×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Friday, 08 June 2018

ဆယ်တန်းကြောင့် ဘ၀မရပ်စေချင်

ဆယ်တန်းကြောင့် ဘ၀မရပ်စေချင် google.com

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးခဲ့သည်မှာ ရက်သတ္တပတ် ကျော်လွန်ခဲ့ပါပြီ…

သို့သော် အောင်မြင်သွားသူတွေအတွက် အခက်အခဲမရှိပေမယ့် ကျရှုံးခဲ့တဲ့ ညီ၊ ညီမ တွေအတွက်တော့ ယနေ့အထိ တအုံနွေးနွေးနဲ့ ပူဆွေးသောကရောက်နေ ရဆဲပဲဆိုတာ အားလုံးလည်းတွေ့ကြရမယ်ထင်ပါတယ်….

ဒီလို ခံစားနေကြရတဲ့ ညီ၊ ညီမ တို့ရဲ့ ပူဆွေးသောကတွေကို ကျွန်တော်တို့ ဘယ်လို ကုစားပေးကြမလဲ?????

တကယ်တော့ ကျွန်တော်တို့ သားဘဝအတွက်အရေးကြီးတဲ့ တံခါးတစ်ချပ်ဖြစ်ပေမယ့် ဘဝကို အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမဟုတ်ပါဘူး

ဆယ်တန်းသာ ကျခဲ့ရင်သမီးတွေ အတွက် မိဘတွေဟာ နှစ်ယောက်မရှိတဲ့ အနှိုင်းမဲ့လူစွမ်းကောင်းကြီးတွေပါ။

ဒီတော့ ခုနက ညီ၊ ညီမ တို့ရဲ့ သောကတွေကို ပြေပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းဟာ မိဘတွေရဲ့ မေတ္တာစွမ်းအားတွေပဲလို့ ကျွန်တော်ထင်ပါတယ်……

အခုစာဖတ်သူအနေနဲ့ ဆိုရင်လည်း ကျွန်တော်နဲ့ ထပ်တူကျနေလိမ့်မယ်လို့ ထင်ပါတယ်…..

ဒီတော့ ဘယ်လိုမေတ္တာစွမ်းအားတွေ ပေးကြမလဲ……

နှစ်သိမ့်ပေးရပါမယ်…အားပေးစကားတွေပြောပေးရပါမယ်...ပျော်စရာလေးတွေဖန်တီးပေးရပါမယ်...ဖြစ်နိုင်ရင် ခရီးလေးတွေပါထွက်ပေးသင့်ပါတယ်..

ဆိုတော့ဗျာ မိဘများအနေနဲ့ ဒီအချိန်မှာ အတတ်နိုင်ဆုံး မိမိတို့ရဲ့ သားသမီး တွေကို ဂရုစိုက်ပေးရပါမယ်။အကယ်၍ ဒီစာဖတ်နေသူဟာ အဆိုပါမိဘ နေရာရောက်နေတယ်ဆိုရင် ကျွန်တော်အခုပြောပြပေးခဲ့တဲ့ နည်းလေးတွေကို လုပ်ပေးပြီး မိမိတို့ရဲ့ သူရဲကောင်းလေးတွေကို စိတ်ဓာတ်ခွန်အား မြင့်မားလာအောင်လုပ်ဆောင်ပေးနိုင်ကြပါလိမ့်မယ်လို့မျှော်လင့်ပါတယ်…..

Recommended for You - အင်္ဂလိပ်စာကို အချိန်တိုအတွင်း တတ်မြောက်နိုင်မယ့်နည်းလမ်းများ

ညီတို့ ညီမတို့ကလည်း တကယ်တော့ အဲ့လောက်စိတ်ဓာတ်ကျစရာ မလိုပါဘူး။

အစ်ကိုတို့ ကြည့်ကြည့်လိုက်မယ်ဆိုရင် လက်ရှိကမ္ဘာမှာ အောင်မြင်ကျော်ကြားနေသူတွေရဲ့ ပညာရေးတွေဟာလည်း အရမ်းကြီးကောင်းနေကြတာတော့မဟုတ်ပါဘူး။ တစ်ချို့ဆို ညီ၊ ညီမ တို့လောက်တောင် ပညာတတ်ကြတာမဟုတ်ဘူး...ဒီတော့ ဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ…..ဒီ ၁၀ တန်းကျသွားလို့ ဘာများဖြစ်သွားနိုင်မှာမို့လဲ…..သေချာပြန်ဖြေရင် အောင်နိုင်တာပဲလေ…..

အဲ့လိုမှ ကိုယ်က ပြန်မဖြေချင်တော့ဘူးဆိုလည်း တခြားတက်စရာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းတွေ ၊ Scholarship တွေ၊ College တွေအများကြီးရှိပါတယ်….

IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ပြီး Mr.Bill Gate, Mr.Mark Zuckerberg တို့လို သူဌေးကြီးလုပ်မလား…..

အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေတက်ပြီး အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် တွေ….

တခြား အသက်မွေးဝမ်းကြောင်းသင်တန်းတွေကို ၀ါသနာနဲ့ယှဉ်ပြီး ဘ၀ကို ကိုယ့်စိတ်ကြိုက်ပုံဖော်လို့ရပါတယ်….

ဒီတော့ အစ်ကိုပြောချင်တာက ဘာကြောင့်များ တန်ဖိုးရှိတဲ့အချိန်တွေ ကို ဖြုန်းတီးနေတော့မှာလဲ။

ဘ၀ကို လွတ်လပ်ပေါ့ပါးစွာနဲ့ တို့တွေရဲ့ လောကကြီး ကို အစွမ်းကုန် အလှဆင်ကြပါစို့လား။ 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for You - အချိန်တိုအတွင်း Certificate ရရှိနိုင်မည့် နာမည်ကြီးတက္ကသိုလ်မှ free online course များ

Read times Last modified on Wednesday, 08 January 2020 14:14
Rate this articles
(0 votes)