ဂျပန်နိုင်ငံ၊ Hokkaido University မှ ပေးအပ်တဲ့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ နဲ့ ၂၀၁၉ခုနှစ်၊ ဧပြီလတို့မှာ စတင်ဖွင့်လှစ်ပေးမယ့် မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများသို့ သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီသည့် အရာထမ်းများက သက်ဆိုင်ရာ Website များကို ဝင်ရောက်လေ့လာ၍ ယှဉ်ပြိုင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ပညာသင်ဆုများသို့ ကုန်သည်စက်မှု အသင်းချုပ် ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ၊ ညီနောင် အသင်းများမှ ဝန်ထမ်းများ နှင့် CEC/EC များ လျှောက်ထားနိုင်ပါတယ်။
Recommended for you - UITသို့ တိုက်ရိုက်လျှောက်ထားသူများမှ အမှတ်အများဆုံးရရှိသူ (၂၀၀)ဦးခန့်ကို ထုတ်ပြန်ကြေငြာမည်
ပညာသင်ဆုများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Website : http://www.ees.hokudai.ac.jp/ မှာ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်စာဖြင့် ပူးတွဲလျှောက်ထားကာ Website ၏ သတ်မှတ်ထားတဲ့ ရက်ထက် နောက်မကျပဲ လျှောက်ထားနိုင်ပါတယ်။
အသင်းချုပ် ခွင့်ပြုချက် ရယူလိုပါက
- အမှုဆောင် အရာရှိချုပ်ထံလိပ်မူ၍ ကိုယ်တိုင်ရေး လျှောက်လွှာ (၁)စောင်၊
- လျှောက်ထားသူ၏ CV၊ ဓါတ်ပုံ၊
- အသင်းချုပ်၊ အသင်းဝင်ကဒ်မိတ္တူ၊
- မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍
- အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာတို့နဲ့အတူ လျှောက်ထားရမှာဖြစ်ပါတယ်။
ဆက်သွယ်ရန်
HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊၁၃၄) ၊
Email : This email address is being protected from spambots. You need JavaScript enabled to view it.
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - IGCSE နဲ့ အခြေခံပညာအထက်တန်း အောင်မြင်ထားသူများအတွက် ပညာရေးဆွေးနွေးပွဲ
Recommended for you - ပုသိမ်တက္ကသိုလ်မှ (day) မေဂျာအမှတ်များ
Credit; ကုန်သည်စက်မှုအသင်းချုပ်