×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 02 December 2019

"Professional တစ္ေယာက္အျဖစ္ရပ္တည္ဖို ့ ရွိသင့္တဲ့ အရည္အခ်င္း (၇) ခု"

"Professional တစ္ေယာက္အျဖစ္ရပ္တည္ဖို ့ ရွိသင့္တဲ့ အရည္အခ်င္း (၇) ခု" freepick

ပေရာ္ဖက္ရွင္နယ္ဆန္တယ္ဆိုတာ ကိုယ့္ရဲ႕ အသက္ေမြးဝမး္ေက်ာင္း၊ ကိုယ့္ရဲ႕အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္ မႈ၊ လိမၼာပါးနပ္မႈ၊ အရည္အေသြးျပည့့္ဝမႈေတြ ရွိတာကုိ ဆိုလိုတာပါ။


ဒီလိုပေရာ္ဖက္ရွင္နယ္ဆန္တဲ့သူေတြသာ လက္ ရွိကမၻာမွာ ေအာင္ျမင္ေနၾကတာပါ။ ခုေဖာ္ျပေပးမွာကေတာ့ တကယ့္ပေရာ္ဖက္ရွင္နယ္ အစစ္ေတြမွာသာ ေတြ႕ရတဲ့ အရည္အခ်င္းေတြျဖစ္ျပီး သင္လည္း တကယ္ကို ပေရာ္ဖက္ရွင္နယ္ျဖစ္ခ်င္ရင္ အတုယူႏိုင္ပါတယ္။

(၁) ပေရာ္ဖက္ရွင္နယ္ေတြဟာ စည္းကမး္ၾကီးတဲ့သူေတြပါ။ သူတို႔မွာကုိယ္ပိုင္စည္းမ်ဥ္းစည္းကမး္ေတြရွိျပီး ကိုယ္တိုင္ခ်မွတ္ထားတဲ့စည္းကမ္းေတြကို ေလးေလးစားစား လိုက္နာတတ္သူေတြပါ။

 

(၂) ပေရာ္ဖက္ရွင္နယ္ဆိုတာ ကိုယ့္ရဲ႕ အလုပ္ကုိ ေလးစားတန္ဖိုးထားတဲ့သူေတြပါ။ ေခါင္းေလွ်ာ္တဲ့အလုပ္ပဲျဖစ္ျဖစ္၊ ေျခေထာက္ကို ဂရုစိုက္ေပးရတဲ့ အလုပ္ပဲျဖစ္ျဖစ္ ဘယ္လိုအလုပ္ပဲျဖစ္ေနပါေစ၊ ကုိယ့္ရဲ႕ အလုပ္ကိုတန္ဖိုး ထား တဲ့သူေတြပါ။
 


(၃) ပေရာ္ဖက္ရွင္နယ္ဆိုတာ ကိုယ္နဲ႔အျမင္မတူတဲ့သူေတြကို မုန္းတီးျပီး မေခၚႏိုင္မေျပာႏိုင္တာမ်ိဳး ဘယ္ေတာ့မွ မရွိ ပါဘူး။ သူတစ္ပါးရဲ႕အျမင္ကုိလည္းေလးစားသလို၊ ကိုယ့္ရဲ႕ယံုၾကည္ခ်က္ေတြကိုလည္း ျပတ္သားစြာ လုပ္ေဆာင္ တတ္တဲ့သူေတြပါ။
 


(၄) ပေရာ္ဖက္ရွင္နယ္ဆိုတာ သူတစ္ပါးရဲ႕ေဝဖန္မႈေတြကို နားေထာင္ေပမယ့္ ဘယ္ေတာ့မွ စိတ္ဓာတ္မက်တတ္ တဲ့သူေတြပါ။ ေဝဖန္မႈေတြကိုနားေထာင္ျပီး ေကာငး္သထက္ေကာင္းေအာင္ၾကိဳးစားမယ့္သူေတြ ျဖစ္ပါတယ္။ မ်က္စိ ပိတ္၊ နားပိတ္ေနမယ့္သူေတြ မဟုတ္သလို၊ ေဝဖန္တိုင္းလည္း နားေယာင္မယ့္သူေတြ မဟုတ္ပါဘူး။


 
(၅) ပေရာ္ဖက္ရွင္နယ္ဆိုတာ ကိုယ္မကၽြမး္က်င္တဲ့အလုပ္တစ္ခုကို ဘယ္ေတာ့မွ ေဝဖန္ျခင္း၊ ရံႈ႕ခ်ျခင္းမျပဳလုပ္တတ္ တဲ့သူေတြပါ။ ကိုယ္နဲ႔လိုင္းမတူလည္း တစ္ဖက္လူရဲ႕ ပညာနဲ႔ အရည္အခ်င္းကို အၿမဲတမး္ အသိအမွတ္ျပဳေပးႏိုင္တဲ့ သူေတြပါ။


 
(၆) ပေရာ္ဖက္ရွင္နယ္ဆိုတာ ဘယ္ေတာ့မွ အလုပ္နဲ႔ ကိုယ္ေရးကုိယ္တာကုိ မေရာေထြးတဲ့သူေတြပါ။ ဝန္ထမ္း ခန္႔တဲ့ေနရာမွာပဲျဖစ္ျဖစ္၊ ပူးေပါငး္လုပ္ေဆာင္တဲ့အရာမွာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာ ခံစားခ်က္ေတြကုိ ေဘးခ်ိတ္ၿပီး ႏွစ္ဦးအက်ိဳးတူ ျဖစ္ထြန္းမယ့္ ကိစၥေတြကိုပဲ ေရွ႕တန္းတင္ႏိုင္တဲ့သူေတြပါ။


 
(၇) ပေရာ္ဖက္ရွင္နယ္ဆိုတာ ကိုယ္ပိုင္အေတြးသစ္၊ အျမင္သစ္ေတြအျမဲတမ္း ထုတ္ႏိုင္တဲ့သူေတြပါ။ သူတစ္ပါးရဲ႕ ပညာကို ဘယ္ေတ့ာ့မွ ခိုးမခ်သလို၊ အလကားလည္း မယူခ်င္တဲ့သူေတြပါ။ ကိုယ့္ရဲ႕ ပညာ၊ အရည္အခ်င္းနဲ႔ ထြန္းေပါက္ေအာင္ ႀကိဳးစားတဲ့သူေတြျဖစ္ပါတယ္။




Sources : Aunty May

UNICODE

ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး ကျွမ်းကျင် မှု၊ လိမ္မာပါးနပ်မှု၊ အရည်အသွေးပြည့်ဝမှုတွေ ရှိတာကို ဆိုလိုတာပါ။


ဒီလိုပရော်ဖက်ရှင်နယ်ဆန်တဲ့သူတွေသာ လက် ရှိကမ္ဘာမှာ အောင်မြင်နေကြတာပါ။ ခုဖော်ပြပေးမှာကတော့ တကယ့်ပရော်ဖက်ရှင်နယ် အစစ်တွေမှာသာ တွေ့ရတဲ့ အရည်အချင်းတွေဖြစ်ပြီး သင်လည်း တကယ်ကို ပရော်ဖက်ရှင်နယ်ဖြစ်ချင်ရင် အတုယူနိုင်ပါတယ်။

(၁) ပရော်ဖက်ရှင်နယ်တွေဟာ စည်းကမ်းကြီးတဲ့သူတွေပါ။ သူတို့မှာကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေရှိပြီး ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းတွေကို လေးလေးစားစား လိုက်နာတတ်သူတွေပါ။

 

(၂) ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ့်ရဲ့ အလုပ်ကို လေးစားတန်ဖိုးထားတဲ့သူတွေပါ။ ခေါင်းလျှော်တဲ့အလုပ်ပဲဖြစ်ဖြစ်၊ ခြေထောက်ကို ဂရုစိုက်ပေးရတဲ့ အလုပ်ပဲဖြစ်ဖြစ် ဘယ်လိုအလုပ်ပဲဖြစ်နေပါစေ၊ ကိုယ့်ရဲ့ အလုပ်ကိုတန်ဖိုး ထား တဲ့သူတွေပါ။


(၃) ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကို မုန်းတီးပြီး မခေါ်နိုင်မပြောနိုင်တာမျိုး ဘယ်တော့မှ မရှိ ပါဘူး။ သူတစ်ပါးရဲ့အမြင်ကိုလည်းလေးစားသလို၊ ကိုယ့်ရဲ့ယုံကြည်ချက်တွေကိုလည်း ပြတ်သားစွာ လုပ်ဆောင် တတ်တဲ့သူတွေပါ။



(၄) ပရော်ဖက်ရှင်နယ်ဆိုတာ သူတစ်ပါးရဲ့ဝေဖန်မှုတွေကို နားထောင်ပေမယ့် ဘယ်တော့မှ စိတ်ဓာတ်မကျတတ် တဲ့သူတွေပါ။ ဝေဖန်မှုတွေကိုနားထောင်ပြီး ကောင်းသထက်ကောင်းအောင်ကြိုးစားမယ့်သူတွေ ဖြစ်ပါတယ်။ မျက်စိ ပိတ်၊ နားပိတ်နေမယ့်သူတွေ မဟုတ်သလို၊ ဝေဖန်တိုင်းလည်း နားယောင်မယ့်သူတွေ မဟုတ်ပါဘူး။



(၅) ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်မကျွမ်းကျင်တဲ့အလုပ်တစ်ခုကို ဘယ်တော့မှ ဝေဖန်ခြင်း၊ ရှုံ့ချခြင်းမပြုလုပ်တတ် တဲ့သူတွေပါ။ ကိုယ်နဲ့လိုင်းမတူလည်း တစ်ဖက်လူရဲ့ ပညာနဲ့ အရည်အချင်းကို အမြဲတမ်း အသိအမှတ်ပြုပေးနိုင်တဲ့ သူတွေပါ။



(၆) ပရော်ဖက်ရှင်နယ်ဆိုတာ ဘယ်တော့မှ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးတဲ့သူတွေပါ။ ဝန်ထမ်း ခန့်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ပူးပေါင်းလုပ်ဆောင်တဲ့အရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဘေးချိတ်ပြီး နှစ်ဦးအကျိုးတူ ဖြစ်ထွန်းမယ့် ကိစ္စတွေကိုပဲ ရှေ့တန်းတင်နိုင်တဲ့သူတွေပါ။



(၇) ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ပိုင်အတွေးသစ်၊ အမြင်သစ်တွေအမြဲတမ်း ထုတ်နိုင်တဲ့သူတွေပါ။ သူတစ်ပါးရဲ့ ပညာကို ဘယ်တေ့ာ့မှ ခိုးမချသလို၊ အလကားလည်း မယူချင်တဲ့သူတွေပါ။ ကိုယ့်ရဲ့ ပညာ၊ အရည်အချင်းနဲ့ ထွန်းပေါက်အောင် ကြိုးစားတဲ့သူတွေဖြစ်ပါတယ်။

 

 

sayar.com.mm

Sources : Aunty May

 

 

Read times Last modified on Monday, 30 December 2019 16:59
Rate this articles
(0 votes)