×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 04 June 2018

လူငယ်နှင့် အလုပ်အမြင်

လူငယ်နှင့် အလုပ်အမြင် google.com

အလုပ်တိုင်းကို လူငယ်တို့အနေနှင့် အမြင်သုံးရပ်ဖြင့် ရူမြင်သုံးသပ်သင့်ပါသည်။

 

ပထမအလုပ်မှာ (တွေးအလုပ်) ဖြစ်သည်။ ဘာလုပ်ရမည်ကို ဦးစွာတွေးတောခြင်းကို ဆိုလိုသည်။

ဒုတိယအလုပ်မှာ (သင့်အလုပ်) ဖြစ်သည်။ ဘာလုပ်သင့်သည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

တတိယအလုပ်မှာ (တကယ့်အလုပ်) ဖြစ်သည်။ ဘယ်အလုပ်ကိုလုပ်မည်ဟု ဆုံးဖြတ်ပြီးသည်ကို ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ပထမတွေးမည်၊ ဒုတိယဆုံးဖြတ်မည်။

တိယဖြစ်အောင်လုပ်မည်။ ထိုသုံးချက်မှာ လူငယ်တို့ အလုပ်အပေါ်ထားသည့် အလုပ်အမြင် ဖြစ်ပါသည်။

အလုပ်တိုင်းကို လုပ်သင့်မလုပ်သင့် တွေးဆနိုင်စွမ်းရှိရမည်။ အတွေးနောက်တွင် အလုပ်ကို တကယ်လုပ်မည့် စိတ်ပါရမည်ကို ဆိုလိုသည်။ တွေးပြီးရင်းတွေး၊ မဆုံးဖြတ်နိုင်သေးသောကြောင့် မလုပ်ဖြစ်သေးဟုဆိုကာ အချိန်ကြာမြင့်စွာထိုင်ကာ အချိန်မဖြုန်းသင့်ပါ။ အချို့အလုပ်များမှာ အခွင့်အရေးကို နှစ်ကြိမ်မရနိုင်သောကြောင့် ဖြစ်သည်။

ပထမဆုံး ဘာလုပ်ချင်သနည်း။ လုပ်ချင်သည့် အလုပ်များအားလုံးကို စာရွက်တစ်ရွက်ပေါ်တွင် ချရေးထားလိုက်ပါ။ တစ်ခုပြီးတစ်ခု အသေးစိတ် မှတ်ချက်များကို ချရေးလိုက်ခြင်းဖြင့် အလုပ်တိုင်းကို မည်သည့်အလုပ်အား ဦးစားပေးသင့်ကြောင်း ပေါ်လွင်လာနိုင်ပါသည်။

အဆင်မပြေသည့်၊ မိမိနှင့်မသင့်ဟုထင်သည့် အလုပ်များကို တစ်ခုပြီးတစ်ခု ပယ်လိုက်ပါ။ အားလုံးကို မလိုအပ်ပါ။ အလိုအပ်ဆုံး၊ အလုပ်ချင်ဆုံး၊ အလုပ်သင့်ဆုံးအလုပ်ကို နောက်ဆုံးကျန်သည်အထိ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သည့် အနေအထားများနှင့်ဆက်စပ်ပြီး ရွေးလိုက်ပါ။ ဖြစ်ချင်သည်ထက်၊ ဖြစ်သင့်သည်ကို ဦးစားပေး ရွေးချယ်လိုက်ပါ။

recommended for you  - မိမိ အရည်အချင်းနှင့် မမှီသော အလုပ်ကို လျှောက်သင့် မလျှောက်သင့်

အလုပ်ဆိုသည်မှာ သင်ယူမှုရှိနေရမည် ဖြစ်သည်။ မည်မျှသင်ယူရမည်နည်း။ ထာဝရသင်ယူရမည်ဖြစ်သည်။ ထာဝရသင်ယူပြီး ဆန်းသစ်တီတွင်နိုင်မှ အလုပ်လည်းအောင်မြင်၊ ကိုယ်လည်း ပျော်ရွှင်နိုင်သည်။ သို့မဟုတ် တာဝန်တစ်ခုလို ဖိစီးပြီး ရုန်းနေရသောကြောင့် လေးလံနေပေလိမ့်မည်။

အလုပ်ဆိုသည်မှာ မိမိ၏ အရိပ်အာဝါသတစ်ခုဖြစ်သည်။ အရိပ်ခိုပြီး အခက်မချိုးမိရန်လိုသည်။ အရိပ်ကောင်း တစ်ခုအောက်သို့ ရောက်နေလျှင်လည်း သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနေနိုင်သည်ဆိုသော ကျေးဇူးကို ထောက်ထားရန်လိုသည်။

အချို့သောသူများသည် အရိပ်ခိုပြီး အခက်မချိုးဟု မိမိကိုယ်မိမိ ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အခက်မချိုးဘဲ အပင်ကို ဓားနှင့်ခုတ်နေမှန်း သိချင်မှ သိကြသည်။ စိတ်ဓာတ်တွေ ပြုပြင်ရမည့်ထဲတွင် အလုပ်ကို မလုပ်မီကတည်းက တွေးထားသင့်သော (တွေးအလုပ်) ဖြစ်သည်။

နောက်ဆုံးအနေနှင့် ကျန်သည့်အလုပ်ကို မည်မျှအထိ လုပ်နိုင်မည်နည်းဆိုသည့် အတိုင်းအတာအထိ ရွေးချယ်ကြည့်လိုက်ပါ။ ငါ့ဘ၀အတွက် ထိုအလုပ်သည် မည်မျှအထိလုပ်ကိုင်ရန် သင့်လျော်မည်နည်းဟု တွေးကြည့်ထားပါ။ တစ်သက်လုံးလား၊ တစ်နှစ်လား၊ တစ်လလား ကြိုတင်တွေးဆထားသင့်ပါသည်။

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။ 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

source; The Voice

recommended for you - အောင်မြင်ဖို့အတွက် သင် စွန့်လွှတ်ရမှာတွေ

Read times Last modified on Wednesday, 08 January 2020 14:18
Rate this articles
(1 Vote)