×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 22 May 2018

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင် ဂျင်းကျောင်းမဖြစ်စေဖို့

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင် ဂျင်းကျောင်းမဖြစ်စေဖို့ google.com

တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ အင်တာနက်ရှိရုံနဲ့ နိုင်ငံတကာမှာရှိတဲ့ကိုယ်တက်ချင်တဲ့ ကျောင်းတွေကို လွယ်လွယ်ကူကူလျှောက်လို့ရနိုင်တာမျိုး online ကနေတက်ရောက်နိုင်တဲ့ diploma တွေ certificate တွေ ကို အလွယ်တကူ ရယူနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါပြီ။

 

ဒါပေမယ့် တချို့ကျောင်းတွေက ဂျင်းကျောင်းတွေဖြစ်နေတတ်ပါတယ်။ တကယ်အပြင်မှာ နာမည်ကြီး ကျောင်းတွေနဲ့ ဆင်တူယိုးမှားဖြစ်အောင် နာမည်တွေပေးထားတတ်လို့ သေချာသတိမထားမိရင် မှားနိုင်ပါတယ်။

တချို့ကျောင်းတွေဆို ဈေးသက်သက်သာသာနဲ့ Doctor/ PHD/ Master တွေတောင် လျှောက်လို့ ရနိုင်ပါတယ်။ လျှောက်မိသွားတယ်ဆိုရင် အချိန်တွေကုန် ပိုက်ဆံတွေကုန် ဘယ်သူမှအသိအမှတ်မပြုတဲ့ လက်မှတ်ကြီးနဲ့ ဂျင်းမိသွားမှာ စိုးလို့ပါခင်ဗျာ။

Recommended for you - လူငယ်တွေအတွက် လိုအပ်တဲ့ အရည်အချင်းနှစ်ရပ်

ဒါကြောင့် နိုင်ငံခြားက University, Institute တွေတက်မယ်ဆိုရင် ဒီကျောင်းက စိတ်ချရရဲ့လား world ranking ဘယ်လောက်ရှိလဲ ဒါတွေကို ဝင်စစ်ကြည့်လို့ရတဲ့ link လေးကို ပြောပြပေးချင်ပါတယ်။ ကိုယ်တက်မယ့်ကျောင်းက ဒီ site ထဲမှာတောင် မပါဘူးဆိုရင် သတိထားပါ။ ကျောင်းရဲ့ information တွေကို သေချာစစ်ပါ။ သေချာလေ့လာပါ။

ဒီ site မှာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကျောင်းတွေရဲ့ world ranking ကိုတောင်စစ်လို့ ရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် world ranking 1 ကနေ 20000 ထဲမှာ ရောက်နေတဲ့ ကျောင်းဆိုရင် ranking တော်တော်လေးမြင့်တယ်လို့ ပြောလို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုရင် world ranking 9619 ပါ။ ပြီးတော့ ဒီ site မှာ သက်ဆိုင်ရာနိုင်ငံအလိုက် အသိအမှတ်ပြုထားတဲ့ ကျောင်းတွေ ပါပါတယ်။ တကယ်အသုံးဝင်တဲ့ site လေးပါ။ link လေးက အောက်မှာပါ။

http://www.webometrics.info/en

Credit: KaungThu

 

Read times Last modified on Wednesday, 08 January 2020 14:02
Rate this articles
(1 Vote)