×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 21 August 2018

စင်ကာပူနိုင်ငံရှိ SIM GE တွင် တက်ရောက်နိုင်မည့် ပညာရေးနှင့်ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲ

စင်ကာပူနိုင်ငံရှိ SIM GE တွင် တက်ရောက်နိုင်မည့် ပညာရေးနှင့်ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲ google.com

မြန်မာကျောင်းသားများအတွက် စင်ကာပူနိုင်ငံရှိ SIM GE မှာ တက်ရောက်နိုင်မယ့် ပညာရေးလမ်းကြောင်းနဲ့ ဘာသာရပ်များအကြောင်း ဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


ကျောင်းသားဘဝမှ လုပ်ငန်းခွင် Professional တစ်ဦးအဖြစ် ရပ်တည်နိုင်ရေး ခေါင်းစဉ်နဲ့ ကျင်းပမယ့် ပညာရေးဆွေးနွေးပွဲကို သြဂုတ်လ ၂၅ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel, Ballroom မှာ ကျင်းပမှာဖြစ်သလို သြဂုတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Novotel Hotel မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ပညာရေးဆွေးနွေးပွဲမှာ IGCSE နဲ့ ၁၀ တန်းအောင်ကျောင်းသားများ၊ HND အောင်မြင်ထားသူများ၊ တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရကျောင်းသားများ တက်ရောက်နိုင်တဲ့ ပညာရေးလမ်းကြောင်းများနဲ့ ပညာရပ်များအကြောင်း၊ Business, Computing, Communication နဲ့ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို အဓိကထား ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။

 

Recommended for you - အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်


ဒါ့အပြင် မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ နှောင်ကြိုးမဲ့ရာနှုန်းပြည် ပညာသင်ဆု အစီအစဉ်နဲ့ လျှောက်ထားမှု ပုံစံများအကြောင်း၊ အလုပ်သင်အခွင့်အလမ်းများနဲ့ study loan ချိတ်ဆက်မှုအကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။


Singapore Institute of Management Global Education (SIM GE) ရဲ့ Open House ကျောင်း လျှောက်ထားလိုသူတွေ အနေနဲ့ English Speaking Class အခမဲ့သင်တန်းအား Yangon English Academy မှာ အခမဲ့သင်ကြားနိုင်မယ့် အခွင့်အရေးများနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တက်ရောက် လိုသူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက SIM GE Myanmar ဖုန်း – ၀၉ ၅၀၈၅၃၇၃၊ ၀၉ ၈၉၇၂၂၁၁၈၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - လူငယ်များအတွက် ဦးသန့်၏တန်ဖိုးမဖြတ်နိုင်တဲ့ စကား (၅)ခွန်း

 

Recommended for you - အထူးပြု သူနာပြု ဒီပလိုမာ (၉)လ သင်တန်းလျှောက်လွှာခေါ်ယူခြင်း

 

Credit; Internet Journal

Read times Last modified on Saturday, 11 January 2020 10:38
Rate this articles
(1 Vote)