×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 21 February 2020

"Know - Do gap ​ေတြ က်ဥ္း​ေစဖို႔"

"Know - Do gap ​ေတြ က်ဥ္း​ေစဖို႔" pexels

တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲျခင္း၊ ကိုယ့္အျပဳအမူေတြကို ေျပာင္းလဲျခင္းဟာ အရာအားလုံးအတြက္ အေရးႀကီးပါတယ္။

ေဆးလိပ္ေသာက္ေနတဲ့သူေတြဟာ ေဆးလိပ္ရဲ႕ ဆိုးက်ိဳးကို မသိလို႔ ေသာက္ေနတာ မဟုတ္ပါဘူး။ သိသိႀကီးနဲ႔ မျဖတ္ႏိုင္လို႔ ေသာက္ေနတာပါ။ အလုပ္ႀကိဳးစားရင္၊ ပညာႀကိဳးစားရင္ တိုးတက္မယ္၊ ေအာင္ျမင္မယ္ ဆိုတာ လူတိုင္းသိပါတယ္။ ဒါေပမဲ့ လူတိုင္းကေတာ့ လက္ေတြ႕မွာ ႀကိဳးစားေနၾကတာ မဟုတ္ပါဘူး။ ဝိတ္ခ်ခ်င္ရင္ ေလ့က်င့္ခန္း လုပ္ရမယ္။ အစားအေသာက္ ထိန္းရမယ္ ဆိုတာ သိပါတယ္။ တကယ္တမ္း ေရရွည္ မလုပ္ႏိုင္ၾကပါဘူး။ အဲ့လိုသိျခင္းနဲ႔ လုပ္ျခင္းၾကားက Know-Do gap ႀကီးေနရင္ ဘယ္ေလာက္ပဲ သိတာေတြ မ်ားေနပါေစ ကြၽန္ေတာ္တို႔အတြက္ ဘာမွထူးျခားမႈ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါဆို ကိုယ္သိထားတဲ့အတိုင္း လက္ေတြ႕ လုပ္ႏိုင္ဖို႔အတြက္ ဘာေတြလိုမလဲ။

 

- အရင္ဆုံးအေနနဲ႔ "ေျပာင္းလဲခ်င္စိတ္" လိုပါတယ္။

မေျပာင္းလဲခ်င္တဲ့သူကို ေျပာင္းလဲလာေအာင္ ဘယ္သူကမွ လုပ္ေပးလို႔ မရပါဘူး။ ေျပာင္းလဲခ်င္တဲ့သူကိုပဲ တကယ္ေျပာင္းလဲႏိုင္ေအာင္ ကူညီေပးလို႔ ရတာပါ။ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္စဥ္းစားၾကည့္ပါ။ ကြၽန္ေတာ္တို႔ ေျပာင္းလဲႏိုင္ခဲ့တဲ့ အရာေတြအားလုံးဟာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ စိတ္ဆႏၵျပင္းျပစြာ လုပ္ခဲ့ၾကတာပါ။ ဘယ္သူ တိုက္တြန္းလို႔မွ မဟုတ္သလို ႏွစ္တစ္ႏွစ္ ေျပာင္းသြားလို႔ ထလုပ္ခဲ့တာလည္း မဟုတ္ဘူး။ တခုခုကို တကယ္ေျပာင္းလဲခ်င္တဲ့သူဟာလည္း ႏွစ္သစ္တစ္ခုအစကို ထိုင္ေစာင့္မေနပါဘူး။ ခ်က္ခ်င္းကို ေျပာင္းလဲလိုက္တာပါပဲ။ အဲ့လို ဘယ္ေတာ့လုပ္မယ္ ဆိုၿပီး ေစာင့္ေနတယ္ ဆိုကတည္းကိုက ဒါဟာ ကိုယ္တကယ္ေျပာင္းလဲခ်င္တာ မဟုတ္ေသးလို႔ပဲ။ ဒါေၾကာင့္ ႏွစ္သစ္ကူးမွ စိတ္ကူးထေပါက္ၿပီး လုပ္လိုက္တဲ့ New Year Resolution ေတြက ပထမလေလာက္မွာတင္ အကုန္ပ်က္ကုန္ေတာ့တာ ျဖစ္ပါတယ္။

အဲ့လိုေျပာင္းလဲခ်င္စိတ္ ျဖစ္ဖို႔ကေတာ့ ကြၽန္ေတာ္တို႔ကို လႈံ႕ေဆာ္ေပးမယ့္အရာ တစ္ခုခု လိုပါတယ္။ ဥပမာ သြားနဲ႔ ခံတြင္း သန႔္ရွင္းဖို႔ ဘယ္ေလာက္ေျပာေျပာ လိုက္မလုပ္ဘူး။ ဒါေပမဲ့ ခ်စ္သူရွိလာၿပီဆိုမွ ခံတြင္းနံ႔ မနံခ်င္လို႔ သန႔္ရွင္းေရးကို အသည္းအသန္ ဂ႐ုစိုက္တာမ်ိဳး။ တစ္သက္လုံး ျဖစ္သလို ေနလာၿပီး အိမ္ေထာင္က်သြားမွ၊ ကေလးရသြားမွ အလုပ္ေတြ ႀကိဳးစားလာတာမ်ိဳး၊ အဲ့ဒီလို လႈံ႕ေဆာ္မႈတခုခု လိုပါတယ္။ အဲဒါမွပဲ ေျပာင္းလဲခ်င္စိတ္က ရွိလာမွာပါ။ အၾကမ္းအားျဖင့္ေတာ့ ေၾကာက္စိတ္လား၊ ျဖစ္ခ်င္စိတ္လား၊ ႏွစ္မ်ိဳးထဲက တစ္မ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဘာမွလည္း မျဖစ္ခ်င္ဘူး၊ ဘာကိုမွလည္း မေၾကာက္တတ္ဘူး ဆိုတဲ့သူေတြကေတာ့ ဘဝကို ခပ္ေအးေအးပဲ ျဖတ္သန္းမယ္။ ေျပာင္းလဲခ်င္စိတ္လည္း မရွိၾကပါဘူး။

Sayar Guice banner design 2 3

- ဒုတိယတစ္ခ်က္ကေတာ့ "ခံယူခ်က္" ပါ။

ကြၽန္ေတာ္တို႔ ေဆးပညာမွာ KAP လို႔ ေခၚပါတယ္။ Knowledge (အသိ)၊ Attitude (ခံယူခ်က္) နဲ႔ Practice (လက္ေတြ႕ လုပ္ေဆာင္မႈ) ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲတဲ့ေနရာမွာ အဲ့ဒီခံယူခ်က္ (Attitude) ကလည္း သိပ္အေရးႀကီးပါတယ္။ ဥပမာ က်န္းမာေရးနဲ႔ပဲ ဆိုပါေတာ့။ ဒီအစားအေသာက္ေတြက က်န္းမာေရးနဲ႔ မညီၫႊတ္တာ သိတယ္။ ဒါေပမဲ့ သူက ေတြးတယ္၊ ငါက ငယ္ေသးတာပဲ၊ ဒီေလာက္ေလး စားလို႔ ဘာမွ မျဖစ္ပါဘူး၊ ဒါမွမဟုတ္လည္း စားႏိုင္ေသာက္ႏိုင္တုန္း အ႐ြယ္မွာ ေကာင္းေကာင္းစားရမယ္၊ စားလည္း ေရာဂါက ျဖစ္မွာပဲ၊ မစားလည္း ေရာဂါက ျဖစ္မွာပဲ စသျဖင့္ ေတြးေနမယ္ဆိုရင္ ဒီလိုအစားအေသာက္ေတြကို ေရွာင္ျခင္းဆိုတဲ့ လက္ေတြ႕လုပ္ေဆာင္မႈကို ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး။

ဘဝတိုးတက္ေရးနဲ႔ ပတ္သက္ရင္လည္း ဒီလိုပဲ။ ႀကိဳးစားရင္ တိုးတက္မယ္၊ ျမင့္မားမယ္ဆိုတာ သိတယ္။ ဒါေပမဲ့ ငါ့မိဘကမွ မခ်မ္းသာတာ၊ ငါလည္း ဒီေလာက္ပဲ ျဖစ္မွာေပါ့၊ အေမတို႔ကမွ ငါ့ကို ေက်ာင္းေကာင္းေကာင္း မထားေပးခဲ့တာကိုး စသျဖင့္ ေတြးေနမယ့္သူ၊ ကိုယ့္ဘဝရဲ႕ မေအာင္ျမင္မႈေတြဟာ ကံတရားေၾကာင့္ ျဖစ္ေနတာလို႔ ပုံခ်မယ့္သူ၊ ကိုယ္ႀကဳံေနရသမွ် အခက္အခဲ ျပႆနာေတြဟာ မျပည့္စုံတဲ့ မိဘေၾကာင့္လို႔ ေတြးေနတဲ့သူေတြကေတာ့ ဘယ္ေတာ့မွ လက္ေတြ႕ ႀကိဳးစားလာမွာ မဟုတ္ပါဘူး။

 

 

- ေနာက္ဆုံးတစ္ခ်က္ ေဝမွ်ခ်င္တာကေတာ့ "ပတ္ဝန္းက်င္" ပါ။

ေလ့က်င့္ခန္း လုပ္ခ်င္တယ္၊ လုပ္စရာ ေနရာ မရွိဘူး။ ေဆးလိပ္မေသာက္ေတာ့ဘူး၊ အရက္မေသာက္ေတာ့ဘူး။ ဒါေပမဲ့ အဲ့ဒါေတြက ကိုယ့္ပတ္ဝန္းက်င္မွာ ေပါေပါမ်ားမ်ား ရွိေနတယ္၊ အဲ့လိုေသာက္တတ္သူေတြနဲ႔ ကိုယ္က ေပါင္းေနမယ္ဆို ျဖတ္ဖို႔ရာ မလြယ္ဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲႏိုင္ဖို႔အတြက္ ပတ္ဝန္းက်င္ေကာင္းကိုလည္း စနစ္တက် တည္ေဆာက္တတ္ဖို႔ လိုမယ္။

ေကာင္းတဲ့အရာေတြဆို ပိုလုပ္ျဖစ္ေအာင္၊ လြယ္ေအာင္ လုပ္ထား။ မေကာင္းတဲ့အရာေတြဆို မလုပ္မိေအာင္၊ လုပ္ရခက္ေအာင္ လုပ္ထား။ ဒါဆို အေျပာင္းအလဲ လုပ္ရတာ လြယ္လိမ့္မယ္။

ပညာတစ္ခုကို ေလ့လာမယ္ဆို တြဲေလ့လာမယ့္သူ ရွာထား။ ဒါဆို ကိုယ္က ေက်ာင္းေျပးခ်င္ရင္ေတာင္ သူက ေက်ာင္းတက္ဖို႔၊ စာလုပ္ဖို႔ တိုက္တြန္းလိမ့္မယ္။ ကိုယ္ ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာ၊ ဘယ္လိုအေျခအေနမ်ိဳးမွာ အလုပ္လုပ္ရ၊ စာေလ့လာရတာ ေကာင္းသလဲ ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္။ အဲဒီအတိုင္း ဖန္တီး။ ညဘက္ အစားေလွ်ာ့စားခ်င္တယ္ဆို ဘယ္ဆိုင္မွ သြားမထိုင္နဲ႔။ အိမ္မွာလည္း မုန႔္ပဲသြားရည္စာေတြ ဝယ္မထားနဲ႔။ အင္တာနက္ အသုံးမ်ားေနတယ္ဆို ဖုန္းကို မျမင္ကြယ္ရာမွာ ထားထား။ ဖုန္းကို ျမင္တာနဲ႔ ကိုင္ကိုင္မိတတ္လို႔။ Social media ေတြကို Log out လုပ္ထား။ ဒါမွ တစ္ခါတစ္ခါ password ႐ိုက္ေနရတာ ၾကာေတာ့ ေတာ္႐ုံနဲ႔ ျပန္မဝင္ျဖစ္ေတာ့ဘူး။ ဒီလိုမ်ိဳး ကိုယ့္ပတ္ဝန္းက်င္ကို ေျပာင္းလဲႏိုင္မွပဲ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး စနစ္တက် ေျပာင္းလဲႏိုင္ပါလိမ့္မယ္။ သိပ္ကိုမွ စိတ္ခိုင္တယ္၊ ဘယ္ေလာက္အေျခအေနမ်ိဳးျဖစ္ျဖစ္ ဒါကို လုံးဝမလုပ္ဘူး၊ ဒါမွမဟုတ္ လုပ္ကိုလုပ္မယ္ ဆိုတဲ့သူေတြကေတာ့ တစ္မ်ိဳးေပါ့။ အမ်ားစုအတြက္ကေတာ့ ကိုယ့္ကို ပံ့ပိုးေပးမယ့္ ပတ္ဝန္းက်င္ေကာင္းရွိဖို႔က လိုအပ္ပါလိမ့္မယ္။

တကယ္ေတာ့ လူတစ္ေယာက္ ေျပာင္းလဲဖို႔ဟာ သိပ္ခက္ပါတယ္။ သိေတာ့သိတယ္၊ မလုပ္ႏိုင္ၾကဘူး။ တခ်ိဳ႕လည္း စမ္းလုပ္ၾကည့္ၿပီးမွ ေရရွည္ ဆက္မလုပ္ျဖစ္ေတာ့တာေတြလည္း ရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္သိထားတာေတြကို ဘယ္ေလာက္ထိ ေျပာင္းလဲႏိုင္သလဲ ဆိုတဲ့အေပၚ မူတည္ၿပီးပဲ ဘဝေတြက ကြာျခားကုန္ၾကတာပါ။ ဒါေၾကာင့္ အဲ့လိုအေျပာင္းအလဲ လုပ္ဖို႔မွာ အသုံးဝင္ႏိုင္တဲ့ အခ်က္ ၃ ခ်က္ကို ေဝမွ်လိုက္ပါတယ္။ တစ္စုံတစ္ရာ အက်ိဳးရွိမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

Sayar Guice banner design 2 3

 

​ေဒါက္တာ ၿဖိဳးသီဟ

 

Unicode ဖြင့်ဖတ်ရန်
"Know - Do gap တွေ ကျဉ်းစေဖို့"

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်း၊ ကိုယ့်အပြုအမူတွေကို ပြောင်းလဲခြင်းဟာ အရာအားလုံးအတွက် အရေးကြီးပါတယ်။ ဆေးလိပ်သောက်နေတဲ့သူတွေဟာ ဆေးလိပ်ရဲ့ ဆိုးကျိုးကို မသိလို့ သောက်နေတာ မဟုတ်ပါဘူး။ သိသိကြီးနဲ့ မဖြတ်နိုင်လို့ သောက်နေတာပါ။ အလုပ်ကြိုးစားရင်၊ ပညာကြိုးစားရင် တိုးတက်မယ်၊ အောင်မြင်မယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ လက်တွေ့မှာ ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ဝိတ်ချချင်ရင် လေ့ကျင့်ခန်း လုပ်ရမယ်။ အစားအသောက် ထိန်းရမယ် ဆိုတာ သိပါတယ်။ တကယ်တမ်း ရေရှည် မလုပ်နိုင်ကြပါဘူး။ အဲ့လိုသိခြင်းနဲ့ လုပ်ခြင်းကြားက Know-Do gap ကြီးနေရင် ဘယ်လောက်ပဲ သိတာတွေ များနေပါစေ ကျွန်တော်တို့အတွက် ဘာမှထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါဆို ကိုယ်သိထားတဲ့အတိုင်း လက်တွေ့ လုပ်နိုင်ဖို့အတွက် ဘာတွေလိုမလဲ။

 

- အရင်ဆုံးအနေနဲ့ "ပြောင်းလဲချင်စိတ်" လိုပါတယ်။

မပြောင်းလဲချင်တဲ့သူကို ပြောင်းလဲလာအောင် ဘယ်သူကမှ လုပ်ပေးလို့ မရပါဘူး။ ပြောင်းလဲချင်တဲ့သူကိုပဲ တကယ်ပြောင်းလဲနိုင်အောင် ကူညီပေးလို့ ရတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့တဲ့ အရာတွေအားလုံးဟာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ဆန္ဒပြင်းပြစွာ လုပ်ခဲ့ကြတာပါ။ ဘယ်သူ တိုက်တွန်းလို့မှ မဟုတ်သလို နှစ်တစ်နှစ် ပြောင်းသွားလို့ ထလုပ်ခဲ့တာလည်း မဟုတ်ဘူး။ တခုခုကို တကယ်ပြောင်းလဲချင်တဲ့သူဟာလည်း နှစ်သစ်တစ်ခုအစကို ထိုင်စောင့်မနေပါဘူး။ ချက်ချင်းကို ပြောင်းလဲလိုက်တာပါပဲ။ အဲ့လို ဘယ်တော့လုပ်မယ် ဆိုပြီး စောင့်နေတယ် ဆိုကတည်းကိုက ဒါဟာ ကိုယ်တကယ်ပြောင်းလဲချင်တာ မဟုတ်သေးလို့ပဲ။ ဒါကြောင့် နှစ်သစ်ကူးမှ စိတ်ကူးထပေါက်ပြီး လုပ်လိုက်တဲ့ New Year Resolution တွေက ပထမလလောက်မှာတင် အကုန်ပျက်ကုန်တော့တာ ဖြစ်ပါတယ်။

အဲ့လိုပြောင်းလဲချင်စိတ် ဖြစ်ဖို့ကတော့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးမယ့်အရာ တစ်ခုခု လိုပါတယ်။ ဥပမာ သွားနဲ့ ခံတွင်း သန့်ရှင်းဖို့ ဘယ်လောက်ပြောပြော လိုက်မလုပ်ဘူး။ ဒါပေမဲ့ ချစ်သူရှိလာပြီဆိုမှ ခံတွင်းနံ့ မနံချင်လို့ သန့်ရှင်းရေးကို အသည်းအသန် ဂရုစိုက်တာမျိုး။ တစ်သက်လုံး ဖြစ်သလို နေလာပြီး အိမ်ထောင်ကျသွားမှ၊ ကလေးရသွားမှ အလုပ်တွေ ကြိုးစားလာတာမျိုး၊ အဲ့ဒီလို လှုံ့ဆော်မှုတခုခု လိုပါတယ်။ အဲဒါမှပဲ ပြောင်းလဲချင်စိတ်က ရှိလာမှာပါ။ အကြမ်းအားဖြင့်တော့ ကြောက်စိတ်လား၊ ဖြစ်ချင်စိတ်လား၊ နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာမှလည်း မဖြစ်ချင်ဘူး၊ ဘာကိုမှလည်း မကြောက်တတ်ဘူး ဆိုတဲ့သူတွေကတော့ ဘဝကို ခပ်အေးအေးပဲ ဖြတ်သန်းမယ်။ ပြောင်းလဲချင်စိတ်လည်း မရှိကြပါဘူး။

 

 

- ဒုတိယတစ်ချက်ကတော့ "ခံယူချက်" ပါ။

ကျွန်တော်တို့ ဆေးပညာမှာ KAP လို့ ခေါ်ပါတယ်။ Knowledge (အသိ)၊ Attitude (ခံယူချက်) နဲ့ Practice (လက်တွေ့ လုပ်ဆောင်မှု) ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့နေရာမှာ အဲ့ဒီခံယူချက် (Attitude) ကလည်း သိပ်အရေးကြီးပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ပဲ ဆိုပါတော့။ ဒီအစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွှတ်တာ သိတယ်။ ဒါပေမဲ့ သူက တွေးတယ်၊ ငါက ငယ်သေးတာပဲ၊ ဒီလောက်လေး စားလို့ ဘာမှ မဖြစ်ပါဘူး၊ ဒါမှမဟုတ်လည်း စားနိုင်သောက်နိုင်တုန်း အရွယ်မှာ ကောင်းကောင်းစားရမယ်၊ စားလည်း ရောဂါက ဖြစ်မှာပဲ၊ မစားလည်း ရောဂါက ဖြစ်မှာပဲ စသဖြင့် တွေးနေမယ်ဆိုရင် ဒီလိုအစားအသောက်တွေကို ရှောင်ခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။

ဘဝတိုးတက်ရေးနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ။ ကြိုးစားရင် တိုးတက်မယ်၊ မြင့်မားမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါ့မိဘကမှ မချမ်းသာတာ၊ ငါလည်း ဒီလောက်ပဲ ဖြစ်မှာပေါ့၊ အမေတို့ကမှ ငါ့ကို ကျောင်းကောင်းကောင်း မထားပေးခဲ့တာကိုး စသဖြင့် တွေးနေမယ့်သူ၊ ကိုယ့်ဘဝရဲ့ မအောင်မြင်မှုတွေဟာ ကံတရားကြောင့် ဖြစ်နေတာလို့ ပုံချမယ့်သူ၊ ကိုယ်ကြုံနေရသမျှ အခက်အခဲ ပြဿနာတွေဟာ မပြည့်စုံတဲ့ မိဘကြောင့်လို့ တွေးနေတဲ့သူတွေကတော့ ဘယ်တော့မှ လက်တွေ့ ကြိုးစားလာမှာ မဟုတ်ပါဘူး။

Sayar Guice banner design 2 3

 

 

- နောက်ဆုံးတစ်ချက် ဝေမျှချင်တာကတော့ "ပတ်ဝန်းကျင်" ပါ။

လေ့ကျင့်ခန်း လုပ်ချင်တယ်၊ လုပ်စရာ နေရာ မရှိဘူး။ ဆေးလိပ်မသောက်တော့ဘူး၊ အရက်မသောက်တော့ဘူး။ ဒါပေမဲ့ အဲ့ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ပေါပေါများများ ရှိနေတယ်၊ အဲ့လိုသောက်တတ်သူတွေနဲ့ ကိုယ်က ပေါင်းနေမယ်ဆို ဖြတ်ဖို့ရာ မလွယ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း စနစ်တကျ တည်ဆောက်တတ်ဖို့ လိုမယ်။

ကောင်းတဲ့အရာတွေဆို ပိုလုပ်ဖြစ်အောင်၊ လွယ်အောင် လုပ်ထား။ မကောင်းတဲ့အရာတွေဆို မလုပ်မိအောင်၊ လုပ်ရခက်အောင် လုပ်ထား။ ဒါဆို အပြောင်းအလဲ လုပ်ရတာ လွယ်လိမ့်မယ်။

ပညာတစ်ခုကို လေ့လာမယ်ဆို တွဲလေ့လာမယ့်သူ ရှာထား။ ဒါဆို ကိုယ်က ကျောင်းပြေးချင်ရင်တောင် သူက ကျောင်းတက်ဖို့၊ စာလုပ်ဖို့ တိုက်တွန်းလိမ့်မယ်။ ကိုယ် ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမျိုးမှာ အလုပ်လုပ်ရ၊ စာလေ့လာရတာ ကောင်းသလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်။ အဲဒီအတိုင်း ဖန်တီး။ ညဘက် အစားလျှော့စားချင်တယ်ဆို ဘယ်ဆိုင်မှ သွားမထိုင်နဲ့။ အိမ်မှာလည်း မုန့်ပဲသွားရည်စာတွေ ဝယ်မထားနဲ့။ အင်တာနက် အသုံးများနေတယ်ဆို ဖုန်းကို မမြင်ကွယ်ရာမှာ ထားထား။ ဖုန်းကို မြင်တာနဲ့ ကိုင်ကိုင်မိတတ်လို့။ Social media တွေကို Log out လုပ်ထား။ ဒါမှ တစ်ခါတစ်ခါ password ရိုက်နေရတာ ကြာတော့ တော်ရုံနဲ့ ပြန်မဝင်ဖြစ်တော့ဘူး။ ဒီလိုမျိုး ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်မှပဲ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စနစ်တကျ ပြောင်းလဲနိုင်ပါလိမ့်မယ်။ သိပ်ကိုမှ စိတ်ခိုင်တယ်၊ ဘယ်လောက်အခြေအနေမျိုးဖြစ်ဖြစ် ဒါကို လုံးဝမလုပ်ဘူး၊ ဒါမှမဟုတ် လုပ်ကိုလုပ်မယ် ဆိုတဲ့သူတွေကတော့ တစ်မျိုးပေါ့။ အများစုအတွက်ကတော့ ကိုယ့်ကို ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းရှိဖို့က လိုအပ်ပါလိမ့်မယ်။

တကယ်တော့ လူတစ်ယောက် ပြောင်းလဲဖို့ဟာ သိပ်ခက်ပါတယ်။ သိတော့သိတယ်၊ မလုပ်နိုင်ကြဘူး။ တချို့လည်း စမ်းလုပ်ကြည့်ပြီးမှ ရေရှည် ဆက်မလုပ်ဖြစ်တော့တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိထားတာတွေကို ဘယ်လောက်ထိ ပြောင်းလဲနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ဘဝတွေက ကွာခြားကုန်ကြတာပါ။ ဒါကြောင့် အဲ့လိုအပြောင်းအလဲ လုပ်ဖို့မှာ အသုံးဝင်နိုင်တဲ့ အချက် ၃ ချက်ကို ဝေမျှလိုက်ပါတယ်။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

 

 

 

ဒေါက်တာ ဖြိုးသီဟ

Read times Last modified on Friday, 21 February 2020 16:34
Rate this articles
(0 votes)