×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Monday, 12 March 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရူပဗေဒဘာသာရပ် မေးခွန်းပုံစံ

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရူပဗေဒဘာသာရပ် မေးခွန်းပုံစံ sayar.com.mm

၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း Physics ဘာသာရပ်အတွက် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်စွာ ဖြေဆိုနိုင်ရန် မေးခွန်းပုံစံများကို ဦးစီးလေ့လာပါ။

ရူပဗေဒ မေးခွန်းပုံစံ

SECTION (A) နဲ့ SECTION (B) အပိုင်းနှစ်ခုပါရှိပါတယ်။

SECTION (A)

နံပါတ် (၁) ကနေ (၉) ထိ မေးခွန်း ၉ ပုဒ်မေးထားပြီး အားလုံးဖြေဆိုရမှာပါ။

မေးခွန်းနံပါတ် (၉) က “OR” ခံပြီး ၂ ပုဒ်မေးထားတဲ့အတွက် နှစ်သက်ရာ ၁ ပုဒ်ကိုပဲ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်းအားလုံး ၄ မှတ်တန်ဖြစ်ပါတယ်။

SECTION (B)

နံပါတ် (၁၀) ကနေ (၁၅) ထိ မေးခွန်း ၆ ပုဒ်မေးထားပြီး နှစ်သက်ရာ ၄ ပုဒ်ရွေးချယ်ဖြေဆိုရမှာပါ။ မေးခွန်း ၁ ပုဒ်ကို ၁၆ မှတ်ပေးထားပြီး မေးခွန်းတိုင်းမှာ (a) နဲ့(b) နှစ်ပိုင်းခွဲပြီး မေးထားပါတယ်။

မေးခွန်းနံပါတ် (၁၅) က “OR” ခံပြီး ၂ ပုဒ်မေးထားတဲ့အတွက် နှစ်သက်ရာ ၁ ပုဒ်ကိုပဲ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။

Recommended for you - စကားလုံးများထဲမှ အမှန်တရား

ရူပဗေဒဘာသာရပ်ပြာန်းစာအုပ်တွင် သင်ခန်းစာအခန်း ၁ မှ ၁၃ ထိ ရှိပြီး Mechanics, Heat, Waves and Sound, Optics, Electricity and Magnetism, Modern Physics ဆိုပြီး အပိုင်း ၆ ပိုင်းခွဲခြားထားပြီး မေးခွန်းကို အပိုင်းအလိုက် အချိုးညီမျှတစွာ ထုတ်တားတာဖြစ်ပါတယ်။

မေးခွန်းသဘောကို ကြည့်ရင် ရူပဗေဒဘာသာက အလွတ်ကျက်ရုံနဲ့ မရဘဲ သီအိုရီ သဘောတရားများကို အခြေခံကျကျ သဘောပေါက်နားလည်မှ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရူပဗေဒ အခြေခံသဘောတရားများကို ကြေကြေညက်ညက်နားလည်ဖို့ အဓိက လိုအပ်ပါတယ်။

Physical quantity တစ်ခုချင်းရဲ့ အခြေခံသဘောတရား၊ ရူပဗေဒနိယာမတွေနဲ့ concept လို့ခေါ်တဲ့ အသိပညာတွေကို အချိတ်အဆက်မိမိနားလည်ထားရင် မေးခွန်းတွေကို ဖြေဆိုရာမှာ အခက်အခဲမရှိ ပြည့်စုံ မှန်ကန်စွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

Recommended for you - သင်တကယ်လျှောက်ရမယ့် လမ်းက

အားလုံးကို ခြုံပြီးပြောရရင်

(၁) ရူပဗေဒပြာန်းစာအုပ်မှာပါဝင်သော သီအိုရီ၊ ပုံသေနည်း၊ အသိပညာများကို ပိုင်နိုင်စွာလေ့လာထားရန်၊

(၂) ဖြေဆိုရာတွင်လည်း မေးခွန်းကို နားလည်အောင် သေချာစွာဖတ်ရှုပြီးမှ ဖြေဆိုရန်၊

(၃) တွက်ချက်မှုများမှာ လွယ်ကူသော ပေါင်း၊ နှတ်၊ မြှောက်၊ စား တွက်ချက်ခြင်းများမှာ မထင်မှတ်တဲ့ အမှားမျိုးရှိတတ်ပါတယ်။ ဒါကြောင့် တွက်ချက်မှုများကို အကြိမ်ကြိမ်စစ်ဆေးရန် လိုအပ်ပါတယ်။

(၄) အဆင့်ကျော် မတွက်မိစေရန် သတိထားရပါမယ်။ တွက်ချက်မှုအဆင့်လိုက် အမှတ်ပေးခြင်းဖြစ်ပြီး အဆင့်ကျော်သွားရင် အမှတ်လွတ်သွားနိုင်ပါတယ်။

(၅) စာဖြေစဉ် စိတ်ကို တည်ငြိမ်စွာထားပါ။ ပုစ္ဆာမှာပြောင်းထားတာ၊ လှည့်ထားတာများကို ဂရုစိုက်ပါ။

(၇) မေးသည့် မေးခွန်းများ ဖြေဆိုရာတွင် မကျန်စေရန် အထပ်ထပ်ပြန်စစ်ပါ။

ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအားလုံး အကောင်းမွန်ဆုံးဖြေဆိုနိုင်ပြီး ဂုဏ်ထားများဖြင့် အောင်နိုင်ကြပါစေ…။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါ သလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: မြန်မာ့အလင်း

Read times Last modified on Friday, 03 January 2020 14:35
Rate this articles
(1 Vote)