×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 20 June 2018

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ချင်သူတွေအတွက် ဆွေးနွေးပွဲ

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ချင်သူတွေအတွက် ဆွေးနွေးပွဲ google.com

သင်တို့နိုင်ငံရဲ့အနာဂတ် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေက ခေါင်းဆောင်တွေနဲ့ဆုံတွေ့ရတာလောက် ပိုပြီးကောင်းတာမရှိပါဘူး။

San Mateo Colleges of Silicon Valley ကကျောင်းကိုယ်စားလှယ်တွေဟာ ရန်ကုန်ကိုလာပြီး ကျောင်းသား တွ၊ ကျောင်းသား မိဘတွေနဲ့တွေ့ကာ ကျောင်းလျှောက်တာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ကျောင်းဝင်ခွင့်အကြောင်းတွေ၊ အမေရိကန်ပြည်ထောင်စုကိုသွားရင်လိုအပ်မယ့် အစီအစဉ်တွေအကြောင်းကို ဆွေးနွေးမျှဝေသွားဖို့ရှိပါတယ်။

 

ဆွေနွေးမဲ့နေ့ရက်ကတော့ ဇွန် ၂၂ ၊ ၂၀၁၈၊ သောကြာနေ့ ဖြစ်ပြီး၊ နေရာကတော့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းထောင့်တစ်နေရာမှာရှိတဲ့ ရန်ကုန်အမေရိကန်စင်တာမှာ၊ နေ့လယ် ၂း၀၀ ကနေ ညနေ ၄း၀၀ အထိ ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

 

ရန်ကုန်အမေရိကန်စင်တာထဲ ဝင်ရောက်ဖို့ သတိပေးစရာလေးတစ်ခုက ဓာတ်ပုံပါတဲ့ကတ်ပြားတစ်ခုခု ယူဆောင်လာပေး ဖို့ပြောပြချင်ပါတယ်။ နောက်ပီး စမတ်ဖုန်းနဲ့တက်ပ်လက်တွေ ယူဆောင်လာလို့ရပါတယ်။ ဒါပေမဲ့ လက်ပ်တော့ကွန်ပျူတာတို့၊ ကင်မရာတို့၊ သံသတ္ထုနဲ့လုပ်ထားတဲ့ ထည့်စရာနဲ့ အခြားပစ္စည်းကိရိယာတွေကိုတော့ ယူဆောင်လာခွင့်မပြုပါဘူး။

 

အင်္ဂလိပ်စာကို လေ့လာချင်သူတွေအတွက် sayar.com.mm ဆိုတဲ့ Website မှာ အင်္ဂလိပ်စာကို သေချာတက်မြောက်ေ

အာင် သင်ကြားပေးတဲ့ ဆရာတွေနဲ့ ချိတ်ဆက်လိုက်ပါ။

သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။Credit;U.S.Embassy Rangoon

Read times Last modified on Wednesday, 08 January 2020 15:16
Rate this articles
(2 votes)