လှုပ်ရှားနိုင်ဖို့အတွက်ပါ အိပ်စက်အနားယူခြင်းကို ပြုလုပ်ရပါတယ်။ လုံလောက်တဲ့အိပ်ချိန်ရှိဖို့ လိုအပ်တယ် ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။
အိပ်ရေးပျက်တဲ့နေ့ဆို တစ်နေ့လုံးခေါင်းက မကြည်လင်တော့ဘူး၊ မူးနောက်နောက် ဖြစ်လာပါတယ်။ အလုပ်တွေကိုလည်း အာရုံစိုက်လို့မရတာမျိုး ကျောင်းသားတွေဆိုလည်း စာတွေလေ့လာတဲ့အခါ ခေါင်းမကြည်တော့ မှတ်လို့မရတာမျိုးတွေ ဖြစ်လာပါတယ်။
တချို့သူတွေက ညဘက်အိပ်လို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မအိပ်ချင်လို့ အိပ်မပျော်တာမျိုး မဟုတ်ပေမယ့် အိပ်ချင်နေရက်နဲ့ကို အိပ်လို့မရတာမျိုးတွေ အိပ်ပျော်သွားဖို့ အချိန်တွေအကြာကြီး လိုအပ်တဲ့သူတွေ အတွက် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

Recommended for you - သင့်မှာဒါတွေရှိလား
ဒီနည်းလမ်းလေးက ဟားဗတ်စ် တက္ကသိုလ်မှ ထရိန်နာ Dr Andrew Weil မှ မျှဝေပေးခဲ့ပါတယ်။
ယခု နည်းလမ်း အသစ်ကတော့ 4-7-8 technique (၄-၇-၈ စနစ်) ဖြစ်ပါတယ်။
၄ စက္ကန့်စာ အသက်ရှူသွင်းမှုကို ပြုလုပ်ပါ။ ပါးစပ်ပိတ်ပြီး နှာခေါင်းဖြင့်သာ လုပ်ရပါမယ်။ ပြီးရင် ရ စက္ကန့်စာ အသက်အောင့်ထားပါ။
ပြီးရင် ၈ စက္ကန့်စာ လေထုတ်ပါ။ လေကို ထုတ်တဲ့ အခါ နှာခေါင်းကနေ မထုတ်ပါနဲ့။ ပါးစပ်ကနေ ထုတ်ရမှာ ဖြစ်ပြီး လျှာကို အပေါ်သွားနောက်ကျောက သွားဖုံး အသားကို ထိထားပါ။ ဒီတော့ လေထုတ်တဲ့အခါ ရှူ.... ဆိုပြီးတော့ အသံ ထွက်လာ ပါလိမ့်မယ်။

Recommended for you - ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ စွန့်လွှတ်ရမယ့် အရာတွေ
အဲ့ဒီ ၄-၇-၈ လေရှု၊ အသက်အောင့်၊ လေထုတ် လုပ်ဆောင်ချက်ကို သုံးခါ တိတိ ပြုလုပ်တဲ့အခါ အိပ်ပျော်ချင်သွားပါလိမ့်မယ်။ စုစုပေါင်း သုံးခါ တိတိ လုပ်ရင် ၅၇ စက္ကန့်ပဲ ကြာပါမယ်။ Video ကို ဒီ link ကနေ ကြည့်ရှုနိုင်ပါတယ်။
ယင်း နည်းလမ်းကို စကျင့်တဲ့အခါ အိပ်မပျော်နိုင်ဘူးလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အကယ်၍ အဲ့လိုဖြစ်တယ်ဆိုရင် မနက်အိပ်ယာထတဲ့ အချိန်နဲ့ ညနေ အိပ်ခါနီး အချိန်မှာပုံမှန်ကျင့်သွားနိုင်ပါတယ်။ ကျင့်ပြီးတဲ့ တစ်ပတ် အကြာမှာတော့ သိသိသာသာ တိုးတက်လာပြီး ညအိပ်မပျော်တဲ့အခါ ယင်းနည်းလမ်းနဲ့ လုပ်တဲ့အခါ အိပ်ပျော်သွားပါ လိမ့်မယ်။
ယင်းကျင့်စဉ်ဟာ ယောဂ ကျင့်စဉ်ကနေ ထွက်ရှိလာတာဖြစ်တာကြောင့် အခြား ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပြုပါလိမ့်မယ်။
Source ; drweil

Read times Last modified on Monday, 30 December 2019 14:44
Rate this articles
(1 Vote)