×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 03 April 2018

KDU PENANG University College မှ ပညာသင်ဆုများ ပေးအပ်မည်

KDU PENANG University College မှ ပညာသင်ဆုများ ပေးအပ်မည် google.com

KDU PENANG University College က ငွေကြေးအခက်အခဲနဲ့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေကို မြန်မာနိုင်ငံရဲ့ အဓိကကိုယ်စားလှယ်ဖြစ်တဲ့ MSI မှာ စီစစ်ပြီး ကျောင်းလခရဲ့ ၈၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းအထိ လျှော့ပေါ့ကင်းလွတ် ထောက်ပံ့ပေး သွားမယ်လို့ သိရပါတယ်။

အဆိုပါကျောင်းမှာ တက္ကသိုလ်အကြို Foundation တန်းဖြစ်တဲ့ GCE Advanced Level ၊ Foundation in Science, Accounting and Business, Computing, Languages, Mass Communication, Build Environment, Hospitality, Tourism and Culinary Arts, Engineering အစရှိတဲ့ ဘာသာရပ်တွေကို လျှောက်ထားသင်ယူနိုင်ပြီး ကျောင်းတက်နေစဉ် အတွင်း Internship (အလုပ်သင်)ကာလမှာ ၂ လမှ ၆ လ အတွင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ လာရောက်ပညာသင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူ တွေအတွက် ကျန်းမာရေးအတွက် အခမဲ့ ဆေးစစ်မှုတွေလည်း ထားရှိပေးပါတယ်။

မြန်မာနိုင်ငံမှ ဆယ်တန်းအောင်မြင်ပြီးသူတွေ၊ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိကသင်တန်းကျောင်းတွေ တက်ရောက်နေသူတွေ၊ GCE “O” level, “A” level, IGCSE အောင်မြင်ပြီးသူတွေ၊ လျှောက်ထားတက် ရောက်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက MSI ရုံး ဖုန်း - ၀၉ ၅၁၀၃၉၁၅၊ ၀၉ ၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါတယ်။

Source: InternetJournal

Recommended for you - 

 thai edu1 ထိုင်းနိုင်ငံထိပ်တန်းတက္ကသိုလ်များပါဝင်ပြသမည့် Thai Education Fair 2018

Read times Last modified on Tuesday, 07 January 2020 17:33
Rate this articles
(1 Vote)