၁။ သူများတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်မနေပါနဲ့။ ဘာလို့လဲဆိုတော့ လူတစ်ယောက် ချင်းစီမှာ မတူညီတဲ့ ကိုယ်စီ အရည်အသွေးကောင်းတွေ ရှိတတ်ကြတာမို့ သင့်မှာလည်း အများနဲ့ မတူတဲ့ အရည်အသွေးတွေ ရှိနေမှာပါ။
၂။ သူများတွေက ဟိုဟာကောင်းတယ်၊ ဒီဟာ ကောင်းတယ် ဆိုတိုင်း သင့်အိပ်မက်ကို လိုက်မပြောင်းပါနဲ့။ သင်နဲ့ ဘယ်အရာက အသင့်တော်ဆုံးလဲ ဆိုတာ သင်သာလျှင် အသိဆုံးပါ။
၃။ သင့်အနားက မြတ်နိုးချစ်ခင်ရတဲ့ အရာတွေကို အမြဲရှိနေမှာပဲလို့ အပိုင်မတွက်ထားပါနဲ့။ သင့်ကိုယ်သင် ဖက်တွယ်ထားသလို သူတို့မရှိရင် သင့်ဘဝလည်း ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး ဆိုတာကို သတိချပ်ပြီး ဂရုတစိုက်ရှိပါစေ။
၎။ သင့်ဘဝရဲ့နေ့ရက်တိုင်းမှာ အတိတ်အကြောင်းတွေ ဆွေးလိုက်၊ အနာဂတ် အကြောင်းတွေပဲ တွေးလိုက်နဲ့ သဲထဲရေသွန်သလို အကျိုးမရှိ မဖြစ်ပါစေနဲ့။ တစ်နေ့စာ တစ်နေ့ကို အကျိုးရှိစွာ လုပ်ဆောင်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းပါ။
၅။ သင်တစ်ခုခု ဆုံးရှုံးလိုက်ရတာနဲ့ပဲ တစ်ဘဝလုံးအတွက် လက်မြှောက် အရှုံးမပေးလိုက်ပါနဲ့။ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ မရပ်သရွေ့ အပြီးသတ် ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။
၆။ စွန့်စားရမှာကို မကြောက်ပါနဲ့။ ဒါတွေက သင်ပိုပြီး ရဲရင့်လာအောင် သင်ယူဖို့ အခွင့်အရေးကောင်းတွေပါ။
Recommended for you- ကင်ဆာရောဂါခံစားနေရပေမယ့် ဘဝကိုအရှုံးမပေးခဲ့သူ
၇။ အချစ်စစ်ဆိုတာ တွေ့ခဲပါတယ် ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့တင် သင့်နှလုံးသားကို သော့ခတ်မထားပါနဲ့။ အချစ်ဆိုတာကို ရရှိနိုင်ဖို့ အလျင်မြန်ဆုံး နည်းလမ်းကတော့ ကိုယ်က အရင် အချစ်ပေးရတာပါပဲ။ ပြီးတော့ တင်းကျပ်စွာ ချည်နှောင်ထားတာက သင့်ဆီကနေ လွတ်ထွက်သွားစေဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပြီး အနားမှာ အစဉ်အမြဲ ရှိနေဖို့ဆိုရင် လွတ်လပ်စွာ ပျံသန်းခွင့်ပေးရမှာပဲ ဖြစ်ပါတယ်။ “မလျှော့ မတင်း စောင်းကြိုးညင်း “ ဆိုသလိုပေါ့။
၈။ “ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိ” ဆိုသလို သင်ဘာတွေလုပ်ခဲ့လဲ၊ သင်ဘယ်ကို ဦးတည်ပြီး သွားနေတာလဲ ဆိုတာတွေတောင် သတိမထားမိဘဲ ဘဝကို ပြီးစလွယ်နဲ့ ကဗျာကယာ မဖြတ်သန်းပါနဲ့။
၉။ လူတစ်ယောက် အလိုချင်ဆုံး စိတ်ခံစားမှုထဲမှာ အသိအမှတ်ပြုခံရခြင်း ပါတယ် ဆိုတာ မမေ့ပါနဲ့။
၁၀။ သင်ယူဖို့ မတွန့်ဆုတ်ပါနဲ့။ အသိပညာ၊ ဗဟုသုတ ဆိုတာ အလေးခံ ထမ်းပိုးထားစရာ မလိုဘဲ လိုအပ်တဲ့ အချိန်တိုင်း ထုတ်သုံးလို့ရတဲ့ ရတနာသေတ္တာ တစ်လုံးပါ။
၁၁။ အချိန်နဲ့ စကားကို လက်လွတ်စပါယ် မသုံးပါနဲ့။ နှစ်ခုလုံးကို ပြန်ပြီး ပြင်ဆင်ဖို့ မဖြစ်နိုင်လို့ပါ။ ပြီးတော့ ဘဝဆိုတာ ပြေးပွဲ ပြိုင်ပွဲ မဟုတ်ပါဘူး။ လမ်းဆုံးထိ မရောက်ခင်မှာ ကြုံတွေ့ရမယ့် ရသမျိုးစုံကို ခံစားရင်း လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးပဲ ဖြစ်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Credit; original writer
Recommended for you - အောင်မြင်ဖို့အတွက် သင် စွန့်လွှတ်ရမှာတွေ