×

Warning

JUser: :_load: Unable to load user with ID: 723


Student

Monday, 05 March 2018

တက္ကသိုလ်ဝင်စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုနိုင်ဖို့ လမ်းညွှန်ချက်တချို့

တက္ကသိုလ်ဝင်စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုနိုင်ဖို့ လမ်းညွှန်ချက်တချို့ google.com

တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေလည်း ဒီအချိန်လောက်ဆိုရင် စိတ်တွေ လည်းလှုပ်ရှားနေ လောက်ပြီပေါ့။ ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း ဆယ်တန်းစာမေးပွဲဆိုတာနဲ့ စိတ်ဖိစီးမှုကတော့ အထိုက်အလျောက်ရှိတာပါပဲ။ ဒီလိုမျိုးစိတ်ဖိစီးမှုတွေအောက်မှာ အမှားတွေ မလုပ်မိအောင် ကိုယ်ကြိုးစား ထားသလောက် ဖြေနိုင်အောင် အမှတ်တွေအများကြီးရပြီး ဂုဏ်ထူးတွေနဲ့ အောင်မြင်ဖို့အတွက် လမ်းညွှန်ချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ တစ်နှစ်ပတ်လုံး စာတွေကို အကောင်းဆုံးကြိုးစား သင်ယူပြီးခဲ့ပြီ၊ သေချာလည်း လေ့လာကျက်မှတ်ခဲ့ပြီးပြီဆိုတာ ကိုယ့်ကိုယ်လက်ခံပါ။ အရေးအကြီးဆုံးက ဖြေမယ့်နေ့မှာ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ စိတ်ဓာတ်ကျစရာတွေ မတွေးမိဖို့ အရေးကြီးပါတယ်။ ငါမဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ၊ ငါမှန်းသလောက် အမှတ်တွေ မရရင် ဘယ်လိုလုပ်မလဲ၊ စာတွေ မေ့ကုန်ရင် ဘယ်လိုလုပ်မလဲ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မယုံကြည်တဲ့အတွေးတွေ စိုးရိမ်လွန်နေတာမျိုးတွေ မဖြစ်စေဖို့ သတိထားပါ။ ဒီစိုးရိမ်းစိတ်တွေက စာမေးပွဲဖြေတဲ့အခါ အမှားတွေလုပ်မိတာမျိုးတွေ ဖြစ်စေပါ တယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။

Recommended for you - ခေါင်းဆောင်မှု အတတ်ပညာ

အချိန်ကို စနစ်တကျစီမံခန့်ခွဲပါ။

ဖြေဆိုမယ့်နေ့မှာ လိုအပ်တဲ့ စာရေးကိရိယာပစ္စည်းတွေ၊ ဖြေဆိုခွင့်ကဒ်တွေ တခြားကိုယ်လိုအပ်တဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးပါ။ စာမေးပွဲခန်းကို စောစောသွားပါ။ စောစောရောက်တဲ့အတွက် နောက်ကျမှာကို စိတ်ပူစရာမလိုပဲ စိတ်အေးအေးနဲ့ စာမေးပွဲကို စဖြေနိုင်မှာပါ။ ကျောင်းသားတိုင်းက ဖြေဆိုချိန် ၃ နာရီပဲ ရရှိကြမှာပါ။ ဒီအချိန် ၃ နာရီဆိုတာ အရမ်းကို တန်ဖိုးရှိပါတယ်။ ဒီအချိန်နဲ့ မေးခွန်း တွေအကုန်ဖြေဆိုနိုင်အောင် သေချာစီမံဖို့လိုပါတယ်။ ဖြေဆိုပြီးရင်လည်း ကိုယ့်အဖြေလွှာတွေကို ပြန်စစ်ဖို့ အတွက် အချိန်ပို ၁၅ မိနစ်လောက်တော့ ဖယ်ထားသင့်ပါတယ်။ ကိုယ်ကအကောင်းဆုံးဖြေဆိုထားပေမယ့် ရှမ်းသွားတတ်တာမျိုး စာကျန်ခဲ့တာမျိုးတွေ နံပါတ်မှားတပ်တာမျိုးတွေ ကြုံတတ်တဲ့အတွက် ပြန်စစ်ဖို့ လိုပါ တယ်။

မေးခွန်းတွေကို သေချာဖတ်ပါ။

စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မေးခွန်းစာရွက် အစအဆုံးကို နားလည်အောင် သေချာဖတ်ပါ။ မေးခွန်းသဘော တရားကို နားလည်အောင်ဖတ်ဖို့ အရေးကြီးပါတယ်။ ဘယ်မေးခွန်းကို အရင်ဖြေရမလဲ၊ ဘယ်မေးခွန်းကို တော့ အချိန်ဘယ်လောက်သုံးရမလဲ ဒါတွေကို တွက်ချက်နိုင်မှာဖြစ်ပြီး မေးခွန်းအားလုံးကို အချိန်မှီဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သိပ်မပိုင်နိုင်တဲ့ မေးခွန်းပါလာခဲ့ရင်လည်း စိတ်အရမ်းလှုပ်ရှားတာမျိုးကို မဖြစ်စေပဲ ဒီမေးခွန်းကို ဝိုင်းထားပြီး ကိုယ်ပိုင်နိုင်တဲ့ မေးခွန်းတွေကို အရင် ဖြေဆိုပါ။ နောက်ဆုံးမှ စိတ်အေးအေးနဲ့ ကိုယ်မရတဲ့ မေးခွန်းကို ဖြေဆိုပါ။

အရှုံးပေးတဲ့စိတ်တွေ အဝင်မခံပါနဲ့။

ဘာသာရပ်တိုင်းကို ကြိုးစားကျက်မှတ်ထားပေမယ့် တခါတလေမှာ ဖြေနိုင်တဲ့ ဘာသာရပ်တွေအပြင် မဖြေနိုင်တဲ့ ဘာသာရပ်တွေလည်း ရှိတတ်ပါတယ်။ ကိုယ်အကောင်းဆုံးလုပ်ထားပေမယ့် ထင်သလောက် မဖြေနိုင်တဲ့အခါ စိတ်ဓာတ်ကျသွားပြီး စာမေးပွဲတောင် ဆက်ဖြေချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်တတ်ပါ တယ်။ ကိုယ်မျှော်မှန်းသလောက် မဖြေနိုင်ခဲ့ရင် စိတ်ဓာတ်ကျစရာမလိုပါဘူး။ အဲ့နေ့အတွက် လိုအပ်တဲ့ အမှတ်တွေကို နောက်နေ့ဖြေမယ့် ဘာသာရပ်မှာ ပိုယူလိုက်ပါ။ နောက်နေ့မှာ ပိုကြိုးစားလိုက်ပါ။ စာမေးပွဲပြီး သွားမှသာ ထပ်ဖြေချင်တယ်ဆိုလည်း မရတော့ပါဘူး။ အခွင့်အရေးရှိတုန်း ကြိုးစားပါ။

စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ပြီး ဂုဏ်ထူးတွေအများကြီးနဲ့ အောင်မြင်နိုင်ပါစေ။

Read times Last modified on Friday, 03 January 2020 14:31
Rate this articles
(5 votes)