×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 09 November 2020

ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့တွေးမိတဲ့အခါ . . . .

ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့တွေးမိတဲ့အခါ ဒီအချက် ( ၅ ) ချက်ကို သတိရပါ။

သူငယ်ချင်း ခုရက်ပိုင်းအတွင်းမှာ ကိုယ့်ကိုယ်ကို အသုံးမဝင်တဲ့လူ လို့ ခံစားနေရလား ???
သူငယ်ချင်းရဲ့ ယုံကြည်ချက်တွေ အနှုတ်လက္ခဏာ ဆောင်နေပါသလား ???


ဒီလိုဆိုရင်တော့ သူငယ်ချင်းအတွက် အထောက်အကူဖြစ်မယ့် အချက် ( ၅ ) ချက် ကို ပြောပြပေးပါ့မယ်

 

( ၁ ) ဒီခံစားချက်တွေ က တစ်ခဏတာ ဆိုတာ သတိရပါ
သူငယ်ချင်းရဲ့ ဘဝမှာ ခံစားချက်တွေက ဘယ်တော့မှ အဆိုးမရပါဘူး။ အချိန်တိုင်းပြောင်းလဲနေတာပါ။ သူငယ်ချင်းလည်း ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဘူးလို့တွေးမိတဲ့အခါ ဒီခံစားချက်က ယာယီပဲ၊ အဆင်မပြေမှုတွေဟာလည်း ခဏတာပဲ ဆိုတာ သတိရပါ။

 

( ၂ ) ကမ္ဘာ့အအောင်မြင်ဆုံး ပုဂ္ဂိုလ် တွေလည်း ဒီလို ခံစားဖူးကြတယ် ဆိုတာ သတိရပါ။
လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဆန္ဒတွေ ရှိကြပါတယ် အဲဒီ့ဆန္ဒတွေ မပြည့်ဝတဲ့အခါ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူး လို့ တွေးမိကြတာပါ။ ဒီလို တွေးမိတာဟာ သူငယ်ချင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ လူမှုကွန်ယက်စာမျက်နှာ ( Facebook ) ကို တည်ထောင်ခဲ့တဲ့ "မက်ဇူကာဘက်"တောင် သူ့ရဲ့ တခြားဆော့ဖ်ဝဲတွေ မအောင်မြင်ခဲ့တုန်းက သူကိုယ်တိုင်လည်း စိတ်ဓာတ်ကျ လမ်းပျောက်နေခဲ့ဖူးတယ် လို့ ဆိုပါတယ်။

 

( ၃ ) ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူး လို့တွေးတာရဲ့ ဆန့်ကျင်ဘက် ကို တွေးကြည့်ပါ။
သူငယ်ချင်း ရဲ့ ယာယီအဆင်မပြေမှုတွေကြောင့် ကိုယ့်ရဲ့တန်ဖိုးကို သံသယဝင်တာက ဖြစ်သင့်ပေမယ့် ကိုယ့်ရဲ့တန်ဖိုးကို အကြွင်းမဲ့မယုံကြည်တာကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူး လို့ ခံစားလာရရင် ဘာကြောင့်အဲ့လိုခံစားနေရလဲဆိုတာကို ရှာဖွေပြီး တန်ဖိုးမရှိတာရဲ့ ဆန့်ကျင်ဘက် ကိုတွေးကြည့်ပါ ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ် လို့ တွေးမိရင် သူငယ်ချင်း ရဲ့ ယုံကြည်မှုတွေ ခွန်အားတွေ တစ်ရှိန်ထိုး တိုးတက်လာပြီး ဘာပဲလုပ်လုပ် ပြီးမြောက်အောင်မြင်လာမှာပါ။

 

( ၄ ) မိမိရဲ့ အမှန်တရား ကို ရှာဖွေပါ။
ဆိုလိုတာက "ကိုယ့်ကိုယ်ကို ရိုးသားပါ"လို့ ပြောချင်တာပါ။ လူသားတွေရဲ့ ဦးနှောက် က ကွန်ပျူတာစက်တစ်လုံးလိုပါပဲ တစ်ခါတစ်လေမှာ ကိုယ်တိုင် သိမ်းလို့သိမ်းလိုက်မှန်းမသိတဲ့ အမှန်တရားတွေ ကို သူက သိမ်းပေးထားတတ်ပါတယ်။ ဥပမာ - ကိုယ်က စာကျက်စရာရှိတယ် ဒါပေမဲ့ ရပြီးသားပါ နောက်မှကျက်တော့မယ် ဆိုပြီး ထားလိုက်တယ်။ အဲ့တာကို ဦးနှောက် မပြီးသေးသောအလုပ် ဆိုပြီးမှတ်ထားလိုက်တာပါ။ မပြီးသေးတဲ့အလုပ်တွေ ထပ်တလဲလဲ ဖြစ်လာတဲ့အခါ မင်းရဲ့ လုပ်နိုင်စွမ်းတွေလည်း ကျဆင်းလာပါတယ်။ လုပ်နိုင်စွမ်းတွေ ကျဆင်းလာတဲ့အခါ ဘာလုပ်လုပ် မအောင်မြင်တော့ပါဘူ။း အဲ့မှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူး တန်ဖိုးမရှိဘူးဆိုတဲ့ အတွေးတွေ ဝင်လာတာပါ။

ဆိုတော့ သူငယ်ချင်းအနေနဲ့ အဲ့လို အတွေးတွေ ဝင်မလာဖို့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ မှန်ကန်ဖို့လိုပါတယ်။

 

( ၅ ) တခြားတစ်ခုခုကို အာရုံပြောင်းကြည့်ပါ။
စိတ်တအားပင်ပန်းလာတဲ့အခါ စိတ်သက်သာမဲ့အရာတစ်ခုခုဆီ အာရုံစိုက်လိုက်ပါ။ တခြားကို အာရုံပြောင်းဖို့အတွက်ဆို တစ်ခုကို အာရုံဖြတ်ရပါတယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဘူးလို့ တွေးမိတဲ့အခါ အဲ့အတွေး ကို အကြောက်အကန် မငြင်းပယ်ပါနဲ့ ။ လက်ခံလိုက်ပါ။ ပြီးရင် ကိုယ်စိတ်သက်သာမဲ့ အရာတစ်ခုကို လုပ်ကြည့်ပါ ။ အားလုံးတည်ငြိမ်သွားရင်တော့ ကိုယ့်တန်ဖိုးကို နောက်တစ်ခါတည်ဆောက်ပါ။

 

လောကမှာ အမြဲတမ်းချည်း ကောင်းသောအချိန်တွေပဲ မဟုတ်ပါဘူး တစ်ခါတစ်ရံ အဆင်မပြေမှုတွေများလာတဲ့အခါ သူသူငါငါ "Self Esteem" ပျောက်ဆုံးတတ်ပါတယ်။ ပျောက်တာ ပြဿနာမဟုတ်ပါဘူး ပြန်မရှာတာက ပြဿနာပါ။ ဒီတော့ အားလုံး ကိုယ့်တန်ဖိုးတွေ ပျောက်ဆုံးနေတဲ့အခါ တွေ့အောင်ပြန်ရှာပါ။


အားလုံးမှာ ကိုယ်ပိုင်တန်ဖိုးတွေ ရှိတယ်ဆိုတာကို လုံး၀ မမေ့ပါနဲ့။

 

ကိုယ့္ကိုယ္ကို တန္ဖိုးမရွိဘူးလို႔ေတြးမိတဲ့အခါ ဒီအခ်က္ ( ၅ ) ခ်က္ကို သတိရပါ။

သူငယ္ခ်င္း ခုရက္ပိုင္းအတြင္းမွာ ကိုယ့္ကိုယ္ကို အသုံးမဝင္တဲ့လူ လို႔ ခံစားေနရလား ???
သူငယ္ခ်င္းရဲ႕ ယုံၾကည္ခ်က္ေတြ အႏႈတ္လကၡဏာ ေဆာင္ေနပါသလား ???
ဒီလိုဆိုရင္ေတာ့ သူငယ္ခ်င္းအတြက္ အေထာက္အကူျဖစ္မယ့္ အခ်က္ ( ၅ ) ခ်က္ ကို ေျပာျပေပးပါ့မယ္

 

( ၁ ) ဒီခံစားခ်က္ေတြ က တစ္ခဏတာ ဆိုတာ သတိရပါ
သူငယ္ခ်င္းရဲ႕ ဘဝမွာ ခံစားခ်က္ေတြက ဘယ္ေတာ့မွ အဆိုးမရပါဘူး။ အခ်ိန္တိုင္းေျပာင္းလဲေနတာပါ။ သူငယ္ခ်င္းလည္း ကိုယ့္ကိုကိုယ္ တန္ဖိုးမရွိဘူးလို႔ေတြးမိတဲ့အခါ ဒီခံစားခ်က္က ယာယီပဲ၊ အဆင္မေျပမႈေတြဟာလည္း ခဏတာပဲ ဆိုတာ သတိရပါ။

 

( ၂ ) ကမာၻ႔အေအာင္ျမင္ဆုံး ပုဂၢိဳလ္ ေတြလည္း ဒီလို ခံစားဖူးၾကတယ္ ဆိုတာ သတိရပါ။
လူတိုင္းမွာ ကိုယ္စီကိုယ္စီ ဆႏၵေတြ ရွိၾကပါတယ္ အဲဒီ့ဆႏၵေတြ မျပည့္ဝတဲ့အခါ ကိုယ့္ကိုယ္ကို တန္ဖိုးမရွိဘူး လို႔ ေတြးမိၾကတာပါ။ ဒီလို ေတြးမိတာဟာ သူငယ္ခ်င္းတစ္ေယာက္တည္းမဟုတ္ပါဘူး။ လူမႈကြန္ယက္စာမ်က္ႏွာ ( Facebook ) ကို တည္ေထာင္ခဲ့တဲ့ "မက္ဇူကာဘက္"ေတာင္ သူ႔ရဲ႕ တျခားေဆာ့ဖ္ဝဲေတြ မေအာင္ျမင္ခဲ့တုန္းက သူကိုယ္တိုင္လည္း စိတ္ဓာတ္က် လမ္းေပ်ာက္ေနခဲ့ဖူးတယ္ လို႔ ဆိုပါတယ္။

 

( ၃ ) ကိုယ့္ကိုယ္ကို တန္ဖိုးမရွိဘူး လို႔ေတြးတာရဲ႕ ဆန႔္က်င္ဘက္ ကို ေတြးၾကည့္ပါ။
သူငယ္ခ်င္း ရဲ႕ ယာယီအဆင္မေျပမႈေတြေၾကာင့္ ကိုယ့္ရဲ႕တန္ဖိုးကို သံသယဝင္တာက ျဖစ္သင့္ေပမယ့္ ကိုယ့္ရဲ႕တန္ဖိုးကို အႂကြင္းမဲ့မယုံၾကည္တာကေတာ့ လုံးဝမျဖစ္သင့္ပါဘူး။ ကိုယ့္ကိုယ္ကို တန္ဖိုးမရွိဘူး လို႔ ခံစားလာရရင္ ဘာေၾကာင့္အဲ့လိုခံစားေနရလဲဆိုတာကို ရွာေဖြၿပီး တန္ဖိုးမရွိတာရဲ႕ ဆန႔္က်င္ဘက္ ကိုေတြးၾကည့္ပါ ။ ကိုယ့္ကိုကိုယ္ တန္ဖိုးရွိတယ္ လို႔ ေတြးမိရင္ သူငယ္ခ်င္း ရဲ႕ ယုံၾကည္မႈေတြ ခြန္အားေတြ တစ္ရွိန္ထိုး တိုးတက္လာၿပီး ဘာပဲလုပ္လုပ္ ၿပီးေျမာက္ေအာင္ျမင္လာမွာပါ။

 

( ၄ ) မိမိရဲ႕ အမွန္တရား ကို ရွာေဖြပါ။
ဆိုလိုတာက "ကိုယ့္ကိုယ္ကို ႐ိုးသားပါ"လို႔ ေျပာခ်င္တာပါ။ လူသားေတြရဲ႕ ဦးေႏွာက္ က ကြန္ပ်ဴတာစက္တစ္လုံးလိုပါပဲ တစ္ခါတစ္ေလမွာ ကိုယ္တိုင္ သိမ္းလို႔သိမ္းလိုက္မွန္းမသိတဲ့ အမွန္တရားေတြ ကို သူက သိမ္းေပးထားတတ္ပါတယ္။ ဥပမာ - ကိုယ္က စာက်က္စရာရွိတယ္ ဒါေပမဲ့ ရၿပီးသားပါ ေနာက္မွက်က္ေတာ့မယ္ ဆိုၿပီး ထားလိုက္တယ္။ အဲ့တာကို ဦးေႏွာက္ မၿပီးေသးေသာအလုပ္ ဆိုၿပီးမွတ္ထားလိုက္တာပါ။ မၿပီးေသးတဲ့အလုပ္ေတြ ထပ္တလဲလဲ ျဖစ္လာတဲ့အခါ မင္းရဲ႕ လုပ္ႏိုင္စြမ္းေတြလည္း က်ဆင္းလာပါတယ္။ လုပ္ႏိုင္စြမ္းေတြ က်ဆင္းလာတဲ့အခါ ဘာလုပ္လုပ္ မေအာင္ျမင္ေတာ့ပါဘူ။း အဲ့မွာ ကိုယ့္ကိုယ္ကို အသုံးမက်ဘူး တန္ဖိုးမရွိဘူးဆိုတဲ့ အေတြးေတြ ဝင္လာတာပါ။
ဆိုေတာ့ သူငယ္ခ်င္းအေနနဲ႔ အဲ့လို အေတြးေတြ ဝင္မလာဖို႔ ကိုယ့္ကိုယ္ကို ႐ိုးသားဖို႔ မွန္ကန္ဖို႔လိုပါတယ္။

 

( ၅ ) တျခားတစ္ခုခုကို အာ႐ုံေျပာင္းၾကည့္ပါ။
စိတ္တအားပင္ပန္းလာတဲ့အခါ စိတ္သက္သာမဲ့အရာတစ္ခုခုဆီ အာ႐ုံစိုက္လိုက္ပါ။ တျခားကို အာ႐ုံေျပာင္းဖို႔အတြက္ဆို တစ္ခုကို အာ႐ုံျဖတ္ရပါတယ္။ ကိုယ့္ကိုကိုယ္ တန္ဖိုးမရွိဘူးလို႔ ေတြးမိတဲ့အခါ အဲ့အေတြး ကို အေၾကာက္အကန္ မျငင္းပယ္ပါနဲ႔ ။ လက္ခံလိုက္ပါ။ ၿပီးရင္ ကိုယ္စိတ္သက္သာမဲ့ အရာတစ္ခုကို လုပ္ၾကည့္ပါ ။ အားလုံးတည္ၿငိမ္သြားရင္ေတာ့ ကိုယ့္တန္ဖိုးကို ေနာက္တစ္ခါတည္ေဆာက္ပါ။

 

ေလာကမွာ အၿမဲတမ္းခ်ည္း ေကာင္းေသာအခ်ိန္ေတြပဲ မဟုတ္ပါဘူး တစ္ခါတစ္ရံ အဆင္မေျပမႈေတြမ်ားလာတဲ့အခါ သူသူငါငါ "Self Esteem" ေပ်ာက္ဆုံးတတ္ပါတယ္။ ေပ်ာက္တာ ျပႆနာမဟုတ္ပါဘူး ျပန္မရွာတာက ျပႆနာပါ။ ဒီေတာ့ အားလုံး ကိုယ့္တန္ဖိုးေတြ ေပ်ာက္ဆုံးေနတဲ့အခါ ေတြ႕ေအာင္ျပန္ရွာပါ။

 

အားလုံးမွာ ကိုယ္ပိုင္တန္ဖိုးေတြ ရွိတယ္ဆိုတာကို လံုး၀ မေမ့ပါနဲ႔။

Read times Last modified on Monday, 09 November 2020 15:44
Rate this articles
(0 votes)