×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 21 November 2017

ေျပာင္းလဲတဲ့ပညာေရးစနစ္တိုင္း ေကာင္းမြန္ဖို႔ေမွ်ာ္လင့္ရင္းနဲ႕ ကြ်န္ေတာ္ေက်ာင္းျပီးခဲ့ျပီ

ေျပာင္းလဲတဲ့ပညာေရးစနစ္တိုင္း ေကာင္းမြန္ဖို႔ေမွ်ာ္လင့္ရင္းနဲ႕ ကြ်န္ေတာ္ေက်ာင္းျပီးခဲ့ျပီ google.com

ဒီေန႔ေခတ္သင္တန္းေတြၾကည့္လိုက္ရင္ အမ်ားဆံုးက အဂၤလိပ္စာသင္တန္းေတြျဖစ္ျပီး တက္ေရာက္မွဳ အမ်ားဆံုးသင္တန္းလည္း ျဖစ္တယ္။ ကြ်န္ေတာ္တို႔ ေက်ာင္းစတက္တဲ့အရြယ္ကတည္းက အဂၤလိပ္စာ ဆိုတာကို စတင္ထိေတြ႔ျပီး သင္ၾကားလာခဲ့တာ အထက္တန္းေက်ာင္းျပီးတဲ့အထိဆို ၁၀ ႏွစ္ဝန္းက်င္ တကၠသိုလ္ဆက္ေတာ့ ၅ ႏွစ္ဝန္းက်င္ (uni တစ္ခုနဲ႕ တစ္ခုေတာ့ စာသင္နွစ္ကြာျခားခ်က္ရွိပါတယ္) ေလာက္သင္ရတယ္။

ေပါင္းလိုက္ရင္ အဂၤလိပ္စာကို ၁၅ နွစ္ေက်ာ္ေလာက္သင္လာခဲ့ရတယ္ဆိုရင္ ေက်ာင္းျပီးတဲ့အခ်ိန္မွာ ေကာင္းမြန္တဲ့ အဂၤလိပ္စာအရည္အခ်င္းတစ္ခုကုိ ပိုင္ဆိုင္ထားသင့္တဲ့ အေျခအေန တစ္ခုပါ။

ဒါေပမယ့္ ကြ်န္ေတာ္တို႔ ၁၅ နွစ္ေလာက္သာ သင္လာခဲ့တာ ေက်ာင္းျပီးတာနဲ႕ အဂၤလိပ္စာသင္တန္းကို ျပန္တက္ရတာပဲ။ ဒါေတြဟာ ကြ်န္ေတာ္တို႔လူငယ္ေတြ အတြက္နစ္နာမွဳပါ။ လူငယ္ေတြက တိုင္းျပည္ တစ္ျပည္အတြက္ အနာဂတ္ပါ။ တိုင္းျပည္မွာ လူငယ္ေတြ မတိုးတက္ဘူးဆိုရင္ တိုင္းျပည္ဆုတ္ယုတ္တာပဲ။

၁၅ ႏွစ္ေလာက္ရင္းထားေပမယ့္ ေက်ာင္းျပီးတဲ့အခါ အလုပ္ရဖို႔ မေသခ်ာ အဂၤလိပ္စာလိုအပ္ခ်က္ေတြက ျမင့္မား ဒါေတြေက်ာ္လႊားဖို႔အတြက္ သင္တန္းေတြ ထပ္တက္ အခ်ိန္ေတြကထပ္ကုန္ အသက္ေတြကၾကီးသြား အဲဒီအခ်ိန္မွာ သူမ်ားနိုင္ငံေတြက ေက်ာငး္သားေတြက အထက္တန္းနဲ႕ တီထြင္မွဳေတြ စြန္႔စားမွဳေတြ နဲ႔ နိုင္ငံကို အက်ိဳးျပဳေနပါျပီ။

Recommended for you - လူတစ္ေယာက္ရဲ႕ တန္ဖိုး

ဒါဟာ ကြ်န္ေတာ္တို႔ ကိုယ္တိုင္ၾကိဳးစားမွဳအေပၚမွာ မူတည္တယ္လို႔ ေစာဒကတက္ခ်င္တာလား တကယ္လို႔သာ ကြ်န္ေတာ္တို႔ၾကီးျပင္းလာတဲ့နိုင္ငံသာ UK ျဖစ္ျပီး ပညာသင္ၾကားခဲ့ရတဲ့ ေက်ာင္းသာ Oxford ျဖစ္ခဲ့မယ္ဆိုရင္ ကြ်န္ေတာ္တို႔ရဲ႕ ဘဝဘယ္လိုအေျခအေနမ်ိဳးျဖစ္ေနမလဲ ဒီတိုင္းပဲ ေပစုတ္တဲ့ အဂၤလိပ္စာနဲ႕ တခုခုကို တီထြင္နိုင္ဖို႔မေျပာနဲ႔ ကိုယ္အတြက္ အလုပ္တစ္ေနရာစာေတာင္ မနည္းျဖစ္ေနတဲ့ ဘဝမွာပဲ ရွိေနအံုးမွာလား။ မျဖစ္နုိင္ေလာက္ပါဘူး။

ဒါဟာ ကြ်န္ေတာ္တို႔ၾကိဳးစားမွဳအျပင္ နိုင္ငံရဲ႕ပညာေရးစနစ္အေပၚ ေထာက္ပ့ံမွဳေပၚမွာလည္း မူတည္ေန ပါေသးတယ္။ ပညာေရးစနစ္ခဏခဏေျပာင္းလဲေနတဲ့ ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံမွာ အခုလည္း အဂၤလိပ္စာ သင္ရိုးညႊန္းတမ္း၊ သင္ၾကားေရးနည္းစနစ္နဲ႕ အကဲျဖတ္နည္းစနစ္ေတြကို ေခတ္နဲ႕အညီ  ေျပာင္းလဲမယ္ ဆိုတဲ့ အဆိုကို လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့တယ္ဆိုတာေလးၾကားလိုက္ရေတာ့ အင္း….။

Scorpion(sayar.com.mm)

[Unicode Version]

ဒီနေ့ခေတ်သင်တန်းတွေကြည့်လိုက်ရင် အများဆုံးက အင်္ဂလိပ်စာသင်တန်းတွေဖြစ်ပြီး တက်ရောက်မှု အများဆုံးသင်တန်းလည်း ဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းစတက်တဲ့အရွယ်ကတည်းက အင်္ဂလိပ်စာ ဆိုတာကို စတင်ထိတွေ့ပြီး သင်ကြားလာခဲ့တာ အထက်တန်းကျောင်းပြီးတဲ့အထိဆို ၁၀ နှစ်ဝန်းကျင် တက္ကသိုလ်ဆက်တော့ ၅ နှစ်ဝန်းကျင် (uni တစ်ခုနဲ့ တစ်ခုတော့ စာသင်နှစ်ကွာခြားချက်ရှိပါတယ်) လောက်သင်ရတယ်။ ပေါင်းလိုက်ရင် အင်္ဂလိပ်စာကို ၁၅ နှစ်ကျော်လောက်သင်လာခဲ့ရတယ်ဆိုရင် ကျောင်းပြီးတဲ့အချိန်မှာ ကောင်းမွန်တဲ့ အင်္ဂလိပ်စာအရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသင့်တဲ့ အခြေအနေ တစ်ခုပါ။
ဒါပေမယ့် ကျွန်တော်တို့ ၁၅ နှစ်လောက်သာ သင်လာခဲ့တာ ကျောင်းပြီးတာနဲ့ အင်္ဂလိပ်စာသင်တန်းကို ပြန်တက်ရတာပဲ။ ဒါတွေဟာ ကျွန်တော်တို့လူငယ်တွေ အတွက်နစ်နာမှုပါ။ လူငယ်တွေက တိုင်းပြည် တစ်ပြည်အတွက် အနာဂတ်ပါ။ တိုင်းပြည်မှာ လူငယ်တွေ မတိုးတက်ဘူးဆိုရင် တိုင်းပြည်ဆုတ်ယုတ်တာပဲ။
၁၅ နှစ်လောက်ရင်းထားပေမယ့် ကျောင်းပြီးတဲ့အခါ အလုပ်ရဖို့ မသေချာ အင်္ဂလိပ်စာလိုအပ်ချက်တွေက မြင့်မား ဒါတွေကျော်လွှားဖို့အတွက် သင်တန်းတွေ ထပ်တက် အချိန်တွေကထပ်ကုန် အသက်တွေကကြီးသွား အဲဒီအချိန်မှာ သူများနိုင်ငံတွေက ကျောငး်သားတွေက အထက်တန်းနဲ့ တီထွင်မှုတွေ စွန့်စားမှုတွေ နဲ့ နိုင်ငံကို အကျိုးပြုနေပါပြီ။

Recommended for you - လူတစ်ယောက်ရဲ့ တန်ဖိုး
ဒါဟာ ကျွန်တော်တို့ ကိုယ်တိုင်ကြိုးစားမှုအပေါ်မှာ မူတည်တယ်လို့ စောဒကတက်ချင်တာလား တကယ်လို့သာ ကျွန်တော်တို့ကြီးပြင်းလာတဲ့နိုင်ငံသာ UK ဖြစ်ပြီး ပညာသင်ကြားခဲ့ရတဲ့ ကျောင်းသာ Oxford ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဘယ်လိုအခြေအနေမျိုးဖြစ်နေမလဲ ဒီတိုင်းပဲ ပေစုတ်တဲ့ အင်္ဂလိပ်စာနဲ့ တခုခုကို တီထွင်နိုင်ဖို့မပြောနဲ့ ကိုယ်အတွက် အလုပ်တစ်နေရာစာတောင် မနည်းဖြစ်နေတဲ့ ဘဝမှာပဲ ရှိနေအုံးမှာလား။ မဖြစ်နိုင်လောက်ပါဘူး။
ဒါဟာ ကျွန်တော်တို့ကြိုးစားမှုအပြင် နိုင်ငံရဲ့ပညာရေးစနစ်အပေါ် ထောက်ပ့ံမှုပေါ်မှာလည်း မူတည်နေ ပါသေးတယ်။ ပညာရေးစနစ်ခဏခဏပြောင်းလဲနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလည်း အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးနည်းစနစ်နဲ့ အကဲဖြတ်နည်းစနစ်တွေကို ခေတ်နဲ့အညီ ပြောင်းလဲမယ် ဆိုတဲ့ အဆိုကို လွှတ်တော်မှာ ဆွေးနွေးခဲ့တယ်ဆိုတာလေးကြားလိုက်ရတော့ အင်း….။
Scorpion(sayar.com.mm)

Read times Last modified on Monday, 30 December 2019 15:49
Rate this articles
(1 Vote)