×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Saturday, 06 March 2021

အမှားဟူ၍မရှိပါ

အမှားဟူ၍မရှိပါ

လုပ်ခဲ့မိသော အမှားများနှင့်ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ် မကျေမချမ်း ဖြစ်နေနိုင်သည်။ လူအများအပြားသည် ပစ္စုပ္ပန်ကို ချစ်မြတ်နိုးစွာ နေထိုင်ပြီး တောက်ပသောအနာဂတ်ကို တည်ဆောက်မည့်အစား အတိတ်တွင်သာ နေချင်ကြသည်။ သူတို့လုပ်ခဲ့သော အရာတစ်ခုအတွက် သို့မဟုတ် အမှားတစ်ခုအတွက် နှစ်ပေါင်းများစွာ ကြာအောင် တန့်နေခဲ့ကြသည်။

 

စိတ်မကောင်းစရာပါ။ ဘဝဆိုသည်မှာ ဖြုန်းတီးပစ်ဖို့ မကောင်းသောအရာဖြစ်၏။

 

အမှားဆိုသည့်အရာသည် တကယ်ပင် ရှိပါသလား။ အရှင်းဆုံးပြောရလျှင် မှားဖို့ သို့မဟုတ် ပေါက်တတ်ကရဖြစ်အောင် လုပ်မည်ဟုမည်သူမျှ တမင်တကာ မကြိုးစားကြပါ။ ကျွန်တော်တို့အားလုံးသည် မနက်ခင်း နိုးထလာသည်နှင့် လောကကြီးထဲကို ဝင်သည်။ ထို့နောက် ကျွန်တော်တို့ သိထားသမျှ၊ ကျွန်တော်တို့တွင် ရှိသည့်အရည်အချင်း၊ ဘဝခရီးတွင် မည်သည့်အဆင့်၌ ရောက်ရှိနေသည့် အပေါ် အခြေခံပြီး အကောင်းဆုံး လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။

 

ပိုပိုသာသာ ပြောရလျှင် အမှားဟုခေါ်သည့်အရာတိုင်းသည် သင်ယူဖို့အတွက် ကြွယ်ဝသော ရင်းမြစ်ဖြစ်သည်။ သတိမူမိအောင်၊ နားလည်မှုမြင့်တက်လာအောင် တည်ဆောက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ပြင် တန်ဖိုးကြီးသော အတွေ့အကြုံကို ရရှိစေသည်။ ထိုအတွေ့အကြုံသည် ကျွန်တော်တို့ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန်၊ ခံစားနိုင်ရန် အကူအညီပေးလိမ့်မည်။ 

 

ဘဝတွင် ဖြစ်ပျက်ခဲ့သမျှသော အကောင်းအဆိုးများသည် ယခု သင် ဖြစ်လာဖို့အတွက် ကူညီထုဆစ်ပေးလာခြင်း ဖြစ်သည်။ အဲဒါကို ဘာဖြစ်လို့ အယူလွဲရမည်နည်း။ အမှားဆိုသည့်အရာ မရှိတာလည်း ဖြစ်မည်။ ဖြစ်နိုင်သည်မှာ ကျရှုံးမှုများသည် ဝံပုလွေရေခြုံပြီး ရောက်လာသည့် ကြီးထွားဖို့အတွက် သင်ခန်းစာများဟု ခေါ်၍ ရချင်ရမည်။ ယင်းအတွေ့အကြုံများကို အများဆုံး ကြုံခဲ့ရသည့် ပုဂ္ဂိုလ်သည် အောင်နိုင်သူ ဖြစ်ကောင်း ဖြစ်မည်။

 

မနက်ဖြန်ဆိုသည့် ကျောက်သင်ပုန်းသည်ညသန်းခေါင် ၁၂ နာရီတွင် အလွန်အံ့အားသင့်စရာကောင်းသည့် လက်ဆောင်တစ်ခုကို သင် ရရှိမည်။ အသစ်စက်စက် ၂၄ နာရီ တစ်ရက်။ ထိုနာရီများသည် သန့်စင်သည်၊ အနာအဆာ ကင်းသည်၊ အကန့်အသတ်မဲ့ ဖြစ်သည်။ ထိုနာရီများက သင့်ကို သတ္တိရှိကြောင်းပြဖို့၊ ထူးချွန်စွာ ပြုမူဖို့၊ စိတ်ရောကိုယ်ပါ အဆက်အဆံ လုပ်ဖို့၊ ပိုမိုကောင်းမွန်သော နေရာတစ်ခုကို ရောက်ဖို့နှင့် လိုအပ်သော အကျင့်များကို ကျွမ်းကျင် ပိုင်နိုင်အောင် လုပ်နိုင်ဖို့ အခွင့်အရေးပေးသည်။

 

စိတ်လက်ပေါ့ပါးစွာ ရယ်မောနိုင်ဖို့ နေရာတစ်ခု ပေးမည်။ တန်ဖိုးတစ်ခု ဖန်တီးနိုင်ဖို့၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သင်လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မနက်ဖြန်ဆိုသည်မှာ အံ့သြဘနန်း ဖြစ်စရာများ ရှိသည်။ လူတိုင်းအတွက် မနက်ဖြန်ဆိုတာ ရှိသည် မဟုတ်ပါလား။

 

သည်တော့ မနက်ဖြန်တိုင်းကို အထူးဂရုစိုက်ပါ။ ဆိုလိုသည်မှာ မနက်ဖြန်တိုင်းကို ကြီးကျယ်အောင် လုပ်ပါ။ အံ့မခန်းဖြစ်အောင် လုပ်ပစ်ပါ။ သင့်မြေးများကို ပြန်ပြောပြရလောက်သည်အထိ ပြောင်မြောက်သော အရာတစ်ခုဖြစ်အောင် ဖန်တီးပါ။ တစ်နေ့တာအတွင်းမှာ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်သလဲဆိုတာ ခံစားကြည့်ပါ။ ကျွန်တော် တို့တွေ ဖြစ်လာနိုင်သည့် အနာဂတ်အတွက် မနက်ဖြန် တစ်ရက်တိုင်းသည် အခွင့်အရေးတစ်ခု ပေးနေသည်ကို မြင်အောင်ကြည့်ပါ။

 

အကြံဉာဏ်များ ဆိုသည်မှာ မည်မျှပင် ကြီးကျယ်သည် ဆိုဦးတော့၊ လက်တွေ့ အကောင်အထည် မဖော်မချင်း ယင်းသည် တန်ဖိုးရှိလာမည် မဟုတ်ပေ။ ကျွန်တော်တို့ကမ္ဘာကြီးတွင် သူတို့၏ ကြီးကျယ်မှုကို ဘယ်တော့မှ လက်တွေ့အကောင် အထည်ဖော်ခဲ့ခြင်း မရှိသော၊ ကြီးကျယ်သော တွေးခေါ်ပညာရှင်များနှင့် ပြည့်နှက်နေသည်။

 

သူတို့တွေသည် တွေးခေါ်မှုအပိုင်းတွင် အားကောင်းသလောက် လက်တွေ့အကောင်အထည် ဖော်သည့်အပိုင်းတွင် အားနည်းလွန်းလှသည်။ ထိုအားနည်းချက်ကြောင့် သူတို့တွေ ခံစားနေကြရသည်။ ဂျာမန်ကဗျာစာဆိုရှင် ဂျိုဟန်ဗွန်ဂေါ့သ်က "မင်း လုပ်နိုင်တယ်၊ ဒါမှမဟုတ် မင်း လုပ်နိုင်တယ်" လို့ အိပ်မက်မက်ထားတဲ့ ဘာပဲဖြစ်ဖြစ် စလုပ်လိုက်ပါ။ ရဲဝံ့ခြင်းမှာ ပါရမီရယ်၊ စွမ်းအားရယ်၊ မှော်အစွမ်းတွေရယ် ရှိတယ်" ဟု ပြောခဲ့ဖူးသည်။ 

 

ကမ္ဘာ့အဆင့်ပုဂ္ဂိုလ်များသည် နှစ်မျိုးစလုံးတွင် ပိုင်နိုင်ကြသည်။ မဟာဗျူဟာအရ အထက်တန်းကျ သလို ဗျူဟာဖော်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်လှသည်။ တီထွင်မှုအား အမှန်အကန် ကောင်းသလို အလုပ်ဖြစ်အောင် လုပ်ရာတွင်လည်း အမှန်အကန် ကောင်းလှသည်။သည်တော့ သင့်အားစိုက်ထုတ်မှုများကို လက်တွေ့အကောင်အထည်ဖော်ခြင်းပေါ်တွင် အာရုံပြုပါ။

 

သင့်အလုပ်လုပ်ပုံသို့မဟုတ် နေထိုင်ပုံကို တိုးတက်သွားစေနိုင်မည့် စွမ်းအားရှိသည့် ထူးခြားသော အတွေးများအဖြစ် သင့်အကြံဥဏ်များကို ဖမ်းဆုပ်နိုင်ဖို့ လုပ်ပါ။ ထို့နောက် ထိုကောင်းမွန်သော အကြံဥဏ်များကို နက်နက်နဲနဲ တွေးခေါ်ပြီးနောက် မည်သည့်အခက် အခဲပင် ရှိစေကာမူ အကြံဥဏ်မှ လက်တွေ့ ဖြစ်လာသည်အထိ လုပ်ဆောင်ဖို့ စည်းကမ်းတစ်ခု ချမှတ်ထားပါ။ အကြောင်းမှာ သင်ကိုယ်တိုင် မရွေ့သေးသမျှ ဘာမှဖြစ်လာမည် မဟုတ်သောကြောင့် ဖြစ်သည်။

 

Credit : နေမျိုးနိုင်

 

 

အမွားဟူ၍မရွိပါ

လုပ္ခဲ့မိေသာ အမွားမ်ားႏွင့္ပတ္သက္ၿပီး ကိုယ့္ဘာသာကိုယ္ မေက်မခ်မ္း ျဖစ္ေနႏိုင္သည္။ လူအမ်ားအျပားသည္ ပစၥဳပၸန္ကို ခ်စ္ျမတ္ႏိုးစြာ ေနထိုင္ၿပီး ေတာက္ပေသာအနာဂတ္ကို တည္ေဆာက္မည့္အစား အတိတ္တြင္သာ ေနခ်င္ၾကသည္။ သူတို႔လုပ္ခဲ့ေသာ အရာတစ္ခုအတြက္ သို႔မဟုတ္ အမွားတစ္ခုအတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ တန႔္ေနခဲ့ၾကသည္။

 

စိတ္မေကာင္းစရာပါ။ ဘဝဆိုသည္မွာ ျဖဳန္းတီးပစ္ဖို႔ မေကာင္းေသာအရာျဖစ္၏။

 

အမွားဆိုသည့္အရာသည္ တကယ္ပင္ ရွိပါသလား။ အရွင္းဆုံးေျပာရလွ်င္ မွားဖို႔ သို႔မဟုတ္ ေပါက္တတ္ကရျဖစ္ေအာင္ လုပ္မည္ဟုမည္သူမွ် တမင္တကာ မႀကိဳးစားၾကပါ။ ကြၽန္ေတာ္တို႔အားလုံးသည္ မနက္ခင္း ႏိုးထလာသည္ႏွင့္ ေလာကႀကီးထဲကို ဝင္သည္။ ထို႔ေနာက္ ကြၽန္ေတာ္တို႔ သိထားသမွ်၊ ကြၽန္ေတာ္တို႔တြင္ ရွိသည့္အရည္အခ်င္း၊ ဘဝခရီးတြင္ မည္သည့္အဆင့္၌ ေရာက္ရွိေနသည့္ အေပၚ အေျခခံၿပီး အေကာင္းဆုံး လုပ္ေဆာင္ၾကျခင္းသာ ျဖစ္သည္။

 

ပိုပိုသာသာ ေျပာရလွ်င္ အမွားဟုေခၚသည့္အရာတိုင္းသည္ သင္ယူဖို႔အတြက္ ၾကြယ္၀ေသာ ရင္းျမစ္ျဖစ္သည္။ သတိမူမိေအာင္၊ နားလည္မႈျမင့္တက္လာေအာင္ တည္ေဆာက္ဖို႔ အခြင့္အေရးတစ္ခု ျဖစ္သည္။ ထို႔ျပင္ တန္ဖိုးႀကီးေသာ အေတြ႕အႀကဳံကို ရရွိေစသည္။ ထိုအေတြ႕အႀကဳံသည္ ကြၽန္ေတာ္တို႔ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္ရန္၊ ခံစားႏိုင္ရန္ အကူအညီေပးလိမ့္မည္။

 

ဘဝတြင္ ျဖစ္ပ်က္ခဲ့သမွ်ေသာ အေကာင္းအဆိုးမ်ားသည္ ယခု သင္ ျဖစ္လာဖို႔အတြက္ ကူညီထုဆစ္ေပးလာျခင္း ျဖစ္သည္။ အဲဒါကို ဘာျဖစ္လို႔ အယူလြဲရမည္နည္း။ အမွားဆိုသည့္အရာ မရွိတာလည္း ျဖစ္မည္။ ျဖစ္ႏိုင္သည္မွာ က်ရႈံးမႈမ်ားသည္ ဝံပုေလြေရၿခဳံၿပီး ေရာက္လာသည့္ ႀကီးထြားဖို႔အတြက္ သင္ခန္းစာမ်ားဟု ေခၚ၍ ရခ်င္ရမည္။ ယင္းအေတြ႕အႀကဳံမ်ားကို အမ်ားဆုံး ႀကဳံခဲ့ရသည့္ ပုဂၢိဳလ္သည္ ေအာင္ႏိုင္သူ ျဖစ္ေကာင္း ျဖစ္မည္။

 

မနက္ျဖန္ဆိုသည့္ ေက်ာက္သင္ပုန္းသည္ညသန္းေခါင္ ၁၂ နာရီတြင္ အလြန္အံ့အားသင့္စရာေကာင္းသည့္ လက္ေဆာင္တစ္ခုကို သင္ ရရွိမည္။ အသစ္စက္စက္ ၂၄ နာရီ တစ္ရက္။ ထိုနာရီမ်ားသည္ သန႔္စင္သည္၊ အနာအဆာ ကင္းသည္၊ အကန႔္အသတ္မဲ့ ျဖစ္သည္။ ထိုနာရီမ်ားက သင့္ကို သတၱိရွိေၾကာင္းျပဖို႔၊ ထူးခြၽန္စြာ ျပဳမူဖို႔၊ စိတ္ေရာကိုယ္ပါ အဆက္အဆံ လုပ္ဖို႔၊ ပိုမိုေကာင္းမြန္ေသာ ေနရာတစ္ခုကို ေရာက္ဖို႔ႏွင့္ လိုအပ္ေသာ အက်င့္မ်ားကို ကြၽမ္းက်င္ ပိုင္ႏိုင္ေအာင္ လုပ္ႏိုင္ဖို႔ အခြင့္အေရးေပးသည္။

 

စိတ္လက္ေပါ့ပါးစြာ ရယ္ေမာႏိုင္ဖို႔ ေနရာတစ္ခု ေပးမည္။ တန္ဖိုးတစ္ခု ဖန္တီးႏိုင္ဖို႔၊ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ သင္လက္ခံသည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ေစ မနက္ျဖန္ဆိုသည္မွာ အံ့ၾသဘနန္း ျဖစ္စရာမ်ား ရွိသည္။ လူတိုင္းအတြက္ မနက္ျဖန္ဆိုတာ ရွိသည္ မဟုတ္ပါလား။

 

သည္ေတာ့ မနက္ျဖန္တိုင္းကို အထူးဂ႐ုစိုက္ပါ။ ဆိုလိုသည္မွာ မနက္ျဖန္တိုင္းကို ႀကီးက်ယ္ေအာင္ လုပ္ပါ။ အံ့မခန္းျဖစ္ေအာင္ လုပ္ပစ္ပါ။ သင့္ေျမးမ်ားကို ျပန္ေျပာျပရေလာက္သည္အထိ ေျပာင္ေျမာက္ေသာ အရာတစ္ခုျဖစ္ေအာင္ ဖန္တီးပါ။ တစ္ေန႔တာအတြင္းမွာ ကြၽန္ေတာ္တို႔ ဘာေတြ လုပ္ႏိုင္သလဲဆိုတာ ခံစားၾကည့္ပါ။ ကြၽန္ေတာ္ တို႔ေတြ ျဖစ္လာႏိုင္သည့္ အနာဂတ္အတြက္ မနက္ျဖန္ တစ္ရက္တိုင္းသည္ အခြင့္အေရးတစ္ခု ေပးေနသည္ကို ျမင္ေအာင္ၾကည့္ပါ။

 

အႀကံဥာဏ္မ်ား ဆိုသည္မွာ မည္မွ်ပင္ ႀကီးက်ယ္သည္ ဆိုဦးေတာ့၊ လက္ေတြ႕ အေကာင္အထည္ မေဖာ္မခ်င္း ယင္းသည္ တန္ဖိုးရွိလာမည္ မဟုတ္ေပ။ ကြၽန္ေတာ္တို႔ကမာၻႀကီးတြင္ သူတို႔၏ ႀကီးက်ယ္မႈကို ဘယ္ေတာ့မွ လက္ေတြ႕အေကာင္ အထည္ေဖာ္ခဲ့ျခင္း မရွိေသာ၊ ႀကီးက်ယ္ေသာ ေတြးေခၚပညာရွင္မ်ားႏွင့္ ျပည့္ႏွက္ေနသည္။ သူတို႔ေတြသည္ ေတြးေခၚမႈအပိုင္းတြင္ အားေကာင္းသေလာက္ လက္ေတြ႕အေကာင္အထည္ ေဖာ္သည့္အပိုင္းတြင္ အားနည္းလြန္းလွသည္။ ထိုအားနည္းခ်က္ေၾကာင့္ သူတို႔ေတြ ခံစားေနၾကရသည္။

 

ဂ်ာမန္ကဗ်ာစာဆိုရွင္ ဂ်ိဳဟန္ဗြန္ေဂါ့သ္က "မင္း လုပ္ႏိုင္တယ္၊ ဒါမွမဟုတ္ မင္း လုပ္ႏိုင္တယ္" လို႔ အိပ္မက္မက္ထားတဲ့ ဘာပဲျဖစ္ျဖစ္ စလုပ္လိုက္ပါ။ ရဲဝံ့ျခင္းမွာ ပါရမီရယ္၊ စြမ္းအားရယ္၊ ေမွာ္အစြမ္းေတြရယ္ ရွိတယ္" ဟု ေျပာခဲ့ဖူးသည္။

 

ကမာၻ႔အဆင့္ပုဂၢိဳလ္မ်ားသည္ ႏွစ္မ်ိဳးစလုံးတြင္ ပိုင္ႏိုင္ၾကသည္။ မဟာဗ်ဴဟာအရ အထက္တန္းက် သလို ဗ်ဴဟာေဖာ္ေဆာင္မႈ အပိုင္းတြင္လည္း ထူးခြၽန္လွသည္။ တီထြင္မႈအား အမွန္အကန္ ေကာင္းသလို အလုပ္ျဖစ္ေအာင္ လုပ္ရာတြင္လည္း အမွန္အကန္ ေကာင္းလွသည္။သည္ေတာ့ သင့္အားစိုက္ထုတ္မႈမ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္းေပၚတြင္ အာ႐ုံျပဳပါ။

 

သင့္အလုပ္လုပ္ပုံသို႔မဟုတ္ ေနထိုင္ပုံကို တိုးတက္သြားေစႏိုင္မည့္ စြမ္းအားရွိသည့္ ထူးျခားေသာ အေတြးမ်ားအျဖစ္ သင့္အႀကံဥဏ္မ်ားကို ဖမ္းဆုပ္ႏိုင္ဖို႔ လုပ္ပါ။ ထို႔ေနာက္ ထိုေကာင္းမြန္ေသာ အႀကံဥဏ္မ်ားကို နက္နက္နဲနဲ ေတြးေခၚၿပီးေနာက္ မည္သည့္အခက္ အခဲပင္ ရွိေစကာမူ အႀကံဥဏ္မွ လက္ေတြ႕ ျဖစ္လာသည္အထိ လုပ္ေဆာင္ဖို႔ စည္းကမ္းတစ္ခု ခ်မွတ္ထားပါ။ အေၾကာင္းမွာ သင္ကိုယ္တိုင္ မေ႐ြ႕ေသးသမွ် ဘာမွျဖစ္လာမည္ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။

 

Credit : ေနမ်ိဳးႏိုင္

Read times Last modified on Thursday, 04 March 2021 15:23
Rate this articles
(0 votes)