×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 08 October 2019

"လိုင္စင္အနီကိုင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား ပညာသင္ၾကားရန္ အကူအညီလိုအပ္ပါက ပညာသင္ဆုေလွ်ာက္ထားႏိုင္"

"လိုင္စင္အနီကိုင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား ပညာသင္ၾကားရန္ အကူအညီလိုအပ္ပါက ပညာသင္ဆုေလွ်ာက္ထားႏိုင္" google.com

<<< Zawgyi >>>

လိုင္စင္အနီကုိင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား ပညာသင္ၾကားရန္ အကူအညီလိုပါက ပညာသင္ဆုေလွ်ာက္ထားႏိုင္ေၾကာင္း

စက္တင္ဘာ ၃၀ ရက္တြင္ Swan Htet Trading Co.ltd ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ပညာသင္ဆုေပးမည့္ အစီအစဥ္အား "Samson Tyre ပညာအေမြ"ဟု အမည္ေပးထားၿပီး ပညာသင္ဆုသည္ လိုင္စင္အနီကုိင္ေဆာင္သူ ကားႀကီးယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား၊ (ရွစ္တန္း၊ ကိုးတန္း၊ ဆယ္တန္း) တက္ေရာက္မည့္သူမ်ားႏွင့္(အသက္ေမြဝမ္းေက်ာင္းတကၠသိုလ္တက္ေရာက္မည့္သူမ်ားႏွင့္တက္ေရာက္ေနသူမ်ား)ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

"ပညာသင္ဆုေပးတဲ့အခါ ႏွစ္ပိုင္းခြဲထယားပါတယ္။ အဲဒါက ရွစ္တန္း၊ ကိုးတန္း၊ ဆယ္တန္းအဖြဲ႔၊ အသက္ေမြးဝမ္းေက်ာင္းတကၠသိုလ္ ပညာသင္ၾကားမယ့္ ကေလးေတြ၊ ေနာက္ၿပီး ပညာသင္ၾကားေနဆဲ ကေလးေတြဆိုၿပီး ခြဲထားပါတယ္။

ဒီႏွစ္ရမယ့္ကေလးေတြက အတန္းတင္စာေမးပြဲ က်ရံႈးသြားမယ္ ဆိုရင္ေတာ့ သူတို႔ကိုေပးေတာ့မွာ မဟုတ္ပါဘူး။ ေအာင္သြားတယ္ဆိုရင္ေတာ့ ပညာသင္ဆုေတာက္ေလွ်ာက္ Carry ယူသြားမွာပါ" ဟု Kaung Swan Htet Trading Co.ltd မွ Sales & Marketing မစုျမတ္မြန္က ေျပာၾကားသည္။

ေလွ်ာက္ထားသူသည္ ပညာဆက္လက္သင္ၾကားရန္ စိတ္အားထက္သန္သူျဖစ္ရမည္ျဖစ္ၿပီး ပညာသင္ဆုေရြးခ်ယ္ရာတြင္ ေလွ်ာက္ထားသူ၏ ပညာထူးခၽြန္မႈ၊ ရည္မွန္းခ်က္၊ ရန္ပံုေငြေပၚမူတည္ကာ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ပညာသင္ဆု ရရွိသူသည္ အတန္းတင္စာေမးပြဲက်ရံႈးပါက ပညာသင္ဆုအား ေနာက္ႏွစ္အတြက္ ေပးအပ္မည္မဟုတ္ေၾကာင္း သိရသည္။

"အထူးသျဖင့္ႏိုင္ငံတစ္ႏိုင္ငံရဲ႕ဖြံ႔ၿဖိဳးေရးဟာ က်န္းမာေရးနဲ႔ ပညာေရးက အဓိကပဲေလ။ က်န္းမာတဲ့ လူသားအရင္းအျမစ္ေတြ ျဖစ္ရမယ္။ ပညာတတ္တဲ့ပညာရွင္ေတြျဖစ္ရမယ္။ဒါဆိုလူ႔အဖြဲ႔အစည္းက တိုးတက္ေအာင္ျမင္မွာေပါ့။

အခုလုပ္တဲ့ ရည္ရြယ္ခ်က္ေလးက ေကာင္းတဲ့အတြက္ လုပ္ငန္းလုပ္ျဖစ္သြားတဲ့အတြက္ေရာ၊ ေနာက္ဆိုကုန္ကားေမာင္းတဲ့သူေတြရဲ႕ သားသမီးပညာေရးအတြက္ပါ ေမွ်ာ္မွန္းၿပီးေတာ့ လုပ္ႏိုင္တဲ့အတြက္ ေက်းဇူးတင္ပါတယ္"ဟု ဆည္းဆာရိပ္ေဖာင္ေဒးရွင္းမွ ဆရာမေဒၚသန္းျမင့္ေအာင္က ေျပာၾကားသည္။

အဆိုပါ "Samson Tyre ပညာအေမြ" ပညာသင္ဆုကို နီးစပ္ရာကားတာယာဆိုင္မ်ားတြင္ ေလွ်ာက္လႊာရယူ၍ လည္းေကာင္း၊ Kaung Swan Htet Trading Co.ltd သို႔ တိုက္ရိုက္ေပးပို႔၍လည္းေကာင္း ေလွ်ာက္ထားႏိုင္ေၾကာင္းႏွင့္ ရွစ္တန္း၊ ကုိးတန္းႏွင့္ တကၠသိုလ္ဝင္တန္းတက္ေရာက္မည့္သူမ်ား အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ မတ္ ၃၁ ရက္အထိေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး အသက္ေမြးဝမ္းေက်ာင္း တကၠသိုလ္တက္ေရာက္မည့္သူမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္ ၃၁ ရက္ထိ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Kaug_Swan_Htet_Trading_schlorship.jpg

Samson.jpg

<<< Unicode >>>

"လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ကြားရန် အကူအညီလိုအပ်ပါက ပညာသင်ဆုလျှောက်ထားနိုင်"


လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ကြားရန် အကူအညီလိုပါက ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် Swan Htet Trading Co.ltd ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပညာသင်ဆုပေးမည့် အစီအစဉ်အား "Samson Tyre ပညာအမွေ"ဟု အမည်ပေးထားပြီး ပညာသင်ဆုသည် လိုင်စင်အနီကိုင်ဆောင်သူ ကားကြီးယာဉ်မောင်းများ၏ သားသမီးများ၊ (ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း) တက်ရောက်မည့်သူများနှင့်(အသက်မွေဝမ်းကျောင်းတက္ကသိုလ်တက်ရောက်မည့်သူများနှင့်တက်ရောက်နေသူများ)လျှောက်ထားနိုင်ကြောင်း သိရသည်။

"ပညာသင်ဆုပေးတဲ့အခါ နှစ်ပိုင်းခွဲထယားပါတယ်။ အဲဒါက ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ပညာသင်ကြားမယ့် ကလေးတွေ၊ နောက်ပြီး ပညာသင်ကြားနေဆဲ ကလေးတွေဆိုပြီး ခွဲထားပါတယ်။

ဒီနှစ်ရမယ့်ကလေးတွေက အတန်းတင်စာမေးပွဲ ကျရှုံးသွားမယ် ဆိုရင်တော့ သူတို့ကိုပေးတော့မှာ မဟုတ်ပါဘူး။ အောင်သွားတယ်ဆိုရင်တော့ ပညာသင်ဆုတောက်လျှောက် Carry ယူသွားမှာပါ" ဟု Kaung Swan Htet Trading Co.ltd မှ Sales & Marketing မစုမြတ်မွန်က ပြောကြားသည်။

လျှောက်ထားသူသည် ပညာဆက်လက်သင်ကြားရန် စိတ်အားထက်သန်သူဖြစ်ရမည်ဖြစ်ပြီး ပညာသင်ဆုရွေးချယ်ရာတွင် လျှောက်ထားသူ၏ ပညာထူးချွန်မှု၊ ရည်မှန်းချက်၊ ရန်ပုံငွေပေါ်မူတည်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာသင်ဆု ရရှိသူသည် အတန်းတင်စာမေးပွဲကျရှုံးပါက ပညာသင်ဆုအား နောက်နှစ်အတွက် ပေးအပ်မည်မဟုတ်ကြောင်း သိရသည်။

"အထူးသဖြင့်နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးရေးဟာ ကျန်းမာရေးနဲ့ ပညာရေးက အဓိကပဲလေ။ ကျန်းမာတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ရမယ်။ ပညာတတ်တဲ့ပညာရှင်တွေဖြစ်ရမယ်။ဒါဆိုလူ့အဖွဲ့အစည်းက တိုးတက်အောင်မြင်မှာပေါ့။

အခုလုပ်တဲ့ ရည်ရွယ်ချက်လေးက ကောင်းတဲ့အတွက် လုပ်ငန်းလုပ်ဖြစ်သွားတဲ့အတွက်ရော၊ နောက်ဆိုကုန်ကားမောင်းတဲ့သူတွေရဲ့ သားသမီးပညာရေးအတွက်ပါ မျှော်မှန်းပြီးတော့ လုပ်နိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ဆည်းဆာရိပ်ဖောင်ဒေးရှင်းမှ ဆရာမဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ "Samson Tyre ပညာအမွေ" ပညာသင်ဆုကို နီးစပ်ရာကားတာယာဆိုင်များတွင် လျှောက်လွှာရယူ၍ လည်းကောင်း၊ Kaung Swan Htet Trading Co.ltd သို့ တိုက်ရိုက်ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ကြောင်းနှင့် ရှစ်တန်း၊ ကိုးတန်းနှင့် တက္ကသိုလ်ဝင်တန်းတက်ရောက်မည့်သူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်အထိလျှောက်ထားနိုင်မည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ရောက်မည့်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

Kaug_Swan_Htet_Trading_schlorship.jpg

Samson.jpg

 

Source; DailyEleven

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 15:53
Rate this articles
(0 votes)