×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 26 June 2017

Tablet တွေဟာ ကလေးငယ်များကို ထူးချွန်ထက်မြက်စေနိုင်

Tablet တွေဟာ ကလေးငယ်များကို ထူးချွန်ထက်မြက်စေနိုင် Google.com

နည်းပညာပစ္စည်းတွေကို လူတွေ အသုံးတွင်ကျယ်မှုများလာတဲ့အခါ ကလေးငယ်လေးတွေကလည်း အများနည်းတူ နည်းပညာ ပစ္စည်းတွေကို လိုက်လံသုံးစွဲကြပါတယ်။

ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းဖြစ်လို့ အချို့မိဘတွေဟာ သားသမီးများ ပျက်ဆီးသွားမှာကို စိုးရိမ်နေကြပါတယ်။

အမှန်တော့ နည်းပညာပစ္စည်းတွေမှာ သုံးတက်ရင် ဆေး၊ မသုံးတတ်ရင် ဘေးဆိုတာလည်း ကလေးတွေမှ မဟုတ်ပါဘူး၊ လူကြီးတွေလည်း ပျက်စီးတတ်ပါတယ်။

ဒါပေမယ့် စစ်တမ်းတစ်ခုအရတော့ Tablet တွေဟာ ကလေးငယ်တွေကို ထူးချွန်စေတယ်လို့ ဆိုပါတယ်။

၁. ဖျော်ဖြေမှု

Tablet မှာ ဖျော်ဖြေမှုအဖြစ် သီချင်း၊ ဗီဒီယို၊ ဂိမ်း-စုံလင်စွာ ပါဝင်ပါတယ်။ သီချင်းနားထောင်ခြင်း ဗီဒီယို ကြည့်ခြင်း ဟာ ကလေးတွေရဲ့ စိတ်ကို နူးညံပျော့ပြောင်းစေပြီး၊ တီထွင်လိုစိတ်နဲ့ စိတ်ကူးအကြံဉာဏ်ကောင်း တွေကို ပေးပါတယ်။

ဂိမ်းကစားခြင်းကလည်း ကလေးတွေကို ဉာဏ်ထက်မြတ်စေပြီး အလွန်အကျွံဆော့ကစားရင်တော့ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။

READ - စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး

၂. ပညာရေး

Tablet တွေမှာ ပညာရေးနဲ့သက်ဆိုင်တဲ့ Software တွေကနေ တစ်ဆင့် ကလေးတွေ သင်ယူနိုင်ပါတယ်။ စာအုပ်စုစည်းမှု Software တွေ၊ အင်တာနက်ကနေ တစ်ဆင့် down နိုင်တဲ့ ပညာရေးဟောပြောမှု ဗွီဒီယိုဖိုင်၊ အသံဖိုင်စတာတွေဟာ ကလေးအတွက် အလွန်တန်ဖိုးကြီးတဲ့ ဗဟုသုတများစွာ ရရှိလာမှာ ဖြစ်ပါတယ်။

၃. ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု

ဂိမ်းကစားပေးတဲ့ ကလေးရဲ့ ဉာဏ်ရည်ဟာ အချိန်တိုအတွင်းမှာ လျှင်မြန်စွာ တိုးတက်နိုင်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါမှာလည်း မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်ခြင်းကိုပင် ကာကွယ်ပေးနိုင်ပါတယ်။

၎. နည်းပညာဗဟုသုတ

နည်းပညာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း ကလေးတွေအတွက် Tablet တွေက ပေးစွမ်းနိုင်ပါတယ်။ အင်တာနက်မှာ လေ့လာခြင်း၊ ၀က်ဘ်ဆိုဒ်ရေးဆွဲခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ သတင်းရှာဖွေခြင်း စတဲ့ အခြေခံသဘောတရားတွေကို သင်ပေးနိုင်ပါတယ်။

READ - အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:52
Rate this articles
(2 votes)