ဘယ်လိုလူမျိုးတွေက လက်တွေ့လုပ်ဆောင်တတ်ပြီး ဘယ်လိုလူမျိုးတွေက ပါးစပ်ပဲလုပ်လဲဆိုတာ ဘယ်လို ဆန်းစစ်ကြည့်နိုင်မလဲ။ ကိုယ်ကိုယ်တိုင်ကရော လေပဲကြီးနေတတ်တဲ့လူမျိုးလား ဒါမှမဟုတ် ပြောပြီးရင် လက်တွေ့အကောင်အထည်ဖော်တတ်တဲ့ လူမျိုးလား။ ကိုယ့်ကိုယ်ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
ဒါဆို ဘယ်အချက်တွေကို ကြည့်ရမလဲ …. (၂) မျိုးပဲကြည့်ရပါမယ်။
ပထမတစ်မျိုးက
သူဘာပြောလဲဆိုတာကိုကြည့်ပါ။
လွန်ခဲ့တဲ့ (၃) လလောက်က အလုပ်တစ်ခုကို လုပ်မယ်လို့ ပြောထားရင်
အခုလက်ရှိဒီနေ့ သူတကယ်လက်တွေ့ချလုပ်နိုင်ပြီလား??
သို့မဟုတ် “လုပ်မယ်” ဆိုတဲ့စကားကို အခုထိပြောနေသေးတာလား??
Recommended for you - ဘာ့ကြောင့် အောင်မြင်တာလဲ?
ဒုတိယတစ်ခုက
သူ့ရဲ့တက်ကြွမှုကို ကြည့်ပါ။
လွန်ခဲ့တဲ့ (၃) လလောက်က လက်တွေ့ချလုပ်လာတဲ့ အရာတစ်ခုကို
အခုလက်ရှိ ဆက်လုပ်နေသေးလား?
သို့မဟုတ် တခြားအလုပ်တစ်ခုမှာ သွားပြီးစိတ်ဝင်စားတက်ကြွနေပြီလား??
ဒီအချက်နှစ်ချက်ကို ကြည့်တာနဲ့ လူတစ်ယောက်က ရည်မှန်းချက်ရှိပြီး တကယ်လက်တွေ့ အကောင် အထည်ဖော်နိုင်တဲ့သူလား ပါးစပ်နဲ့ပဲ ပြောပြီး လေထဲမှာတင်ပျောက်သွားတတ်တဲ့ လူမျိုးလားဆိုတာ သိနိုင်ပါတယ်။
ကျွန်တော်ကတော့ ဒီတစ်လအတွင်း ပထမတစ်မျိုးကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေပါတယ်ဗျာ။
ကိုးကား Black Bin Myanmar
Recommended for you - မနက် ၁၀ နာရီမထိုးခင် အလုပ်ချိန်စတင်ခြင်းက နှိပ်စက်ခြင်းတစ်မျိုးပေလော…