×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 30 October 2018

မြန်မာလူငယ်ခေါင်းဆောင်မှု (MYLP) ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူ

မြန်မာလူငယ်ခေါင်းဆောင်မှု (MYLP) ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူ google.com

၂၀၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု (SEAYLP) ပညာတော်သင်အစီအစဉ်နဲ့ ၂၀၁၉ ခုနှစ်အတွက် မြန်မာလူငယ်ခေါင်းဆောင်မှု (MYLP) ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာတွေခေါ်ယူနေတယ်လို့ သိရပါတယ်။


ပညာတော်သင်အစီအစဉ်က ၂၀၁၉၊ ဧပြီလမှာ စတင်မှာဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေအတွင်းမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရော ဆရာ၊ ဆရာမတွေပါ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


ပညာတော်သင် အစီအစဉ်ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် ဒီအစီအစဉ်မှာပါဝင်ကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေဟာ ဆရာ၊ ဆရာမတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ လူငယ်ဖွံ့ဖြိုးမှုစွမ်းရည်တွေကို တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။


လျှောက်လွှာတွေကို This email address is being protected from spambots. You need JavaScript enabled to view it. ထံ အီးမေးလ်ပို့ပေးရမှာဖြစ်ပြီး ပရင့်ထုတ်ထားတဲ့လျှောက်လွှာမိတ္တူကို ယဉ်ကျေးမှုရေးရာဌာနခွဲ၊ ပြည်သူ့ရေးရာဌာန၊ အမေရိကန်သံရုံး၊ အမှတ် ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဟန်ချက်ညီဖို့လိုတယ်

 

Recommended for you - ရန်ကုန်တက္ကသိုလ် မဟာဘွဲ့သင်တန်းများကို ယခင်နှစ်များကဲ့သို့ အခြားတက္ကသိုလ်ဘွဲ့ရများ တက်ခွင့်ရ၊ မရမသေချာဟုဆို

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 13:57
Rate this articles
(1 Vote)