×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 07 March 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သင်္ချာဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံ

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သင်္ချာဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံ edge.com

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာမေးပွဲ ဖြေဆိုရာတွင် မှန်ကန်သော နည်းစနစ်များ၊ မှန်ကန်သော အတွေးအခေါ်အယူအဆ များကို အခြေခံ၍ စနစ်တကျ တွက်ချက်ရေးသားဖြေဆိုတတ်စေရန်၊ မှားတတ်သောအမှားများကို သတိပြု ရှောင်ကြဉ်နိုင်ကြစေရန်နှင့် စာမေးပွဲဖြေဆိုရာတွင် သတိပြုရမည့် အချက်အလက်များကို သိရှိကြစေရန် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ဂုဏ်ထူးမှတ်လွန်အမှတ်ကောင်းကောင်းရရှိရန် ပြဌာန်းစာအုပ် ပါ သင်ခန်းစာ အားလုံးအပြင် သင်ခန်းစာတစ်ခုချင်း နှင့် ဆက်နွှယ်သော ဥာဏ်စမ်းပုစ္ဆာများကိုလည်း တွက်ချက်လေ့ကျင့်ထားရန် အကြံပြုလိုပါသည်။

သင်္ချာမေးခွန်းလွှာမှာ Section A, B and C ဆိုပြီး အပိုင်း (၃) ပိုင်းကို (၃) နာရီ ဖြေဆိုရမှာပါ။

Section A

(၁) မှတ်တန် multiple choice (၂၅) ပုဒ်မေးထားပြီး မေးခွန်းအားလုံးဖြေဆိုရမည်။

Section B

(၃) မှတ်တန် (၅) ပုဒ်မေးထားပြီး မေးခွန်းအားလုံးဖြေရမည်။ မေးခွန်း No.2 ၌ (၃) (OR) ခံ၍ choice ပေးထားပြီး အလားတူ မေးခွန်း No.3 ၌ (OR) ခံ၍ choice ပေးထားသည်။ ကြိုက်နှစ်သက်ရာ (၁) ပုဒ်ကိုသာ မေးခွန်းတပ်၍ ဖြေဆိုရမည်။

Section C  

(၁၀) မှတ်တန် မေးခွန်း (၉) ပုဒ်မေးထားပြီး ကြိုက်နှစ်သက်ရာ မေးခွန်း (၆) ပုဒ်ကိုသာ ရွေးချယ်ဖြေဆိုရမည်။ မေးခွန်း (၁) ပုဒ်စီမှာ အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ (၅) မှတ်တန် မေးခွန်း (၂) ပုဒ်မေးမည်။

 Recommended for you - စာမေးပွဲကြီးဖြေတဲ့နေ့မှာ

မေးခွန်းလွှာ၏ Section တစ်ခုချင်းစီ၌ မှားတတ်သော အချက်များ

Section (A) မေးခွန်း No.1 မှာ Multiple Choice Question (၂၅) ပုဒ်မေးထားပြီး မေးခွန်း (၁) ပုဒ်စီမှာ A,B,C,D,E အဖြေ (၅) ခု ပေးထားပါတယ်။ အဖြေ(၅) ခုအနက် အဖြေမှန် (၁) ခုကိုသာ ရွေးချယ်ပြီး မေးခွန်းနံပါတ်နှင့်တွဲ၍ A သို့မဟုတ် B သို့မဟုတ် C သို့မဟုတ် D သို့မဟုတ် E ဟု ထင်းရှားပီသစွာ ရေးသားဖော်ပြရပါမည်။ ထိုသို့ရေးသားရာတွင် capital letter A,B,C,D,E ဖြင့် ရေးသားဖော်ပြရမှာဖြစ်ပြီး စာလုံးတစ်လုံးပေါ်မှာ နောက်ထပ်တစ်လုံးထပ်ရေးသားခြင်း၊ small letter a,b,c,d,e ဖြင့် ရေးခြင်း၊ မေးခွန်းနံပါတ်နှင့် အဖြေချည်းသက်သက် တွဲရေးခြင်းများ မပြုလုပ်သင့်ပါ။

Section (B) မှာ မေးခွန်း No.2 မှ No.6 အထိ မေးခွန်း (၉) ပုဒ်ပါဝင်သည်။

Section (C) မှာ မေးခွန်း No.7 မှ No.15 အထိ မေးခွန်း (၉) ပုဒ်ပါဝင်ပြီး ကြိုက်နှစ်သက်ရာ မေးခွန်း (၆) ပုဒ်ကို ရွေးချယ်ဖြေဆိုရမည်။ မေးခွန်း (၁) ပုဒ်စီမှာပါဝင်သော အပုဒ်ခွဲ (a) နှင့် (b) ကို ဆက်တိုက်ဖြေဆိုရန် မလိုပါ။ ဥပမာ- No.7 (a) ဖြေပြီး N.7(b) ကို မဖြေဆိုနိုင်သေးပါက ဆက်တိုက်ဖြေဆိုရန် မလိုအပ်ပါ။ ထိုပုစ္ဆာကို ချန်ထား၍ ရနိုင်သည့် ပုစ္ဆာများကိုသာ အရင်ဖြေဆိုသင့်သည်။ သို့သော် အပုဒ်ခွဲ (b) ဖြေဆိုတိုင်း (b) တစ်ခုတည်း မရေးသင့်ပါ။ မေးခွန်းနံပါတ်နှင့် (b) ကို တွဲရေးရန် လိုအပ်ပါသည်။

Recommended for you - နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေပြုလုပ်ပေးသင့် သလဲ?

ဖြေဆိုသူအားလုံးအတွက် မှာကြားလိုသည့် အချက်များမှာ

- ဖြေဆိုထားသော အဖြေများကို ပြန်လည်စစ်ဆေးရန်

- ပြန်လည်စစ်ဆေးချိန် ပိုမိုရရှိအောင် မေးခွန်းလွှာများကို အကြိမ်ကြိမ်လေ့ကျင့်ဖြေဆိုရန်

- သင်္ချာသင်္ကေတများကို မှန်ကန်စွာ အသုံးပြုရန်

- ပုစ္ဆာများကို တွက်ချက်ရာတွင် လိုအပ်သော အဆင့် အရေးကြီးသော အဆင့်များ မကျန်စေရန်

- မေးခွန်းတွင် အသုံးပြုရမည့်တွက်နည်း သတ်မှတ်ပေးထားလျှင် သတ်မှတ်ထားသော တွက်နည်းကိုသာ အသုံးပြုရန်

- ခန့်မှန်းမေးခွန်းများကိုသာ ရွေးချယ်လေ့ကျင့်ခြင်းကို ရှောင်ရန်

- သတ်မှတ်ထားသော ပုဒ်ရေထက် ပို၍ မဖြေဆိုမိစေရန်

- အခန်းတစ်ခုချင်းစီတွင်ပါဝင်သော အဓိပ္ပာယ်သတ်မှတ်ချက်များ၊ မှန်ကန်ချက်များ၊ ပုံသေနည်းများနှင့် သင်္ချာသဘောတရားများကို ကျိုးကြောင်း ဆက်စပ်တွေးခေါ်တတ်အောင် လေ့ကျင့်ထားရန်တို့ ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလို ပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: ministry of education

Read times Last modified on Friday, 03 January 2020 14:36
Rate this articles
(0 votes)