×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 12 June 2018

သင့်စိတ်ကူးအိမ်မက်တွေဆီခေါ်ဆောင်သွားနိုင်မည့် ပညာရေးပြပွဲကြီး

သင့်စိတ်ကူးအိမ်မက်တွေဆီခေါ်ဆောင်သွားနိုင်မည့် ပညာရေးပြပွဲကြီး google.com

ဆယ်တန်းမှာ အမှတ်မမှီလို့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တက်လို့မရဘူးဆိုတာ ခုလိုမျိုးတိုးတက်နေတဲ့ ခေတ်ကြီးမှာ မဖြစ်သင့်တော့ပါဘူး။ မြန်မာနိုင်ငံမှာ တက်လို့မရဘူးလား ဒါဆို နိုင်ငံခြားမှာ သွားတက်မယ်၊ ငွေကြေး အခက်အခဲရှိလား ရတယ် scholarship လျှောက်မယ် ….. တကယ်ဖြစ်ချင်တဲ့သူတွေအတွက် အခွင့်အရေးဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။

ဒါပေမယ့် အခွင့်အရေးတိုင်းက သင့်ဆီကို ရောက်လာမှာမဟုတ်ဘူးနော်။ သင်က အခွင့်အရေးဆီကို သွားရှာရမှာပါ။ အခုလည်း အခွင့်အလမ်းရှာနေတဲ့သင်တို့အတွက် နိုင်ငံတကာပညာရေးနဲ့ ပညာသင်ဆုတွေရယူနိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးချင်ပါတယ်။

 

ဒါကတော့ 9th MSI World Wide Education Fair ပဲ ဖြစ်ပါတယ်။ ဒီပညာရေးပြပွဲကို MSI education မှ ကျင်းပပြုလုပ်တာဖြစ်ပြီး USA, UK , Australia , Spain, Switzerland, Singapore, Malaysia နှင့် Thailand အစရှိသည့် နိုင်ငံတို့မှတက္ကသိုလ်များစွာ ပါဝင်ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ (တန်းအောင်၊ (၁၀တန်းအောင်၊ GCE‘O’Level, HND (UK), ABE, LCCI (UK), NCC (UK),အစိုးရတက္ကသိုလ် မှ ကျောင်းသူ/သားများ ၊ ပုဂ္ဂလိက သင်တန်းကျောင်းများ နှင့် International School မှ ကျောင်းသူ/သားများ၊ဘွဲ့ရရှိပြီးသူများ  နိုင်ငံခြားပညာရေးကို စိတ်ဝင်စားသူ ၊ မည်သူမဆို အခမဲ့ လွတ်လပ် ပွင့်လင်းစွာ လာရောက်ဆွေးနွေး နိုင်သည့်အပြင် ပညာသင်ဆုများကိုလည်း (100%) အထိ လျှောက်ထားနိုင်သည်။

 

ပညာရေးပြပွဲကို တက်ရောက်လာသူများအတွက် အထူးအခွင့်အရေးတစ်ခုလည်း ရှိပါသေးတယ်။ ပြပွဲနေ့တွင် ကျောင်းအပ်နှံပါက အောက်ပါကင်းလွတ်ခွင့်တွေလည်း ခံစားရမှာဖြစ်ပါတယ်။

 

▶ 100% Scholarships ပညာသင်ထောက်ပံ့ စရိတ်များ ၊(မိမိ အမှတ်စာရင်းပေါ်မူတည်ပါသည်)

▶ ကုန်ကျစရိတ် သက်သာစွာဖြင့် ပညာသင်နေထိုင် စရိတ်များ ၊

▶ နေထိုင်စရိတ် သက်သာစွာဖြင့် စာသင်ကြားခွင့်များ

▶ ကျောင်းဝင်ကြေး အခမဲ့ ကင်းလွတ်ခွင့်များ ၊

▶ လေယာဉ်လက်မှတ် အခမဲ့ ရရှိနိုင်သော အခွင့်အရေးများ အပြင်

▶ အခမဲ့ ကျန်းမာရေးဆေးစစ်ခွင့်များ

 

Recommended for you - ဆယ်တန်းကြောင့် ဘ၀မရပ်စေချင်

 

ပွဲတက်ရောက်ခြင်းဖြင့် သိရှိလာမည့် အကြောင်းအရာနှင့် အကျိုးကျေးဇူးများ

➤  ဆွစ်ဇာလန်နိုင်ငံအပါအ၀င် နိုင်ငံတကာပညာသင်ဆု ၊ ပညာသင်ထောက်ပံ့ ကြေးများနှင့်အတူ လုပ်ငန်းခွင် အတွေ့အကြုံနှင့် လုပ်ခလစာရရှိသည့် အခွင့်အရေးများ ကိုကျောင်းတက်ရင်းရရှိနိုင်ခြင်း။

➤  ပညာသင်ဆုအဖြစ်ကျောင်းလခ (100%) ကို အပြည့် အ၀ကင်းလွတ်ခွင့်ခံစားရရှိပြီး နိုင်ငံခြားတက္ကသိုလ် များ သို့ သွားရောက် ပညာသင်ကြား နိုင်မည့် အခွင့်ရေးများ ။

➤  ကျောင်းလခ(100%)  အပြင် (၁၀တန်းအောင်ရမှတ်များပေါ်မူတည်ပြီး (80%,75%,70%,60%, 50%,40%, 30%,25%,20%,15%,10%) စသည့်ပညာသင်ဆုများ လျှောက်ထားရယူနိုင်မည့် အခွင့်အရေးများ ။

➤  အရှေ့တောင်အာရှ နိုင်ငံများ ရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံကဲ့သို့ ကုန်ကျစရိတ်သက်သာစွာ ကျောင်း တက်ပညာသင်ရင်း အနောက်နိုင်ငံ ပင်မတက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်ဗီဇာအခက်အခဲမရှိပဲ လွယ်ကူစွာကူးပြောင်းသင်ကြားနိုင်မည့်  လမ်းကြောင်းများ။(Transfer Program)

➤  နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့လက်မှတ်တွေနဲ့ ပြည်တွင်း/ပြည်ပမှာရှိတဲ့ လုပ်ငန်းခွင်အသီးသီးမှာ နေရာကောင်းလစာကောင်းနှင့်အလုပ် လုပ်ကိုင်နိုင်မည့်အကြောင်းများ။

➤  Dual Degree program များကို တက်ရောက်သင်ကြားခြင်းဖြင့် လုပ်ငန်းခွင်နှင့် အလုပ် အကိုင်အခွင့်အလမ်းကျယ်ပြန့်လာမည့်အကြောင်းများ။

➤  အိမ်နီးချင်းနိုင်ငံဖြစ်သောစင်္ကာပူ၊မလေးရှား၊ထိုင်းနိုင်ငံတို့မှတစ်ဆင့်အနောက်ဥရောပတက္ကသိုလ်ကြီး များဖြစ်သည့် အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ဆွစ်ဇာလန်၊ကနေဒါ၊နယ်သာလန် နှင့် နယူးဇီလန် အစရှိတဲ့နိင်ငံတို့မှဖွင့်လှစ်ထားသည့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ အရှေ့တောင်အာရှတွင် ကုန်ကျသောကျောင်းလခဖြင့် အနောက်နိုင်ငံကြီးများသို့ “ Study Abroad Program” နှင့် “ Semester Exchange” ဖြင့်ကူးပြောင်းပညာသင်ကြားပြီး နိုင်ငံကြီးများ အထိထိုး ဖောက်နိုင် သည့်အခွင့်အရေးများ။

➤  “Internship Program” (၀င်ငွေလုပ်ခလစာရ အလုပ်သင်ကာလ)နှင့် တက်ရောက်ပြီးဆုံးသူများအတွက် ဘွဲ့ရကျောင်းပြီးချိန်တွင် Partner Companies များ၌ အလုပ်ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသည့် အကြောင်း များ။

 

ကျင်းပမည့်နေ့ရက်များ

 

ရန်ကုန်မြို့

Date - 22 June 2018 (Friday)

Time - နံနက် (၁၀နာရီမှ မွန်းလွဲ (နာရီ

Place - Sule Shangrila Hotel (Bago Room)

မန္တလေး မြို့

Date - 23 June  2018 (Saturday)

Time - မွန်းလွဲ (နာရီ မှ ညနေ (နာရီ အထိ

place - Mandalay Hill Resort Hotel (Ball Room)

တောင်ကြီးမြို့

Date -   24 June 2018 (Sunday)

Time -   မွန်းလွဲ (နာရီမှ ညနေ (နာရီအထိ

Place - Royal Star Hotel (Royal Hall)

တို့တွင် သုံးရက်တိတိ အခမဲ့ကျင်းပပေးမည် ဖြစ်ပါတယ်။

 

9th MSI World Wide Education Fair အတွက် တစ်နေရာထဲမှာ စုံစုံလင်လင်လေ့လာနိုင်ဖို့ 2018 June 20 ရက်နေ့ နောက်ဆုံးထားပြီးအောက်ပါဖုန်းနံပါတ်များ သို့ အမည် ၊ဖုန်းနံပါတ်များ ကိုစာရင်းပေးသွင်းနိုင်ပါသည်။

စုံစမ်း စာရင်းသွင်းရန်

Yangon : 095103915, 09420037616, 01 250929

Mandalay : 09402517549, 09767847673

Taunggyi : 09976058626

 

Source; MSI

 

Recommended for you - အချိန်တိုအတွင်း Certificate ရရှိနိုင်မည့် နာမည်ကြီးတက္ကသိုလ်မှ free online course များ

Read times Last modified on Wednesday, 08 January 2020 14:14
Rate this articles
(0 votes)