×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 24 February 2021

ဘုရားကျောင်းကပ္ပိယကြီး Vs ရုံးစာရေး

ဘုရားကျောင်းကပ္ပိယကြီး Vs ရုံးစာရေး

ခု ရေးထားဖော်ပြထားတဲ့ ဝတ္ထုတိုလေး(၂)ပုဒ်မှာ ဘုရားကျောင်းကပ္ပိယကြီးဆိုတာကတော့ အရင်ခေတ်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပြီး ရုံးစာရေးဆိုတဲ့ ဝတ္ထုလေးကတော့ ဒီနေ့ခေတ် လူငယ်တွေ ပိုမိုသဘောပေါက်အောင်၊ ခေတ်ကာလနဲ့လိုက်လျောညီထွေအောင် ဘာသာပြန်ပြီး ရေးသားထားတာကို လေ့လာတွေ့ရရှိရပါတယ်။

စာဖတ်တဲ့သူတွေကို ရသ(၂)မျိုးလုံးရအောင် အရင်က ဝတ္ထုလေးနဲ့ ဒီနေ့ခေတ်ကို ထင်ဟပ်စေတဲ့ ဝတ္ထုလေးနှစ်ပုဒ်ကို ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ ဝတ္ထု(၂)ပုဒ်၊ ရသ(၂)မျိုးပေါ့။

 

ကဲ စလိုက်ရအောင်။
ကိုယ်အရင်ကဖတ်ဖူးတဲ့ဝတ္ထုနာမည်က "ဘုရားကျောင်း ကပ္ပိယကြီး"တဲ့။

ဟိုးအရင် ဒေသတစ်ခုရဲ့ နာမည်အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းကြီးတစ်ခုမှာ ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးတဲ့ ဘုရားကျောင်း ကပ္ပိယကြီး တစ်ယောက်ရှိလေသတဲ့။ ဒီကပ္ပိယကြီးက ဇနီးသည်နဲ့အတူနေထိုင်ပြီး မိုးလင်းကနေမိုးချုပ်အထိ ဘုရားကျောင်းရဲ့ဝေယျာဝစ္စတွေကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်အေးချမ်းသာစွာနဲ့ တာဝန်ထမ်းဆောင်လာတာ ကာလတော်တော်ကြာသွားခဲ့တယ်။

 

ဒီကပ္ပိယကြီးရဲ့က သူ့ကို တာဝန်ပေးထားတဲ့ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ဘယ်လိုကိစ္စမဆို မငြီးမငြူ၊ အပြုံးမပျက်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်ထမ်းဆောင်လေ့ရှိတယ်။ သူ့ရဲ့အားနည်းချက်တစ်ခုကတော့ သူက စာမတတ်ရှာဘူး။ ဒါကို ဘုရားကျောင်းရဲ့ အကြီးအကဲက သိပေမယ့် သူ့ရဲ့တာဝန်သိစိတ်၊ အလုပ်ကိုမငြီးငြူတဲ့စိတ်၊ အေးအေးချမ်းချမ်းနေတတ်တဲ့သူရဲ့အမူအကျင့်တွေကို သဘောကျလို့ ပြသနာတစ်စုံတစ်ရာမရှိဘဲ ကာလအတော်ကြာ လက်ခံထားတာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရားကျောင်းရဲ့အကြီးအကဲ (ဖာသာ) အပြောင်းအလဲရှိလာခဲ့တယ်ပေါ့လေ။ နောက်အသစ်ရောက်လာတဲ့ အကြီးအကဲက အသက်ငယ်တယ်။ ထက်မြတ်တယ်။ စိတ်အားထက်သန်တယ်။ သူက ဒီမြို့ရဲ့နာမည်အကြီးဆုံးကျောင်းမှာ အကောင်းဆုံးဆိုတာတွေပဲ စုနေစေချင်တဲ့ စိတ်က တစ်အားကို ထက်သန်နေခဲ့တယ်။ ဒီလိုနဲ့ သူက ဘုရားကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကို စိစစ်တဲ့အခါမှာ ဒီကပ္ပိယကြီးက စာမတတ်ဘူးဆိုတာကို သိသွားခဲ့တယ်ပေါ့။

အကြီးအကဲက အရမ်းကို အံ့အားသင့်ပြီး စိတ်ပျက်သွားခဲ့တယ်။ ဒီလိုဘုရားကျောင်းမှာ ဒီလိုလူမျိုးရှိသင့်သလားပေါ့။ ဒါနဲ့ သူက ကပ္ပိယကြီးကို ခေါ်တွေ့တယ်။ အကြီးအကဲက "ခင်ဗျား ဒီဘုရားကျောင်းကြီးမှာ ကာလအကြာကြီး အလုပ်လုပ်ခဲ့တယ်၊ အလုပ်တွေကို တာဝန်ကျေခဲ့တာတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့အားနည်းချက်တစ်ရပ်အနေနဲ့ ခင်ဗျားက စာမတတ်ဘူးဆိုတာကို တွေ့ခဲ့ရတယ်။ ဒီ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် အခွင့်အရေးတစ်ခု ပေးချင်ပါတယ်။ ဒီဘုရားကျောင်းမှာ ခင်ဗျားဆက်ပြီး အလုပ်လုပ်ဖို့ဆိုရင် ခင်ဗျားစာသင်ပါ။ ဒါဆိုရင်တော့ ခင်ဗျားဒီမှာ အလုပ်ဆက်လုပ်လို့ရမယ်"တဲ့လေ။

ကပ္ပိယကြီးက "ဖာသာရယ်။ ဒီအသက်အရွယ်ကြီးရောက်မှ ကျွန်တော်စာသင်လို့ ဘယ်လိုဖြစ်တော့မှာလဲ။ ကျွန်တော်မှတ်ဉာဏ်တွေကလည်း စာတွေလေ့လာဖို့လောက်အထိ မကောင်းတော့ဘူးလေ။ မဖြစ်နိုင်ဘူးထင်ပါတယ်။" လို့ ပြန်ပြောခဲ့တယ်။

အကြီးအကဲကလည်း "ခင်ဗျား စာမသင်ဘူး။ စာမတတ်ဘူးဆိုရင် ဒီမှာအလုပ်ဆက်လုပ်လို့မရပါဘူး။ စိတ်မကောင်းပေမယ့် ကျွန်တော်တို့တွေ လမ်းခွဲနှုတ်ဆက်ရမယ့်အချိန်ကိုရောက်ပါပြီ" ဆိုပြီး ကပ္ပိယကြီးကို အလုပ်ထုတ်လိုက်ပါသတဲ့။

ကပ္ပိယကြီးက စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာတာပေါ့။ သူအိမ်ရောက်ရင် မိန်းမဖြစ်သူကို ဘယ်လိုပြောရပါမလဲ။ နောက်ရက်တွေမှာ ဘယ်လိုတွေ ရှေ့ဆက်ရမလဲ . . . . ဆိုတဲ့ လဲချင်းများစွာနဲ့ ခေါင်းငိုက်စိုက်ကြပြီး အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းမှာ သူ . . . ဆေးပြင်းလိပ် သောက်ချင်စိတ် အရမ်းဖြစ်နေခဲ့တယ်။ ရှုပ်နေတဲ့စိတ်ကို ဆေးပြင်းလိပ်သောက်ရင်း အငွေ့တွေအနေနဲ့ မှုတ်ထုတ်ချင်လိုက်တာဆိုတဲ့ အတွေးက သူ့ကို စိုးမိုးနေခဲ့တယ်။ ဒါနဲ့ လမ်းထဲမှာ ဆေးပြင်းလိပ်သောက်ရအောင်ဆိုပြီး ဆိုင်ကို ရှာတာပေါ့။ ဒါပေမယ့် ကံဆိုးစွာနဲ့ အဲ့ဒီ့လမ်းထဲမှာ ဆေးပြင်းလိပ်ဆိုင် ရှိမနေပါဘူး။

အဲ့ဒီ့မှာ သူအကြံရသွားတယ်။ ဟာ . . . ဟန်ကျပြီ။ ငါ့လိုပဲ လမ်းသွားရင်း ဆေးပြင်းလိပ်သောက်ချင်သူတွေ ဘယ်လောက်များလိုက်မလဲ။ သူတို့တွေအတွက် ဆေးပြင်းလိပ်ဆိုင်ဖွင့်ရင် မကောင်းပေဘူးလား။ . . . . ဆိုပြီး ဆိုင်ဖွင့်လို့အဆင်ပြေမယ့် နေရာကို တစ်ခါထဲ ရှာပါတော့တယ်။ ကံကောင်းတယ်လို့ဆိုရမလား . . ရေကန်အသင့်၊ ကြာအသင့်။ ငှားမယ့်ဆိုင်နေရာကလည်း အသင့်ဖြစ်နေပါတယ်။

ဒီလိုနဲ့ သူ အိမ်ကို အမောတကောနဲ့ပြေးလာတယ်။ သူ့မိန်းမကို စိတ်အားထက်သန်စွာနဲ့ သူလမ်းမှာကြုံတွေ့ခဲ့ရတာတွေ၊ သူအလုပ်ပြုတ်ခဲ့တာတွေ၊ နောက်လုပ်မယ့် အစီအစဉ်တွေကို တန်းဆီပြီး ပြောတော့တာပါပဲ။

နောက်ရက်တွေမှာ ဆိုင်ဖွင့်ဖို့ပြင်ဆင်ပြီး ဆေးပြင်းလိပ်အရောင်းဆိုင်တစ်ခု စတင်ဖွင့်လှစ်ခဲ့တယ်။ ရောင်းအားက ထင်မထားလောက်အောင် ကောင်းနေတော့တာပါပဲ။ ဒီလိုနဲ့ တစ်ခြားတစ်နေရာကိုသွား ဆေးပြင်းလိပ်ဆိုင်မရှိတဲ့နေရာတွေမှာ ဆိုင်အသစ်တွေထပ်ဖွင့်၊ ဝန်ထမ်းတွေငှားနဲ့ လုပ်ငန်းက အရမ်းကို အောင်မြင်သွားခဲ့တယ်။

သူ ရလာသမျှ အကျိုးအမြတ်တွေကို ဘဏ်မှာတစ်ဖြေးဖြေးချင်းအပ်ထားခဲ့တာပေါ့။ တစ်နေ့ သူဘဏ်မှာငွေအပ်ဖို့လာတဲ့အခါမှာတော့ ဘဏ်စာရေးလေးက ဘဏ်မန်နေဂျာကတွေ့ချင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ်။ ဘဏ်မန်နေဂျာနဲ့တွေ့ဖြစ်ခဲ့တယ်။

"ခင်ဗျားစုထားတဲ့ငွေပမာဏ တော်တော်များနေပြီဆိုတာသိပါသလား၊ ဒီလို ဘဏ်မှာငွေစုတာကို ဝမ်းသာအားရမိပေမယ့် တစ်ခြားနေရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံမယ်ဆို ဒီ့ထက် အကျိုးအမြတ် ပိုမိုရရှိမှာပါ။ အဲ့ဒီ့လုပ်ငန်းကလည်း ခိုင်မာတယ်ဆိုတာကို ကျွန်တော်အာမခံပါတယ်။ သူဌေးကြီးအနေနဲ့ စိတ်ပါဝင်စားပါသလား" ဆိုပြီး မန်နေဂျာက မေးခဲ့တယ်။

ကပ္ပိယကြီးက "ကျွန်တော်နားမလည်ပါဘူး။ ခင်ဗျားအဆင်ပြေမယ်ဆိုရင် ကူညီပေးပါ။ ကျွန်တော် ရင်းနှီးမြှုပ်နှံပါ့မယ်"လို့ ဆိုသတဲ့။

ဒီလိုနဲ့ မန်နေဂျာက "ဒီလိုဆိုရင် ဒီသဘောတူစာချုပ်လေးကို ဖတ်ကြည့်ပေးပါ။ ပြီးရင် လက်မှတ်ထိုးပေးပါခင်ဗျာ" ဆိုပြီး ပြောတဲ့အခါမှာတော့ ကပ္ပိယကြီးက

"မန်နေဂျာကြီးခင်ဗျာ၊ ကျွန်တော်စာမဖတ်တတ်ပါဘူး။ ကျွန်တော့်ကို ကူညီပြီး ဖတ်ပြပေးပါ" လို့ တောင်းဆိုလိုက်ပါတယ်။

မန်နေဂျာကြီးက အရမ်းအံ့သြသွားခဲ့တယ်။ "ခင်ဗျား စာမဖတ်ဘဲနဲ့တောင် ဒီလောက်အထိ ကြွယ်ဝချမ်းသာလာအောင် စွမ်းဆောင်နိုင်တယ်နော်။ ခင်ဗျားသာစာဖတ်တတ်ရင်တော့ ပြောဖွယ်မရှိတော့ဘူး။ ခင်ဗျားသာ စာဖတ်တတ်ရင် ခုချိန်ဘာဖြစ်နေပြီလည်း" ဆိုပြီး အံ့အားတကြီး ဆိုလေသတဲ့။

ကပ္ပိယကြီးက ပြုံးပြုံးကြီးနဲ့ အားပါးတရဖြေလိုက်တာကတော့ "မန်နေဂျာကြီးခင်ဗျား။ ဒီအချိန်မှာ ကျွန်တော်စာတတ်နေခဲ့မယ်ဆိုရင် သေချာတာကတော့ ကျွန်တော် ဘုရားကျောင်းကပ္ပိယကြီးဖြစ်နေမှာပါ "တဲ့။

. . . .. .
ကဲ ဒီနေ့ခေတ်ကို ထင်ပေါ်စေတဲ့ "ရုံးစာရေး" ဆိုတဲ့ ဝတ္ထုလေးကို အတူတူ ဖတ်ကြည့်ရအောင်။

ရုံးစာရေး

အလုပ်လက်မဲ့ ချာတိတ် တစ်ယောက်ဟာ ကုမ္ပဏီကြီး တစ်ခုမှာ "ရုံးစာရေး" အလုပ်လာ လျှောက် တယ်။ အင်တာဗျူး ဖြေပြီးတော့ လူတွေ့စစ်တဲ့သူက ချာတိတ်ကို ပြောတယ်။

"ဟုတ်ပြီလေ။ ငါတို့ အကြောင်းပြန်ပေးပါ့မယ်။ ဒါနဲ့ အီးမေးလ် လိပ်စာပြောသွားပါဦး။ အကြောင်းပြန် ရအောင်လို့။"

ဒီအခါမှာ ကောင်လေးက သူ့မှာ ကွန်ပျူတာလဲမရှိသလို အီးမေးလ် လိပ်စာလဲ မရှိကြောင်း ပြောလိုက် တယ်။ ဒီတော့ လူတွေ့စစ်ဆေးသူက -

"ဒါဆိုရင်တော့ ဝမ်းနည်းပါတယ်ကွာ။ အီးမေးလ် လိပ်စာလေး တစ်ခုတောင် မရှိတဲ့လူဆိုတာ ဒီကနေ့ ခေတ်မှာ မရှိသလောက်ပဲကွ။ ဒါ့ကြောင့် ဒီလိုလူမျိုးကို တကယ်မရှိတဲ့လူတွေလို့ ပြောရမလားပဲ။ တကယ် မရှိတဲ့လူတွေနဲ့ ငါတို့ ဘယ်လို အလုပ် လုပ်မလဲ။" လို့ဆိုပြီး ငြင်းလိုက်ပါတယ်။

ကောင်လေးဟာ စိတ်ဓာတ်အကြီးအကျယ် ကျသွားခဲ့တယ်။ သူဘာလုပ်လို့ လုပ်ရမှန်းလဲ မသိ။ လက် ထဲမှာလဲ ၁၀ ဒေါ်လာပဲ ရှိတော့တယ်။

ဒါနဲ့ သိပ်မကြာခင်မှာ သူ အကြံတစ်ခုရသွားပြီး စူပါမားကတ် တစ်ခုထဲကိုဝင်... အာလူး ဒေါ်လာ ၁၀ ဖိုး ဝယ်ပြီးတော့ အနီးအနားက အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း အာလူးလိုက် ရောင်းတယ်။ ဒီလို နဲ့ ၂ နာရီလောက် ရောင်းလိုက်တာမှာ အမြတ် နှစ်ဆ လောက်ရလိုက်ပြီး အာလူးတွေလဲ အကုန် ကုန်သွားတယ်။ ဒီလိုမျိုး ၃ ခါလောက် လိုက်ရောင်းလိုက်တဲ့အခါ ကောင်လေး အိမ်ပြန်ချိန်မှာ ဒေါ်လာ ၆၀ အမြတ် အဖြစ် စုမိလာတယ်။

နောက်တစ်နေ့ကျတော့ ကောင်လေးဟာ ပထမနေ့ထက် ပိုစောစောထလို့ သူ စူပါမားကတ်ကို သွားတယ်။ အဲဒီနေ့မှာတော့ ကြက်ဥပြောင်းဝယ်ပြီး မနေ့က အိမ်တွေကိုပဲ ထပ်သွားရောင်းခဲ့တယ်။ မနေ့ကထဲက ဒီလိုမျိုး အာလူးကို အိမ်အထိ လာရောင်းတာကို မကြုံဘူးတော့ အိမ်ရှင်တွေက ကောင်လေးကို တန်း မျက်မှန်းတန်း သတိပြုမိတာပေါ့။ ဒါ့အပြင် ကောင်လေးရဲ့ အပြောအဆို မှန်ကန်မှု၊ အမှန်တကယ် ကြိုးစားအားထုတ်မှုတို့ကို အသိအမှတိပြုတဲ့ အနေနဲ့ ကြက်ဥတွေကို ထပ်ဝယ်တဲ့ အပြင် နောက်နေ့ တွေ အတွက်ပါ ဘာလေးတွေ ဝယ်ပေးပါ ဆိုတာမျိုး အော်ဒါတွေ တက်လာတယ်။

ဒီလိုနဲ့ သိပ်မကြာခင် ကောင်လေးဟာ စက်ဘီးလေးတစ်စီး ပိုင်လာတယ်။ နောက် လအနည်းငယ် အကြာမှာတော့ လက်တွန်းလှည်းလေးပါ ဝယ်လာနိုင်တယ်။ တစ်နှစ်ကျော်ကျော် နှစ်နှစ်လောက် အကြာမှာသူဟာ ကိုယ်ပိုင် ကုန်တင် ကားလေးနဲ့ ဝယ်သူတွေဆီကို အိမ်တိုင်ရာရောက် လိုက်ပို့တဲ့ အရောင်းသမားလေး ဖြစ်လာခဲ့တယ်။

၅ နှစ်ကျော် ၆ နှစ်လောက် အကြာမှာတော့ သူဟာ ကိုယ်ပိုင် စူပါမားကတ်တွေ ဖွင့်နိုင်တဲ့ အထိ ကို ကြီးပွား ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက် ဖြစ်လို့နေပါပြီ။ တပည့်တပန်းတွေနဲ့ တူတူ သူကိုယ်တိုင် အလုပ်ကြိုးစားတဲ့ သူဌေးကြီးဟာ နာမည်အရမ်းကြီးတော့ အင်တာဗျူး သမားတစ်ယောက်ဟာ သူဌေးကြီး နဲ့ တွေ့ဆုံမေးမြန်းခွင့် တောင်းတယ်။

ဒီတော့ တစ်ရက်မှာ တွေ့ခွင့်ရလို့ မေးစရာရှိတာမေး ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့ သူဌေးကြီးကို ပြောတယ်။"သူဌေးမင်းခင်ဗျား.. သတင်းနောက်အပတ်ထဲပါလာခဲ့ရင် အီးမေးလ်ပို့ပေးလိုက်ရအောင် လိပ်စာကဒ်လေး တဆိတ်လောက် ပေးပါဦး။"

ဒီတော့ သူဌေးကြီးက ရယ်ရယ်မောမောနဲ့ပဲ သူ့မှာ အီးမေးလ်လိပ်စာမရှိကြောင်း၊ ကွန်ပျူတာတောင် ဒီရက်ပိုင်းမှ သုံးဖို့ စသင်နေပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။ အံ့အားသင့်နေတဲ့ပုံနဲ့ အင်တာဗျူးသမားက -

"သူဌေးမင်း... ကွန်ပျူတာတွေ အီးမေးလ်တွေ မရှိပဲနဲ့တောင် ခုလောက်ထိ ဖြစ်လာတယ်။ တကယ် လို့များ ကွန်ပျူတာတွေ အီးမေးလ်တွေ များရှိခဲ့ရင် သူဌေးမင်း ခုအချိန် ဘာဖြစ်နေမယ် ထင်သလဲ"

ဒီအခါ သူဌေးကြီးက ရယ်မောရင်းနဲ့ပဲ ချက်ချင်း ဖြေလိုက်တယ်။ "ရုံးစာရေးပေါ့ဗျာ... ဟား ဟား။"


သင်ခန်းစာ - နည်းပညာဟာ လူတစ်ယောက်ရဲ့ ဘဝကို မဆုံးဖြတ်နိုင်ပါဘူး။ လက်တွေ့ကျတဲ့ အလုပ်လုပ်ခြင်း ကပဲ လူတစ်ယောက် အောင်မြင်ရေး ကျရှုံးရေးကို အဆုံးအဖြတ်ပေးပါတယ် ခင်ဗျာ။


Credit : ရုံးစာရေး - Original Uploader

 

ဘုရားေက်ာင္းကပၸိယႀကီး Vs ရံုးစာေရး

ခု ေရးထားေဖာ္ျပထားတဲ့ ၀တၳဳတိုေလး(၂)ပုဒ္မွာ ဘုရားေက်ာင္းကပၸိယႀကီးဆိုတာကေတာ့ အရင္ေခတ္ကို အေျခခံၿပီး ေရးသားထားတာျဖစ္ၿပီး ရံုးစာေရးဆိုတဲ့ ၀တၳဳေလးကေတာ့ ဒီေန႔ေခတ္ လူငယ္ေတြ ပိုမိုသေဘာေပါက္ေအာင္၊ ေခတ္ကာလနဲ႔လိုက္ေလ်ာညီေထြေအာင္ ဘာသာျပန္ၿပီး ေရးသားထားတာကို ေလ့လာေတြ႔ရရွိရပါတယ္။

စာဖတ္တဲ့သူေတြကို ရသ(၂)မ်ိဳးလံုးရေအာင္ အရင္က ၀တၳဳေလးနဲ႔ ဒီေန႔ေခတ္ကို ထင္ဟပ္ေစတဲ့ ၀တၳဳေလးႏွစ္ပုဒ္ကို ယွဥ္တြဲ ေဖာ္ျပေပးလိုက္ပါတယ္။ ၀တၳဳ(၂)ပုဒ္၊ ရသ(၂)မ်ိဳးေပါ့။

ကဲ စလိုက္ရေအာင္။
ကိုယ္အရင္ကဖတ္ဖူးတဲ့၀တၳဳနာမည္က "ဘုရားေက်ာင္း ကပၸိယႀကီး"တဲ့။

ဟိုးအရင္ ေဒသတစ္ခုရဲ႕ နာမည္အႀကီးဆံုး ခရစ္ယာန္ဘုရားေက်ာင္းႀကီးတစ္ခုမွာ ဘုရားေက်ာင္းရဲ႕ ေ၀ယ်ာ၀စၥေတြကို ကူညီလုပ္ကိုင္ေပးတဲ့ ဘုရားေက်ာင္း ကပၸိယႀကီး တစ္ေယာက္ရွိေလသတဲ့။ ဒီကပၸိယႀကီးက ဇနီးသည္နဲ႔အတူေနထိုင္ၿပီး မိုးလင္းကေနမိုးခ်ဳပ္အထိ ဘုရားေက်ာင္းရဲ႕ေ၀ယ်ာ၀စၥေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္၊ စိတ္ေအးခ်မ္းသာစြာနဲ႔ တာ၀န္ထမ္းေဆာင္လာတာ ကာလေတာ္ေတာ္ၾကာသြားခဲ့တယ္။

ဒီကပၸိယႀကီးရဲ႕က သူ႔ကို တာ၀န္ေပးထားတဲ့ ဘုရားေက်ာင္းနဲ႔ပတ္သက္တဲ့ဘယ္လိုကိစၥမဆို မၿငီးမျငဴ၊ အၿပံဳးမပ်က္၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ တာ၀န္ထမ္းေဆာင္ေလ့ရွိတယ္။ သူ႔ရဲ႕အားနည္းခ်က္တစ္ခုကေတာ့ သူက စာမတတ္ရွာဘူး။ ဒါကို ဘုရားေက်ာင္းရဲ႕ အႀကီးအကဲက သိေပမယ့္ သူ႔ရဲ႕တာ၀န္သိစိတ္၊ အလုပ္ကိုမၿငီးျငဴတဲ့စိတ္၊ ေအးေအးခ်မ္းခ်မ္းေနတတ္တဲ့သူရဲ႕အမူအက်င့္ေတြကို သေဘာက်လို႔ ျပသနာတစ္စံုတစ္ရာမရွိဘဲ ကာလအေတာ္ၾကာ လက္ခံထားတာေပါ့။

ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ ဘုရားေက်ာင္းရဲ႕အႀကီးအကဲ (ဖာသာ) အေျပာင္းအလဲရွိလာခဲ့တယ္ေပါ့ေလ။ ေနာက္အသစ္ေရာက္လာတဲ့ အႀကီးအကဲက အသက္ငယ္တယ္။ ထက္ျမတ္တယ္။ စိတ္အားထက္သန္တယ္။ သူက ဒီၿမိဳ႕ရဲ႕နာမည္အႀကီးဆံုးေက်ာင္းမွာ အေကာင္းဆံုးဆိုတာေတြပဲ စုေနေစခ်င္တဲ့ စိတ္က တစ္အားကို ထက္သန္ေနခဲ့တယ္။ ဒီလိုနဲ႔ သူက ဘုရားေက်ာင္းနဲ႔ပတ္သက္တဲ့ ကိစၥေတြကို စိစစ္တဲ့အခါမွာ ဒီကပၸိယႀကီးက စာမတတ္ဘူးဆိုတာကို သိသြားခဲ့တယ္ေပါ့။

အႀကီးအကဲက အရမ္းကို အံ့အားသင့္ၿပီး စိတ္ပ်က္သြားခဲ့တယ္။ ဒီလိုဘုရားေက်ာင္းမွာ ဒီလိုလူမ်ိဳးရွိသင့္သလားေပါ့။ ဒါနဲ႔ သူက ကပၸိယႀကီးကို ေခၚေတြ႕တယ္။ အႀကီးအကဲက "ခင္ဗ်ား ဒီဘုရားေက်ာင္းႀကီးမွာ ကာလအၾကာႀကီး အလုပ္လုပ္ခဲ့တယ္၊ အလုပ္ေတြကို တာ၀န္ေက်ခဲ့တာေတြကို ေက်းဇူးအထူးတင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားရဲ႕အားနည္းခ်က္တစ္ရပ္အေနနဲ႔ ခင္ဗ်ားက စာမတတ္ဘူးဆိုတာကို ေတြ႕ခဲ့ရတယ္။ ဒီ့အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ ကၽြန္ေတာ္ အခြင့္အေရးတစ္ခု ေပးခ်င္ပါတယ္။ ဒီဘုရားေက်ာင္းမွာ ခင္ဗ်ားဆက္ၿပီး အလုပ္လုပ္ဖို႔ဆိုရင္ ခင္ဗ်ားစာသင္ပါ။ ဒါဆိုရင္ေတာ့ ခင္ဗ်ားဒီမွာ အလုပ္ဆက္လုပ္လို႔ရမယ္"တဲ့ေလ။

ကပၸိယႀကီးက "ဖာသာရယ္။ ဒီအသက္အရြယ္ႀကီးေရာက္မွ ကၽြန္ေတာ္စာသင္လို႔ ဘယ္လိုျဖစ္ေတာ့မွာလဲ။ ကၽြန္ေတာ္မွတ္ဥာဏ္ေတြကလည္း စာေတြေလ့လာဖို႔ေလာက္အထိ မေကာင္းေတာ့ဘူးေလ။ မျဖစ္ႏိုင္ဘူးထင္ပါတယ္။" လို႔ ျပန္ေျပာခဲ့တယ္။

အႀကီးအကဲကလည္း "ခင္ဗ်ား စာမသင္ဘူး။ စာမတတ္ဘူးဆိုရင္ ဒီမွာအလုပ္ဆက္လုပ္လို႔မရပါဘူး။ စိတ္မေကာင္းေပမယ့္ ကၽြန္ေတာ္တို႔ေတြ လမ္းခြဲႏႈတ္ဆက္ရမယ့္အခ်ိန္ကိုေရာက္ပါၿပီ" ဆိုၿပီး ကပၸိယႀကီးကို အလုပ္ထုတ္လိုက္ပါသတဲ့။

ကပၸိယႀကီးက စိတ္ညစ္ညစ္နဲ႔ အိမ္ျပန္လာတာေပါ့။ သူအိမ္ေရာက္ရင္ မိန္းမျဖစ္သူကို ဘယ္လိုေျပာရပါမလဲ။ ေနာက္ရက္ေတြမွာ ဘယ္လိုေတြ ေရွ႕ဆက္ရမလဲ . . . . ဆိုတဲ့ လဲခ်င္းမ်ားစြာနဲ႔ ေခါင္းငိုက္စိုက္ၾကၿပီး အိမ္ကိုျပန္လာခဲ့တယ္။ အိမ္ျပန္လမ္းမွာ သူ . . . ေဆးျပင္းလိပ္ ေသာက္ခ်င္စိတ္ အရမ္းျဖစ္ေနခဲ့တယ္။ ရႈပ္ေနတဲ့စိတ္ကို ေဆးျပင္းလိပ္ေသာက္ရင္း အေငြ႕ေတြအေနနဲ႔ မႈတ္ထုတ္ခ်င္လိုက္တာဆိုတဲ့ အေတြးက သူ႔ကို စိုးမိုးေနခဲ့တယ္။ ဒါနဲ႔ လမ္းထဲမွာ ေဆးျပင္းလိပ္ေသာက္ရေအာင္ဆိုၿပီး ဆိုင္ကို ရွာတာေပါ့။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ အဲ့ဒီ့လမ္းထဲမွာ ေဆးျပင္းလိပ္ဆိုင္ ရွိမေနပါဘူး။

အဲ့ဒီ့မွာ သူအႀကံရသြားတယ္။ ဟာ . . . ဟန္က်ၿပီ။ ငါ့လိုပဲ လမ္းသြားရင္း ေဆးျပင္းလိပ္ေသာက္ခ်င္သူေတြ ဘယ္ေလာက္မ်ားလိုက္မလဲ။ သူတို႔ေတြအတြက္ ေဆးျပင္းလိပ္ဆိုင္ဖြင့္ရင္ မေကာင္းေပဘူးလား။ . . . . ဆိုၿပီး ဆိုင္ဖြင့္လို႔အဆင္ေျပမယ့္ ေနရာကို တစ္ခါထဲ ရွာပါေတာ့တယ္။ ကံေကာင္းတယ္လို႔ဆိုရမလား . . ေရကန္အသင့္၊ ၾကာအသင့္။ ငွားမယ့္ဆိုင္ေနရာကလည္း အသင့္ျဖစ္ေနပါတယ္။

ဒီလိုနဲ႔ သူ အိမ္ကို အေမာတေကာနဲ႔ေျပးလာတယ္။ သူ႔မိန္းမကို စိတ္အားထက္သန္စြာနဲ႔ သူလမ္းမွာၾကံဳေတြ႕ခဲ့ရတာေတြ၊ သူအလုပ္ျပဳတ္ခဲ့တာေတြ၊ ေနာက္လုပ္မယ့္ အစီအစဥ္ေတြကို တန္းဆီၿပီး ေျပာေတာ့တာပါပဲ။

ေနာက္ရက္ေတြမွာ ဆိုင္ဖြင့္ဖို႔ျပင္ဆင္ၿပီး ေဆးျပင္းလိပ္အေရာင္းဆိုင္တစ္ခု စတင္ဖြင့္လွစ္ခဲ့တယ္။ ေရာင္းအားက ထင္မထားေလာက္ေအာင္ ေကာင္းေနေတာ့တာပါပဲ။ ဒီလိုနဲ႔ တစ္ျခားတစ္ေနရာကိုသြား ေဆးျပင္းလိပ္ဆိုင္မရွိတဲ့ေနရာေတြမွာ ဆိုင္အသစ္ေတြထပ္ဖြင့္၊ ၀န္ထမ္းေတြငွားနဲ႔ လုပ္ငန္းက အရမ္းကို ေအာင္ျမင္သြားခဲ့တယ္။

သူ ရလာသမွ် အက်ိဳးအျမတ္ေတြကို ဘဏ္မွာတစ္ေျဖးေျဖးခ်င္းအပ္ထားခဲ့တာေပါ့။ တစ္ေန႔ သူဘဏ္မွာေငြအပ္ဖို႔လာတဲ့အခါမွာေတာ့ ဘဏ္စာေရးေလးက ဘဏ္မန္ေနဂ်ာကေတြ႕ခ်င္တဲ့အေၾကာင္း အေၾကာင္းၾကားခဲ့တယ္။ ဘဏ္မန္ေနဂ်ာနဲ႔ေတြ႕ျဖစ္ခဲ့တယ္။

"ခင္ဗ်ားစုထားတဲ့ေငြပမာဏ ေတာ္ေတာ္မ်ားေနၿပီဆိုတာသိပါသလား၊ ဒီလို ဘဏ္မွာေငြစုတာကို ၀မ္းသာအားရမိေပမယ့္ တစ္ျခားေနရာတစ္ခုမွာ ရင္းႏီွးျမွဳပ္ႏွံမယ္ဆို ဒီ့ထက္ အက်ိဳးအျမတ္ ပိုမိုရရွိမွာပါ။ အဲ့ဒီ့လုပ္ငန္းကလည္း ခိုင္မာတယ္ဆိုတာကို ကၽြန္ေတာ္အာမခံပါတယ္။ သူေဌးႀကီးအေနနဲ႔ စိတ္ပါ၀င္စားပါသလား" ဆိုၿပီး မန္ေနဂ်ာက ေမးခဲ့တယ္။

ကပၸိယႀကီးက "ကၽြန္ေတာ္နားမလည္ပါဘူး။ ခင္ဗ်ားအဆင္ေျပမယ္ဆိုရင္ ကူညီေပးပါ။ ကၽြန္ေတာ္ ရင္းႏွီးျမွဳပ္ႏွံပါ့မယ္"လို႔ ဆိုသတဲ့။

ဒီလိုနဲ႔ မန္ေနဂ်ာက "ဒီလိုဆိုရင္ ဒီသေဘာတူစာခ်ုပ္ေလးကို ဖတ္ၾကည့္ေပးပါ။ ၿပီးရင္ လက္မွတ္ထိုးေပးပါခင္ဗ်ာ" ဆိုၿပီး ေျပာတဲ့အခါမွာေတာ့ ကပၸိယႀကီးက

"မန္ေနဂ်ာႀကီးခင္ဗ်ာ၊ ကၽြန္ေတာ္စာမဖတ္တတ္ပါဘူး။ ကၽြန္ေတာ့္ကို ကူညီၿပီး ဖတ္ျပေပးပါ" လို႔ ေတာင္းဆိုလိုက္ပါတယ္။

မန္ေနဂ်ာႀကီးက အရမ္းအံ့ၾသသြားခဲ့တယ္။ "ခင္ဗ်ား စာမဖတ္ဘဲနဲ႔ေတာင္ ဒီေလာက္အထိ ၾကြယ္၀ခ်မ္းသာလာေအာင္ စြမ္းေဆာင္ႏိုင္တယ္ေနာ္။ ခင္ဗ်ားသာစာဖတ္တတ္ရင္ေတာ့ ေျပာဖြယ္မရွိေတာ့ဘူး။ ခင္ဗ်ားသာ စာဖတ္တတ္ရင္ ခုခ်ိန္ဘာျဖစ္ေနၿပီလည္း" ဆိုၿပီး အံ့အားတႀကီး ဆိုေလသတဲ့။

ကပၸိယႀကီးက ၿပံဳးၿပံဳးႀကီးနဲ႔ အားပါးတရေျဖလိုက္တာကေတာ့ "မန္ေနဂ်ာႀကီးခင္ဗ်ား။ ဒီအခ်ိန္မွာ ကၽြန္ေတာ္စာတတ္ေနခဲ့မယ္ဆိုရင္ ေသခ်ာတာကေတာ့ ကၽြန္ေတာ္ ဘုရားေက်ာင္းကပၸိယႀကီးျဖစ္ေနမွာပါ "တဲ့။

. . . .. .
ကဲ ဒီေန႔ေခတ္ကို ထင္ေပၚေစတဲ့ "ရံုးစာေရး" ဆိုတဲ့ ၀တၳဳေလးကို အတူတူ ဖတ္ၾကည့္ရေအာင္။
.

႐ုံးစာေရး

အလုပ္လက္မဲ့ ခ်ာတိတ္ တစ္ေယာက္ဟာ ကုမၸဏီႀကီး တစ္ခုမွာ "႐ုံးစာေရး" အလုပ္လာ ေလွ်ာက္ တယ္။ အင္တာဗ်ဴး ေျဖၿပီးေတာ့ လူေတြ႕စစ္တဲ့သူက ခ်ာတိတ္ကို ေျပာတယ္။

"ဟုတ္ၿပီေလ။ ငါတို႔ အေၾကာင္းျပန္ေပးပါ့မယ္။ ဒါနဲ႔ အီးေမးလ္ လိပ္စာေျပာသြားပါဦး။ အေၾကာင္းျပန္ ရေအာင္လို႔။"

ဒီအခါမွာ ေကာင္ေလးက သူ႔မွာ ကြန္ပ်ဴတာလဲမရွိသလို အီးေမးလ္ လိပ္စာလဲ မရွိေၾကာင္း ေျပာလိုက္ တယ္။ ဒီေတာ့ လူေတြ႕စစ္ေဆးသူက - 

"ဒါဆိုရင္ေတာ့ ဝမ္းနည္းပါတယ္ကြာ။ အီးေမးလ္ လိပ္စာေလး တစ္ခုေတာင္ မရွိတဲ့လူဆိုတာ ဒီကေန႔ ေခတ္မွာ မရွိသေလာက္ပဲကြ။ ဒါ့ေၾကာင့္ ဒီလိုလူမ်ိဳးကို တကယ္မရွိတဲ့လူေတြလို႔ ေျပာရမလားပဲ။ တကယ္ မရွိတဲ့လူေတြနဲ႔ ငါတို႔ ဘယ္လို အလုပ္ လုပ္မလဲ။" လို႔ဆိုၿပီး ျငင္းလိုက္ပါတယ္။

ေကာင္ေလးဟာ စိတ္ဓာတ္အႀကီးအက်ယ္ က်သြားခဲ့တယ္။ သူဘာလုပ္လို႔ လုပ္ရမွန္းလဲ မသိ။ လက္ ထဲမွာလဲ ၁၀ ေဒၚလာပဲ ရွိေတာ့တယ္။

ဒါနဲ႔ သိပ္မၾကာခင္မွာ သူ အႀကံတစ္ခုရသြားၿပီး စူပါမားကတ္ တစ္ခုထဲကိုဝင္... အာလူး ေဒၚလာ ၁၀ ဖိုး ဝယ္ၿပီးေတာ့ အနီးအနားက အိမ္ေတြကို တစ္အိမ္တက္ တစ္အိမ္ဆင္း အာလူးလိုက္ ေရာင္းတယ္။ ဒီလို နဲ႔ ၂ နာရီေလာက္ ေရာင္းလိုက္တာမွာ အျမတ္ ႏွစ္ဆ ေလာက္ရလိုက္ၿပီး အာလူးေတြလဲ အကုန္ ကုန္သြားတယ္။ ဒီလိုမ်ိဳး ၃ ခါေလာက္ လိုက္ေရာင္းလိုက္တဲ့အခါ ေကာင္ေလး အိမ္ျပန္ခ်ိန္မွာ ေဒၚလာ ၆၀ အျမတ္ အျဖစ္ စုမိလာတယ္။

ေနာက္တစ္ေန႔က်ေတာ့ ေကာင္ေလးဟာ ပထမေန႔ထက္ ပိုေစာေစာထလို႔ သူ စူပါမားကတ္ကို သြားတယ္။ အဲဒီေန႔မွာေတာ့ ၾကက္ဥေျပာင္းဝယ္ၿပီး မေန႔က အိမ္ေတြကိုပဲ ထပ္သြားေရာင္းခဲ့တယ္။ မေန႔ကထဲက ဒီလိုမ်ိဳး အာလူးကို အိမ္အထိ လာေရာင္းတာကို မႀကဳံဘူးေတာ့ အိမ္ရွင္ေတြက ေကာင္ေလးကို တန္း မ်က္မွန္းတန္း သတိျပဳမိတာေပါ့။ ဒါ့အျပင္ ေကာင္ေလးရဲ႕ အေျပာအဆို မွန္ကန္မႈ၊ အမွန္တကယ္ ႀကိဳးစားအားထုတ္မႈတို႔ကို အသိအမွတိျပဳတဲ့ အေနနဲ႔ ၾကက္ဥေတြကို ထပ္ဝယ္တဲ့ အျပင္ ေနာက္ေန႔ ေတြ အတြက္ပါ ဘာေလးေတြ ဝယ္ေပးပါ ဆိုတာမ်ိဳး ေအာ္ဒါေတြ တက္လာတယ္။

ဒီလိုနဲ႔ သိပ္မၾကာခင္ ေကာင္ေလးဟာ စက္ဘီးေလးတစ္စီး ပိုင္လာတယ္။ ေနာက္ လအနည္းငယ္ အၾကာမွာေတာ့ လက္တြန္းလွည္းေလးပါ ဝယ္လာႏိုင္တယ္။ တစ္ႏွစ္ေက်ာ္ေက်ာ္ ႏွစ္ႏွစ္ေလာက္ အၾကာမွာသူဟာ ကိုယ္ပိုင္ ကုန္တင္ ကားေလးနဲ႔ ဝယ္သူေတြဆီကို အိမ္တိုင္ရာေရာက္ လိုက္ပို႔တဲ့ အေရာင္းသမားေလး ျဖစ္လာခဲ့တယ္။

၅ ႏွစ္ေက်ာ္ ၆ ႏွစ္ေလာက္ အၾကာမွာေတာ့ သူဟာ ကိုယ္ပိုင္ စူပါမားကတ္ေတြ ဖြင့္ႏိုင္တဲ့ အထိ ကို ႀကီးပြား ခ်မ္းသာတဲ့ သူေဌးႀကီး တစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။ တပည့္တပန္းေတြနဲ႔ တူတူ သူကိုယ္တိုင္ အလုပ္ႀကိဳးစားတဲ့ သူေဌးႀကီးဟာ နာမည္အရမ္းႀကီးေတာ့ အင္တာဗ်ဴး သမားတစ္ေယာက္ဟာ သူေဌးႀကီး နဲ႔ ေတြ႕ဆုံေမးျမန္းခြင့္ ေတာင္းတယ္။

ဒီေတာ့ တစ္ရက္မွာ ေတြ႕ခြင့္ရလို႔ ေမးစရာရွိတာေမး ဓာတ္ပုံေတြဘာေတြ႐ိုက္ၿပီးေတာ့ သူေဌးႀကီးကို ေျပာတယ္။

"သူေဌးမင္းခင္ဗ်ား.. သတင္းေနာက္အပတ္ထဲပါလာခဲ့ရင္ အီးေမးလ္ပို႔ေပးလိုက္ရေအာင္ လိပ္စာကဒ္ေလး တဆိတ္ေလာက္ ေပးပါဦး။"

ဒီေတာ့ သူေဌးႀကီးက ရယ္ရယ္ေမာေမာနဲ႔ပဲ သူ႔မွာ အီးေမးလ္လိပ္စာမရွိေၾကာင္း၊ ကြန္ပ်ဴတာေတာင္ ဒီရက္ပိုင္းမွ သုံးဖို႔ စသင္ေနၿပီ ျဖစ္ေၾကာင္း ေျပာလိုက္တယ္။ အံ့အားသင့္ေနတဲ့ပုံနဲ႔ အင္တာဗ်ဴးသမားက -

"သူေဌးမင္း... ကြန္ပ်ဴတာေတြ အီးေမးလ္ေတြ မရွိပဲနဲ႔ေတာင္ ခုေလာက္ထိ ျဖစ္လာတယ္။ တကယ္ လို႔မ်ား ကြန္ပ်ဴတာေတြ အီးေမးလ္ေတြ မ်ားရွိခဲ့ရင္ သူေဌးမင္း ခုအခ်ိန္ ဘာျဖစ္ေနမယ္ ထင္သလဲ"

ဒီအခါ သူေဌးႀကီးက ရယ္ေမာရင္းနဲ႔ပဲ ခ်က္ခ်င္း ေျဖလိုက္တယ္။ "႐ုံးစာေရးေပါ့ဗ်ာ... ဟား ဟား။"


သင္ခန္းစာ - နည္းပညာဟာ လူတစ္ေယာက္ရဲ႕ ဘဝကို မဆုံးျဖတ္ႏိုင္ပါဘူး။ လက္ေတြ႕က်တဲ့ အလုပ္လုပ္ျခင္း ကပဲ လူတစ္ေယာက္ ေအာင္ျမင္ေရး က်ရႈံးေရးကို အဆုံးအျဖတ္ေပးပါတယ္ ခင္ဗ်ာ။



Credit : ရံုးစာေရး - Original Uploader

Read times Last modified on Wednesday, 24 February 2021 11:02
Rate this articles
(1 Vote)