UK Wrexham Glyndwr University မှပေးအပ်တဲ့ MBA ကို Princeton Management College မှာ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
UK တက္ကသိုလ်ကြီးများမှာ တိုက်ရိုက်တက်ရောက်ပြီး ပြည်တွင်းမှာ Scholarship လျှောက်ထားကာ စရိတ် သင့်တင့်စွာနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်ပမှ lecturer များ၊ ပြည်တွင်းမှ Ph.D ဘွဲ့ရသင်ကြားရေး အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ၊ ဆရာမကြီးများကိုယ်တိုင် ဦးစီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ UK တက္ကသိုလ်ကြီးများနဲ့ နည်းတူ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်တဲ့ Discussion based Learning, လက်တွေ့ Case Study များကို ဖြေရှင်းညှိနှိုင်းသင်ကြားပေးတဲ့ Problem Based Learning များနဲ့ နားလည်တတ်ကျွမ်း ပြီး လက်တွေ့အသုံးချနိုင်ရန် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကာလ ၁၂ လကြာမြင့်မှာဖြစ်ပြီး UK တက္ကသိုလ်ကြီးများရဲ့ သင်ကြားရေး အရည်အသွေးအတိုင်း Continuous Assessment and Assignment ပုံစံနဲ့ သင်ကြားကြပ်မတ် စစ်ဆေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Princeton Management College အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ MBA အတန်းအတွက် စတင်ဖွင့်လှစ် ပေးသွားမှာဖြစ်ပြီး ၂၀၁၉ အစောပိုင်းမှာ B.A (Hons) Business နဲ့ B.A (Hons) Accounting & Finance ဘွဲ့များကို ဆက်လက်ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူများ သင်တန်းကြေးပေးသွင်းမှုမှ အစ အဆင်ပြေချောမွေ့စေရန် အရစ်ကျစနစ်ပုံစံ အမျိုးမျိုး၊ Scholarship အမျိုးမျိုး စီစဉ်ထားကြောင်း သိရပါတယ်။ အသေးစိတ်သိရှိလိုပါက Princeton Management College ဖုန်း ၀၉- ၄၂၇ ၇၅၅၅၅၆၊ ၀၉- ၄၂၇ ၇၅၅၅၅၈ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဂျပန်ဘာသာစကားသင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်းရှိ ဂျပန်ဘာသာစကားကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Source; Internet Journal