×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 11 December 2018

ကလေးတွေကို တူညီတဲ့မေးခွန်း နေ့တိုင်းမေးခြင်းက စဉ်းစားနိုင်မှု စွမ်းရည်ကို ပိုမိုမြင့်တက်စေ

စာရေးဆရာ Steven John နဲ့ သူ့အမျိုးသမီး တို့မှာ ၅နှစ်အရွယ် Ben လို့ ခေါ်တဲ့ သားလေးတစ်ယောက် နဲ့

Scarlett လို့ ခေါ်တဲ့ ၇လအရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။

 

သူတို့လေးတွေရဲ့ ပြုမှုတုန့်ပြန်မှုပေါ်မှာ အခြေခံပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။

 

သားလေး Ben ကို နေ့စဉ် မေးတဲ့ မေးခွန်းကတော့ “ဒီနေ့ အပျော်ဆုံးက ဘာလုပ်တာလဲ” ဖြစ်ပါတယ်။

 

ဒီမေးခွန်းကြောင့် ကလေးတွေ အနေနဲ့ သူတို့ရဲ့ တစ်နေ့တာ ကို ပြန်စဉ်းစားမိစေပြီး ခံစားမှုကို ဖော်ပြဖို့အတွက် စကားလုံး အသစ်တွေ များများသုံးဖြစ်စေပါတယ်။

 

ကလေးတွေ အနေနဲ့ စိတ်မကြည်သာတဲ့ နေ့တွေလည်း ရှိနိုင်ပြီး မိဘတွေနဲ့ အခုလို ပြန်လည် ဆွေးနွေးခြင်းဖြင့် အကောင်းမြင်စိတ်ကို ပိုတိုးစေနိုင်ပါတယ်။

 

အဖြေအမှားမရှိနိုင်တဲ့ ဒီလိုမေးခွန်းမျိုး မေးခြင်းဟာ ကလေးအရွယ်သာမက ဆယ်ကျော်သက်အရွယ် သားသမီးတွေနဲ့ပါ မိဘသားသမီး ဆက်ဆံရေး ပိုကောင်းလာနိုင်စေပါတယ်။

 

မိဘတွေ အနေနဲ့လည်း ကိုယ့်ရဲ့ တစ်နေ့တာအကြောင်းကို သားသမီးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အခြေအနေ ဖြစ်စေပြီး စာဖတ်သူတွေ အနေနဲ့လည်း စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Credit:  MM

Read times Last modified on Thursday, 30 January 2020 14:12
Rate this articles
(1 Vote)