အမှတ်မထင်စိတ်ထဲကပြောမိတဲ့စကားတွေက ကျွန်ုပ်တို့ဦးနှောက်လုပ်ဆောင်ချက်တွေ စွမ်းဆောင်ရည် တွေကို ထိခိုက်နိုင်ပါတယ်။ ကျွန်ုပ်တို့ကိုအကောင်းဘက်ကတွေးပြီးတိုးတက်စေနိုင်တဲ့ ကိုယ့်ကိုယ်ကို ပြောမိတဲ့စကားတချို့ “ ငါလုပ်နိုင်တယ်၊
ငါသည်ပြောင်းလဲမှုကို ကိုင်တွယ်ထိန်းသိမ်းနိုင်တယ်” ပြောမိနိုင်သလို “ ငါမလုပ်နိုင်ဘူး၊ ငါအဲ့လောက်မတော်ဘူး၊ ဖြစ်နိုင်မှာမဟုတ်ပါဘူး” ဒီလိုမျိုး အနုတ်ဘက်က နေလည်းပြောမိနိုင်ပါတယ်။ ဒီလိုစကားမျိုး အတွေးမျိုးကို အခက်အခဲတခုခုနဲ့ ကြုံတဲ့အခါမှာ ပြောမိတတ်ပါ တယ်။ အဲ့လိုအတွေးတွေ ဟာ ကျွန်ုပ်တို့ထင်တာထက် ပိုပြီးစွမ်းအားကြီးပါတယ်။ ကျွန်ုပ်တို့ကို အောင်မြင်မှု ဆီခေါ်ဆောင်သွား နိုင်သလို ရှုံးနိမ့်မှုဆီသို့လည်း ဦးတည်သွားနိုင်ပါတယ်။
၁. အဲဒါ လွယ်ကူပါတယ်။
တစုံတခုကို လွယ်ကူပါတယ်လို့စဉ်းစားမိတဲ့အခါ ကျွန်ုပ်တို့သည်ပိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဖို့ကို ရပ်တန့်လိုက်ပါတယ်။ ထိုအခါ ကျွန်ုပ်တို့သည် အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးနိုင်မယ့် အသေးစိတ်အချက်အလက်တွေကို သတိမထားမိတော့ပါဘူး။
၂. အဆင်ပြေပါတယ်။
“အဲဒါ အဆင်ပြေပါတယ်..” သင်တခုခုကို အမှန်တကယ် သဘောတူတဲ့အခါမျိုးမှာ ဒီလိုမျိုးပြောတတ် ပါတယ်။ ပြဿနာတခုက ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့ အရာဆိုရင်တောင် အဆင်ပြေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြောမိတတ်ပါတယ်။ ဒီလိုမျိုးပြောလိုက်တဲ့အခါ သင်ရဲ့ ဦးနှောက်က တခြားအဆင်ပြေပြီး ပိုကောင်းမွန်တဲ့နည်းလမ်းတွေကို ရှာဖွေဖို့မကြိုးစားတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုရိုးသားပါ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အရာတွေကို လက်မခံပါနဲ့။
၃. ငါမသိဘူး။
ကိုယ့်ကိုယ်ကို ဒီစကားမျိုးပြောလိုက်တဲ့အချိန်က ရှုံးနိမ့်ဖို့အတွက် လမ်းစပဲဖြစ်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာတွေ့တာနဲ့ ငါလုပ်နိုင်လောက်မယ့်အရာ မဟုတ်ပါဘူး ငါ မဖြေရှင်းနိုင်လောက်ပါဘူး လို့ လွယ်လွယ်ကူကူတွေးလိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ဦးနှောက်က ဒီပြဿနာတစ်ခုကို ဖြေရှင်းနိုင်တယ်ဆိုရင် တောင် မလွယ်ကူတော့ပါဘူး။ သင်ကိုယ်တိုင်က လွယ်လွယ်နဲ့ မသိဘူးလို့ လက်ခံလိုက်တဲ့အပေါ် မူတည်ပြီး ဖြေရှင်းဖို့နည်းလမ်းတွေကို ကျွန်ုပ်တို့ဦးနှောက်က မစဉ်းစားတော့ပါဘူး။
Recommended for you - "English စာ အရည်ချင်း ကောင်းမွန်ခြင်းက ဘွဲ့တခုနှင့် တန်ဖိုးခြင်းညီသလား?"
၎. ငါ့အတွက် အဆင်ပြေမှာမဟုတ်ဘူး။
“ငါ့အတွက်အဆင်မပြေနိုင်ဘူး ”ဒီလိုမျိုးအခြေအနေတွေဟာ အကြောင်းပြချက်ပဲဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ “ဒါကို မကြိုက်ဘူး အဆင်မပြေဘူး” လို့ပဲထပ်ခါထပ်ခါပြောနေတဲ့အခါမှာ ဦးနှောက်က ဘာကြောင့်အဆင် မပြေတာလဲဆိုတဲ့ အကြောင်းအရင်းကို မရှာမိတော့ပါဘူး။
၅. မဖြစ်နိုင်ဘူး
သင့်ရဲ့ဦးနှောက်က သင့်အတွက် လွယ်ကူစေမယ့်အရာတွေကို အမြဲတမ်းရှာဖွေပေးနေတာပါ။ သင်က မဖြစ်နိုင်ပါဘူးလို့စဉ်းစားမိတဲ့အခါ ဖြစ်နိုင်ချေတွေအားလုံးကို သင့်ဦးနှောက်ကမစဉ်းစားပေးတော့ပါဘူး။ မကြိုးစားကြည့်ပဲနဲ့တော့ မဖြစ်နိုင်ပါဘူးလို့ မပြောသင့်ပါဘူး။ “မလုပ်နိုင်ပေမယ့် ငါကြိုးစားကြည့်မယ်” ဒီလိုမျိုးကိုယ့်ကိုယ်ကို ပြောပြီး ကြိုးစားသင့်ပါတယ်။
Source; lifehack
Recommended for you - အရှုံးပေးလိုက်တော့မှာလား