အသက္ေမြး၀မ္းေက်ာင္း ပညာရပ္မ်ား အခမဲ့သင္ၾကားမည့္ စုအသက္ေမြး၀မ္းေက်ာင္း သိပၸံကို ဇန္န၀ါရီ ၃၀ ရက္တြင္ ရန္ကုန္တုိင္း ေဒသႀကီး လႈိင္သာ ယာၿမိဳ႕နယ္၌ ဖြင့္လွစ္မည္ဟု လႈိင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးဦး ၀င္းေမာင္က ေျပာၾကားသည္။
အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ပညာေရးကြန္ရက္ (ဗဟို) က ဦးစီးဖြင့္လွစ္သည့္ စုအသက္ေမြး ၀မ္းေက်ာင္း သိပၸံတြင္ ကြန္ပ်ဴ တာ၊ ဘာသာစကား၊ မုိဘုိင္းဖုန္း ျပဳျပင္နည္း၊ ၀ိုင္ယာရိန္း၊ လွ်ပ္စစ္ ျပဳျပင္နည္းစသည့္ ပညာရပ္မ်ား ကို အခမဲ့ဖြင့္လွစ္သင္ၾကားေပး မည္ျဖစ္သည္။
‘‘NLD ပညာေရးကြန္ရက္ (ဗဟုိ) က ဦးေဆာင္ေဆာင္ရြက္ တဲ့ အသက္ေမြး၀မ္းေက်ာင္း ပညာသင္ေက်ာင္း ေပါ့။ အလွဴရွင္ေတြက လွဴဒါန္းတယ္။ ကၽြန္ေတာ္တုိ႔ႏုိင္ငံမွာ အသက္ေမြး၀မ္းေက်ာင္းပညာရပ္က အမ်ားႀကီး လုိအပ္ေနတယ္။ စက္႐ုံ၊ အလုပ္႐ုံေတြမွာ လုပ္ငန္းခြင္၀င္တဲ့အခါ မွာ ကၽြမ္းက်င္လုပ္သားထုေတြ ထြက္လာ ဖုိ႔၊ အသက္ေမြး၀မ္းေက်ာင္းပညာေတြ ကၽြမ္းက်င္တဲ့ ပုဂၢိဳလ္ေတြထြက္လာဖို႔ မ်ားမ်ား ေမြးထုတ္ႏုိင္ဖို႔ ရည္ရြယ္ပါတယ္’’ ဟု ဦးဦး၀င္းေမာင္က ေျပာၾကား သည္။
Recommended for you - ေက်ာင္းသားဘ၀မွာ ကတည္းက လုပ္ငန္းခြင္ skill ေတြ တိုးတက္လာေအာင္ ဘယ္လိုလုပ္ၾကမလဲ။
သင္တန္းမ်ားသ႔ို မည္သူမ ဆုိ တက္ေရာက္ႏုိင္ၿပီး သင္တန္းတစ္ခုလွ်င္ ၂၅ ဦး လက္ခံမည္ ျဖစ္သည္။ စုအသက္ေမြး၀မ္းေက်ာင္း သိပၸံစတင္ဖြင့္လွစ္မည့္ေန႔တြင္ အေျခခံကြန္ပ်ဴတာ၊ အေျခခံ အဂၤလိပ္ဘာသာ စကား၊ အေျခခံဂ်ပန္ဘာသာစကား သင္တန္းသုံးခုကုိ ဖြင့္လွစ္မည္ ျဖစ္သည္။
စုအသက္ေမြး၀မ္းေက်ာင္းသိပၸံ ေျမေနရာကို (ဦးေအာင္သိန္း)၊ ေဒၚလဲ့လဲ့မိသားစုက လွဴဒါန္းၿပီး ဂ်ပန္ႏုိင္ငံ Tokai ကုမၸဏီ၏ ေငြေၾကးလွဴဒါန္းမႈျဖင့္ ေက်ာင္းအေဆာက္အအုံကို ၂၀၁၇ က စတင္ေဆာက္လုပ္ခဲ့ သည္။
ျမန္မာႏုိင္ငံတြင္ အသက္ ေမြး၀မ္းေက်ာင္းပညာထက္ တကၠသိုလ္ပညာေရးကို ဦးစားေပးၾကေသာ္လည္း တကၠသိုလ္ဘဲြ႕ရၿပီး ေနာက္ အလုပ္မရၾကေၾကာင္း၊ တကၠသုိလ္ပညာေရး အဆင့္မမီမွ အသက္ေမြး၀မ္း ေက်ာင္း ပညာေရးဘက္ကို ေရြးခ်ယ္ရာ ေနာက္ပိုင္းတြင္ အသက္ေမြး၀မ္းေက်ာင္း ပညာေရးၿပီးလွ်င္ အလုပ္အကိုင္ အဆင့္သင့္ရွိရန္ လုပ္ေဆာင္ႏုိင္ေရး အစိုးရအေနျဖင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၂၀၁၆ ဇူလုိင္တြင္က်င္းပသည့္ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရး ႏွီးေႏွာဖလွယ္ပဲြ၌ ေျပာၾကားထားသည္။
Recommended for you -ေသြးလွဴလို႔ရတဲ့ ေဒၚလာ ၃၀ နဲ႕ ဘဝကို ခက္ခက္ခဲခဲ ေလွ်ာက္လွမ္းလာခဲ့ရတဲ့ သန္းၾကြယ္သူေဌး တစ္ေယာက္အေၾကာင္း
ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ ေဆာင္ရြက္သည့္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းသည္ ၂၀၁၄ က ရန္ကုန္တိုင္းေဒသႀကီး ေကာ့မွဴးၿမိဳ႕နယ္တြင္ ဟိုတယ္ဘာသာရပ္သင္တန္းေက်ာင္း ဖြင့္လွစ္ထားသည္။
ကိုယ္စိတ္ဝင္စားတဲ့ ဘာသာရပ္ေတြ ကိုယ့္ဘဝတိုးတက္ဖို႔အတြက္ လိုအပ္တဲ့ အရည္အခ်င္းေတြ ျဖည့္ဆည္းဖုိ႔ သင္တန္းေတြလညး္ တက္ခ်င္တယ္။ ဒါေပမယ့္ သင္တန္းသြားတက္ဖို႔လည္း အခ်ိန္ေတြ ဖဲ့မေပးနိုင္လို႔ စိတ္ညစ္ေနပါသလား။
ကြ်န္ေတာ္တို႔ sayar.com.mm တြင္ ဘာသာရပ္ေပါငး္မ်ားစြာကုိ အိမ္တိုင္ရာေရာက္သင္ၾကားေပးေနေသာ ဆရာ ဆရာမမ်ားနွင့္ ဆက္သြယ္လိုက္ပါ။
သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ဆိုလွ်င္ေတာ့ ကြ်န္ေတာ္တို႔ႏွင့္ လက္တြဲဖုိ႔ ဖိတ္ေခၚလိုက္ပါရေစ။
အခုပဲ အခမဲ့ register လုပ္လုိက္ပါ။
Source: 7day daily
[Unicode Version]
အသက်မွေးဝမ်းကျောင်း ပညာရပ်များ အခမဲ့သင်ကြားမည့် စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာ ယာမြို့နယ်၌ ဖွင့်လှစ်မည်ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဦး ၀င်းမောင်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက် (ဗဟို) က ဦးစီးဖွင့်လှစ်သည့် စုအသက်မွေး ၀မ်းကျောင်း သိပ္ပံတွင် ကွန်ပျူ တာ၊ ဘာသာစကား၊ မိုဘိုင်းဖုန်း ပြုပြင်နည်း၊ ၀ိုင်ယာရိန်း၊ လျှပ်စစ် ပြုပြင်နည်းစသည့် ပညာရပ်များ ကို အခမဲ့ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်သည်။
‘‘NLD ပညာရေးကွန်ရက် (ဗဟို) က ဦးဆောင်ဆောင်ရွက် တဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ပေါ့။ အလှူရှင်တွေက လှူဒါန်းတယ်။ ကျွန်တော်တို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာရပ်က အများကြီး လိုအပ်နေတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်ဝင်တဲ့အခါ မှာ ကျွမ်းကျင်လုပ်သားထုတွေ ထွက်လာ ဖို့၊ အသက်မွေးဝမ်းကျောင်းပညာတွေ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေထွက်လာဖို့ များများ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်’’ ဟု ဦးဦးဝင်းမောင်က ပြောကြား သည်။
Recommended for you - ကျောင်းသားဘဝမှာ ကတည်းက လုပ်ငန်းခွင် skill တွေ တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။
သင်တန်းများသိ့ု မည်သူမ ဆို တက်ရောက်နိုင်ပြီး သင်တန်းတစ်ခုလျှင် ၂၅ ဦး လက်ခံမည် ဖြစ်သည်။ စုအသက်မွေးဝမ်းကျောင်း သိပ္ပံစတင်ဖွင့်လှစ်မည့်နေ့တွင် အခြေခံကွန်ပျူတာ၊ အခြေခံ အင်္ဂလိပ်ဘာသာ စကား၊ အခြေခံဂျပန်ဘာသာစကား သင်တန်းသုံးခုကို ဖွင့်လှစ်မည် ဖြစ်သည်။
စုအသက်မွေးဝမ်းကျောင်းသိပ္ပံ မြေနေရာကို (ဦးအောင်သိန်း)၊ ဒေါ်လဲ့လဲ့မိသားစုက လှူဒါန်းပြီး ဂျပန်နိုင်ငံ Tokai ကုမ္ပဏီ၏ ငွေကြေးလှူဒါန်းမှုဖြင့် ကျောင်းအဆောက်အအုံကို ၂၀၁၇ က စတင်ဆောက်လုပ်ခဲ့ သည်။
မြန်မာနိုင်ငံတွင် အသက် မွေးဝမ်းကျောင်းပညာထက် တက္ကသိုလ်ပညာရေးကို ဦးစားပေးကြသော်လည်း တက္ကသိုလ်ဘွဲ့ရပြီး နောက် အလုပ်မရကြကြောင်း၊ တက္ကသိုလ်ပညာရေး အဆင့်မမီမှ အသက်မွေးဝမ်း ကျောင်း ပညာရေးဘက်ကို ရွေးချယ်ရာ နောက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်း ပညာရေးပြီးလျှင် အလုပ်အကိုင် အဆင့်သင့်ရှိရန် လုပ်ဆောင်နိုင်ရေး အစိုးရအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဇူလိုင်တွင်ကျင်းပသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ၌ ပြောကြားထားသည်။
Recommended for you - သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေး တစ်ယောက်အကြောင်း
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ၂၀၁၄ က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ဟိုတယ်ဘာသာရပ်သင်တန်းကျောင်း ဖွင့်လှစ်ထားသည်။
ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ကိုယ့်ဘဝတိုးတက်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းဖို့ သင်တန်းတွေလညး် တက်ချင်တယ်။ ဒါပေမယ့် သင်တန်းသွားတက်ဖို့လည်း အချိန်တွေ ဖဲ့မပေးနိုင်လို့ စိတ်ညစ်နေပါသလား။
ကျွန်တော်တို့ sayar.com.mm တွင် ဘာသာရပ်ပေါငး်များစွာကို အိမ်တိုင်ရာရောက်သင်ကြားပေးနေသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုလျှင်တော့ ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: 7day daily