ထိုင်ဝမ်က ဘီးတပ်ကုလားထိုင်သုံး အကသမား ချန်ဇူချိုင်ဟာ သူ့ရဲ့သန်မာတဲ့လက်တွေကို အသုံးပြုပြီး အခြားအကဖော်တွေနဲ့အတူ မြူးကြွနေတဲ့သံစဉ်ကိုလိုက်ပြီး ကပြဖျော်ဖြေလျှက် ရှိပါတယ်။
တနင်္လာနေ့မှအဆုံးသတ်ခဲ့တဲ့ တရုတ်နိုင်ငံ ဖူကျင်းပြည်နယ်၊ ရှားမင်းမြို့က တစ်ပတ်ကြာပြုလုပ်တဲ့ စထရိတ်ဖိုရမ်မှာ ပြောင်မြောက်တဲ့ ဖျော်ဖြေမှုတွေနဲ့ကပြဖျော်ဖြေခဲ့ပါတယ်။
စတိတ်စင်ပေါ်မှာ တစ်ခါတစ်ရံ လက်တစ်ဖက်တည်းနဲ့ထောက်ပြီး ကိုယ်လုံးနဲ့ဘီးတပ်ကုလားထိုင်ကို လေပေါ်မြှောက်ပြခဲ့ပါတယ်။ ဖျော်ဖြေနေချိန်မှာ ကုလားထိုင်ကိုလက်လွှတ်လို့ မရပေမဲ့ ဖျော်ဖြေခံပစ္စည်းတောင် ဖြစ်လာပါတယ်။
“ကိုယ်ခန္ဓာမပြည့်စုံမှုက ဘဝတိုက်ပွဲအတွက် အထောက်အပံ့ဖြစ်စေမယ်လို့ တစ်ခါမှမထင်ထားဘူး”လို့ အေမစ်မျိုးနွယ်စုဝင် အသက် ၃၅ နှစ်ရှိ ချိုင်ကပြောပါတယ်။
သူ့ကို ထိုင်ဝမ်အရှေ့တောင်ပိုင်း တန်တွန်မြို့မှာ မွေးဖွားခဲ့ပြီး နှစ်နှစ်အရွယ်မှာ ပိုလီယိုရောဂါကြောင့် ခြေနှစ်ချောင်းသိမ်ပြီး တုတ်ကောက်နဲ့ လမ်းလျှောက်ရတဲ့ဘဝကို ရောက်ရှိသွားပါတယ်။ အားပေးတဲ့အနေနဲ့ သူ့အမေကသူ့ကို လူစွမ်းကောင်းကြီးလို့ ခေါ်ပေမဲ့ လူငယ်ဘဝကို ပျော်ရွှင်စွာ မဖြတ်သန်းခဲ့ပါဘူး။ သူ့ခြေထောက်ကြောင့် အခြားကျောင်းသားတွေက သူ့ကို ဝိုင်းကြဉ်ကြတာကြောင့် ကျောင်းအမြဲပြေးတတ်တဲ့ ကလေးဆိုးတစ်ယောက် ဖြစ်လာပါတယ်။
ခြောက်တန်းနှစ်မှာ မသန်စွမ်းနဲ့စိတ်ရောဂါ ကလေးအတွက် သီးသန့်ကျောင်းမှာ ပြောင်းထားခဲ့ပေမဲ့ ကျောင်းသားဆိုးတစ်ယောက် ဖြစ်နေဆဲပါ။ တစ်ရက်မှာ စိတ်မနှံ့တဲ့ ကျောင်းသားတစ်ယောက်ကို ရိုက်နှက်လိုက်တာကြောင့် အဆိုပါကလေးသုံးရက်လောက် အစာမစားနိုင်အောင် ဖြစ်သွားပါတယ်။ 'ဘာလို့ ငါ့ကို အဲ့သလို ဆက်ဆံနေရတာလဲ၊ ငါလဲ အခြားလူတွေကြောင့် ပျက်စီးနေပြီ”လို့ အော်ပြောလိုက်ကြောင်း ချိုင် ကပြောပြပါတယ်။
Recommended for you - နေ့လည်စာ မစားတဲ့ ကလေး တွေ ပညာရေး ထိခိုက်နိုင်
ဆရာတစ်ယောက်က ရောက်လာပြီး သူ့ကိုရုံးခန်းခေါ်သွားပြီး “ဘာလို့ ကျောင်းသားဆိုးတစ်ယောက် ဖြစ်နေရတာလဲ၊ ငါ တို့အချစ်တွေ နားလည်မှုတွေကို မမြင်ဘူးလား”လို့ သူ့ကို မေးတယ်။ ဒါဟာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပြီး ကောင်းအောင်နေဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ ဝှီးချဲနဲ့ အက တစ်ခုကို ကြည့်မိလိုက်တယ်။ ပထမဆုံး ဝှီးချဲပေါ်စထိုင်တဲ့နေ့တုန်းက တကယ်လို့ ခြေနှစ်ချောင်းသာ အကောင်းအတိုင်းရှိရင် သွားချင်တာသွားပြီး မြန်မြန်ဆန်ဆန်ပြေးလို့ရမှာပဲလို့ တွေးမိတယ်။ သည့်နောက် ချိုင်ဟာ ဝှီးချဲအကနဲ့ ဝှီးချဲအားကစားတွေကို စတင်သင်ယူခဲ့ပါတယ်။ 'အကက မိန်းကလေးအလုပ်လို့ သတ်မှတ်ထားတော့ သိပ်မကချင်ဘူး၊ ဒါပေမဲ့ ဆရာက အားမလျှော့ဖို့ ကြိုးစားဖို့ အားပေးတယ်၊ ဝှီးချဲအားကစားနဲ့ အကကို လေ့ကျင့်နေတာဟာ ကိုယ်ရောစိတ်ကိုပါ သန်စွမ်းလာစေတယ်”လို့ သူက ပြောပါတယ်။
ကရင်းနဲ့ ချိုင်ဟာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ်တွင်းစွမ်းအားကို တွေ့မြင်လာရတယ်။ 'ကျွန်တော့်ဖျော်ဖြေမှုဟာ လူအများကြီးကို ခံစားမှုပေးစွမ်းနိုင်တယ်လို့ တစ်ခါက အမျိုးသမီးပရိသတ်တစ်ယောက်က ပြောခဲ့တယ်”လို့ ပြောပါတယ်။ “ဝှီးချဲအကဟာ ဖျော်ဖြေမှုသက်သက် မဟုတ်ဘူး၊ အခြားသူတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တယ်ဆိုတာ နောက်ပိုင်းမှာ သိလာတယ်˘လို့ ပြောပါတယ်။
ချိုင်ဟာ နောက်ပိုင်းမှာ ရိုးရာဝှီးချဲအကကို ခေတ်ပေါ်တေးဂီတနဲ့ပူးပေါင်းပြီး ဆန်းသစ်ခဲ့ပါတယ်။ “ကင်းမြီးကောက်ထောင်တဲ့ အကကိုလေ့ကျင့်တုန်းက ခေါင်းနဲ့ကိုယ်လက်တွေမှာ ဒဏ်ရာအများကြီးရခဲ့တယ်“။ 'ပရိသတ်တွေက သနားလို့လက် ခုပ်တီးတာ မဟုတ်ဘူး၊ ထူးခြားပြောင်မြောက်တဲ့ ဖျော်ဖြေမှုအတွက် ဩဘာပေးကြတယ်လို့ထင်တယ်˘လို့ ပြောပါတယ်။ချိုင်ဟာ ၂၀၁၂ မှာ ထိုင်ဝမ်က မသန်စွမ်း ၁၂ ယောက်နဲ့ အဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပြီး တရုတ်ပြည်မကြီးမှာ မကြာခဏ သွားရောက်ဖျော်ဖြေလေ့ရှိပါတယ်။ စထရိတ်ဖိုရမ်မှာ ပြည်မရော ထိုင်ဝမ်ကပါ သူ့ကို ဩဘာပေးခဲ့ကြပါတယ်။
“ခြေထောက်မရှိတဲ့သူ၊ နားမကြားတဲ့ သူ၊ မမြင်နိုင်တော့တဲ့ သူတွေအနေနဲ့ သင်ယူဖို့အခွင့်အရေးကို ဆုပ်ကိုင်လိုက်ဖို့ မကြောက်နဲ့၊ ပုံမှန်လူတွေနဲ့ တစ်တန်းတည်းမဖြစ်မှာ မကြောက်ပေမဲ့ အခွင့်အရေးမရမှာတော့ ကြောက်ပါတယ်၊ ဒါပေမဲ့ အခွင့်အရေးဆိုတာ ကိုယ်တိုင်ဖန်တီးရမယ့် အရာပါ”လို့ သူက ပြောပါတယ်။ ပြည်မကြီးက မသန်စွမ်းတွေအတွက် လေ့ကျင့်ရေးစင်တာဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိပြီး ဇွဲနဲ့ပဲ အလုပ်လုပ်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာ သူတို့တွေကို သိစေချင်တယ်လို့ ဆိုပါ တယ်။
Recommended for you - အချိန်မဖြုန်းပါနဲ့
Recommended for you - စာသင်ကောင်းခြင်း မကောင်းခြင်း
Credit; kumudra