×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 23 January 2020

“ယေန႔ မ်က္ေမွာက္ေခတ္ မွာ မရွိမျဖစ္လိုအပ္တဲ့ Soft Skill (၁၁) မ်ိဳး"

“ယေန႔ မ်က္ေမွာက္ေခတ္ မွာ မရွိမျဖစ္လိုအပ္တဲ့ Soft Skill (၁၁) မ်ိဳး" freepick

ဘာလို႕ Soft Skill ကအေရးၾကီးတာလဲ...ဥပမာအေနနဲ႕ ေျပာရရင္ သင့္မွာရွိတဲ့ ဘြဲ႕ေတြ၊ ဒီဂရီေတြက Hard Skillေတြေပါ့။

ထားပါေတာ့ သင္နဲ႕ သင္႔ သူငယ္ခ်င္းက ဘြဲ႕တူတူရတယ္..ရတယ္ဘြဲ႕ ကလည္းတူတူပဲ။ ဘာလို႕ သူကလစာပိုေကာင္းျပီး ပိုေအာင္ျမင္ျပီး သင္ကဘာလို႕သူ႕ေလာက္ မေအာင္ျမင္ရတာလဲ သင္သိပါသလား..ဘာလို႕လဲဆိုေတာ့ သင့္ သူငယ္ခ်င္း က သင့္ထက္ပိုျပီး Soft Skill ပို အားသာလို႕ပါ။ ဒါေၾကာင့္ လူတစ္ေယာက္ေအာင္ျမင္ဖို႕အတြက္ Soft Skill မ်ားစြာရွိဖို႕အေရးၾကီးပါတယ္။ ကၽြန္ေတာ္တို႕လို အေျခခံလူတန္းစားေတြဆို ပိုလို႕ေတာင္ လိုအပ္ပါေသးတယ္။ အဓိကကေတာ့ လူငယ္ေတြ အတြက္ပါ။ ဒီအရည္ အခ်င္းေတြက လုပ္ငန္းခြင္တြင္သာမက… မိသားစု၊ သူငယ္ခ်င္းမိတ္ေဆြ.. ၾကားမွာပါ လိုအပ္တဲ့ အရည္အခ်င္းေတြပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ဘယ္လိုမ်ိဳး soft skill ေတြကကို သင္ယူေလ့လာထားသင့္သလဲဆုိတာ ၾကည့္လိုက္ၾကရေအာင္..

(၁) Complex Problem Solving
Complex problem solving ဆိုတာကေတာ့ ခက္ခဲတဲ့ ျပႆနာေတြကိုေျဖရွင္းႏိုင္တဲ့ အရည္အခ်င္း
ဒီလိုခက္ခဲတဲ့ ျပႆနာေတြကို ဘယ္လိုလူေတြက ေျဖရ်င္းႏိုင္လဲ ဆိုရင္ေတာ့.. ေခါင္းေဆာင္ေကာင္းေတြ၊ သခ်ာၤေတာ္တဲ့ သူေတြ၊ အေတြးေခၚေကာင္းတဲ့ သူေတြက ေျဖရွင္းႏိုင္ပါတယ္။

(၂) Critical Thinking
Critical thinking ဆိုတာကေတာ့ စိတ္ခံစာခ်က္မပါပဲ တိက်မွန္ကန္တဲ႔ အခ်က္အလက္ေတြေပၚမွာ မူတည္ျပီးမွ စဥ္းစားေတြးေခၚတတ္တဲ႔ အရည္ အခ်င္းျဖစ္ပါတယ္။ ဒီလို Critical thinking skill ရွိတဲ့ သူေတြမွာ လက္လိုက္ျခငး္မရွိၾကပါဘူး။ ဒါေၾကာင့္ ဆံုးျဖတ္ခ်က္ေတာ္ေတာ္မ်ားမ်ားကို မွန္မွန္ကန္ကန္ ဆံုးျဖတ္တတ္ၾကပါတယ္။
(၃) Creativity
တီထြင္ ဖန္တီးႏိုင္စြမ္းရွိတဲ့ အရည္အခ်င္းျဖစ္ပါတယ္။ တီထြင္ဖန္တီးႏိုင္စြမ္း ရွိသူက တီထြင္ ဖန္တီးႏိုင္စြမ္းမရွိသူထက္ ပိုေအာင္ျမင္ႏိုင္တယ္ဆိုတာ သင္ျငင္းလို႕မရပါဘူး။ မိမိကိုယ္ပိုင္အလုပ္ပဲ လုပ္လုပ္..တျခားသူရဲ႕ လုပ္ငန္းမွာ ဝန္ထမ္းအေနနဲ႕ ပဲ လုပ္လုပ္ Creativity ေကာင္းဖို႕ကအရမ္းကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ 2020 မွာ သင္ယူေလ့လာထားသင့္တဲ့ soft skill (၁၀) ခုမွာ ဒီအခ်က္လဲ ပါဝင္ေနတာျဖစ္ပါတယ္။
(၄) People Management Skill
ဒီ skillကေတာ့ စီမံခန္႔ခြဲႏိုင္ တဲ့ အရည္အခ်င္းကိုဆိုလိုျခင္းျဖစ္ပါတယ္။ ကုမၸဏီ တစ္ခုကိုပဲၾကည့္ၾကပါစို႕…
စီမံခန္႔ခြဲ ႏိုင္တဲ့လူက သာမာန္သူေတြထက္ ပိုရာထူးၾကီးျပီး လစာပိုေကာင္းတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ သင္က လစာပိုေကာင္းခ်င္တယ္.. လူေတြကို Managementလုပ္ခ်င္တယ္ဆိုရင္ေတာ့ people management skill ကလည္း အေရးၾကီးပါတယ္။
(၅) Co-ordinating with other
တျခားသူေတြ နဲ႕ အတူတူ အလုပ္လုပ္တတ္ျခင္းျဖစ္ပါတယ္။ တနညး္အားျဖင့္ ဆိုရရင္ Teamwork skill ေပါ့။ ကိုယ္တစ္ေယာက္တည္းေတာ္ေနလို႕မရပါဘူး။ ကုမၸဏီ တစ္ခုမွာ ကိုယ္ကဘယ္ေလာက္ပဲေတာ္ေတာ္ တျခားသူေတြနဲ႕ အတူတူ တြဲျပီး အလုပ္မလုပ္တတ္ဘူး ဆိုရင္ အဲ့ လူကို လူတိုင္းက အျမင္ကတ္ျပီး..ဘယ္သူမွလည္း အလုပ္တူတူ လုပ္ခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကုမၸဏီေတြက Teamwork skill ရွိတဲ့ လူကို အလုပ္ခန္႕ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ ဒီ skill ကလည္း အေရးၾကီးတဲ့ skill တစ္ခုျဖစ္ပါတယ္။
(၆) Emotional Intelligence
IQ ေကာင္းတဲ့သူေတြက ဥာဏ္ရည္ေတာ္ေတာ္ ေကာင္းၾကပါတယ္..အဲ့လိုပဲ EQ ေကာင္းတဲ့သူေတြကေတာ့ ရင္႔ က်က္ၾကပါတယ္။ စဥ္းစားၾကည့္ပါ လုပ္ငန္းခြင္ထဲမွာ ဘယ္ေလာက္ပဲ ဥာဏ္ေကာင္းေကာင္း ဘယ္ေလာက္ပဲေတာ္ေနပါေစ မရင့္က်က္ဘူးဆိုရင္ ဝန္ထမ္းအခ်င္းခ်င္းဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေနာက္ပိုင္းေတြဆိုရင္ ကုမၸဏီေတြက EQ ေကာင္းတဲ့ သူေတြကို ပိုျပီးဦးစားေပးလာၾကပါတယ္။
(၇) Judgment and Decision Making
ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိျခင္းနဲ႕ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ခ်တတ္တဲ့ အရည္အခ်င္း ျဖစ္ပါတယ္။ ကိုယ္က လူတစ္ေယာက္ကို အကဲခတ္တယ္ဆိုရင္ မွန္မွန္ကန္ကန္ အကဲ မျဖတ္ႏိုင္ဘူးဆိုရင္ လူေတြသင့္ ကို အျမင္ကတ္လာပါလိမ့္မယ္။ အဲ့လိုပဲ လုပ္ငန္းခြင္မွာ လည္း မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ဘူးဆိုရင္ သင့္ တာဝန္ကိုေအာင္ျမင္ေအာင္ မလုပ္ေဆာင္ႏိုင္ပဲ က်ရႈံုးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကလည္းအရမ္းအေရးၾကီးပါတယ္။
(၈) Service Orientation
ဝန္ေဆာင္မႈလုပ္ငန္းမွာ ကၽြမ္းက်င္ ျခင္းျဖစ္ပါတယ္။ ဥပမာအေနနဲ႕ ေျပာရင္ ျပင္သစ္ႏိုင္ငံကို ပဲၾကည့္ပါ။ ျပင္သစ္ႏိုင္ငံမွာ ႏိုင္ငံျခားခရီးသြားေတြ အရမ္းကိုမ်ားပါတယ္။ ဘာလို႕လဲ ဆိုေတာ့ ျပင္သစ္ႏိုင္ငံက ခရီးသြားဝန္ေဆာင္မႈအရမး္ေကာင္းလို႕ပါ။ ကၽြန္ေတာ္တို႕ျမန္မာႏိုင္ငံလည္း ခရီးသြားဝန္ေဆာင္မႈေကာင္းဖို႕လိုအပ္ပါေသးတယ္။ ဝန္ေဆာင္မႈေကာင္းရင္ ျမန္မာႏိုုင္ငံကို လာတဲ့ ခရီးသြားဧည့္သည္ေတြမ်ားလာပါလိမ့္မယ္။ ထို႕အတူပဲ ႏိုင္ငံတိုင္းမွာေတာင္ ေကာင္းမြန္တဲ့ ဝန္ေဆာင္မႈလိူအပ္တယ္ဆိုရင္ ကၽြန္ေတာ္တို႕ လူတိုင္းရဲ႕ စီးပြားေရး၊ အလုပ္အကိုင္ေတြမွာ လည္း ဝန္ေဆာင္မႈေကာင္းဖို႕ အေရးၾကီးပါတယ္။
(၉) Negotiation Skill
ေဆြးေနႊးညွိႏိႈင္းတတ္တဲ့ အရည္အခ်င္းျဖစ္ပါတယ္။ ဘာလို႕ဒီအရည္အခ်င္းအပ္တာလဲ..ကုမၸဏီ တစ္ခု မွာ ဝန္ထမ္းေတြအမ်ားၾကီးရွိတဲ့ အတြက္ ကိုယ့္အျမင္နဲ႕ သူအျမင္ မတူႏိုင္ပါဘူး။ ဒီလို ဆို သူကအျမင္နဲ႕ ကိုယ့္အျမင္ ဖလွယ္ျပီး ညွိႏႈိင္းရပါမယ္။
ဒီေနရာမွာ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈ အရမ္းျမင့္လြန္းေနရင္ ညွိႏႈိင္းေဆြးေႏႊးလို႕ရမွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အျမဲ တမ္းကိုယ္မွန္တယ္ခ်ည္းပဲထင္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဒီလိုျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႕ Negotiation Skill အရမ္းေကာင္းဖို႕အရမ္းအေရးၾကီးပါတယ္။
(၁၀) Cognitive Flexibly
ဒါကေတာ့ မိမိရဲ႕ အေတြးအေခၚေတြကို အေျခေနအရ၊ ျပႆနာအရ လိုက္ေလ်ာညီေထြစြာ ျပဳျပင္ေျပာင္းလြဲ ႏိုင္စြမ္းရွိတဲ့ အရည္အခ်င္းျဖစ္ပါတယ္။ ဘာလို႕လဲဆုိေတာ့ လူေတာ္ေတာ္မ်ားမ်ား က Flexible မျဖစ္ဘူး..ကိုယ္ဆံုးျဖတ္ခ်က္ခ် ျပီးသားအရာကို ျပဳျပင္ဖို႕ခက္တယ္.. တစ္ျခားတစ္ဖက္က မွန္ေနရင္ေတာင္မွ ကိုယ္ဆံုးျဖတ္ခ်က္ခ်ျပီးသား အရာကို မျပဳျပင္ၾကပါဘူး။ ဒါေၾကာင့္ဒီSkill ကလည္းမရွိမျဖစ္လိုအပ္တဲ့ အရည္အခ်င္းျဖစ္ပါတယ္။
(၁၁) Communication
ေပါင္းသင္းဆက္ဆံတတ္တဲ႔ အရည္အခ်င္းျဖစ္ပါတယ္။ လံုးဝမျဖစ္မေနရွိသင့္တဲ့အရည္အခ်င္းျဖစ္ပါတယ္။
ဒါကေတာ့ လုပ္ငန္းခြင္ တစ္ခုမွာ အရမ္းအေရးၾကီးတဲ့ အရည္အခ်င္းေတြထဲက တစ္ခုပါ။ လုပ္ေဖာ္ကိုင္ဘက္ေတြ၊ ကိုယ္အထက္လူၾကီးေတြနဲ ့ဆက္ဆံရမွာ ျဖစ္တဲ့ အတြက္ အရမ္းကို အေရး ၾကီးပါတယ္။ sale and marketing သမားေတြဆို ပိုလို႕ေတာင္ အေရးၾကီးပါေသးတယ္။
အခုေဖာ္ျပေပးခဲ့တာကေတာ့ ယေန႕မ်က္ေမွာက္ မွာ မရွိမျဖစ္လိုအပ္တဲ့ အရည္အခ်င္းေတြပဲျဖစ္ပါတယ္။ လိုအပ္တဲ့ အရည္အခ်င္းေတြကို ျဖည့္ တင္းျပီး ေအာင္ျမင္ေသာဘဝေတြ ေလ်ာက္လွမ္းႏိုင္ၾကပါေစလို႕ဆုေတာင္ရင္း…..

 


Ref : https://www.youtube.com/watch?v=ZyWsBnHB638

 

unicode ဖြင့်ဖတ်ရန်
“ယနေ့ မျက်မှောက်ခေတ် မှာ မရှိမဖြစ်လိုအပ်တဲ့ Soft Skill (၁၁) မျိုး"
ဘာလို့ Soft Skill ကအရေးကြီးတာလဲ...ဥပမာအနေနဲ့ ပြောရရင် သင့်မှာရှိတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေက Hard Skillတွေပေါ့။ ထားပါတော့ သင်နဲ့ သင့် သူငယ်ချင်းက ဘွဲ့တူတူရတယ်..ရတယ်ဘွဲ့ ကလည်းတူတူပဲ။ ဘာလို့ သူကလစာပိုကောင်းပြီး ပိုအောင်မြင်ပြီး သင်ကဘာလို့သူ့လောက် မအောင်မြင်ရတာလဲ သင်သိပါသလား..ဘာလို့လဲဆိုတော့ သင့် သူငယ်ချင်း က သင့်ထက်ပိုပြီး Soft Skill ပို အားသာလို့ပါ။ ဒါကြောင့် လူတစ်ယောက်အောင်မြင်ဖို့အတွက် Soft Skill များစွာရှိဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေဆို ပိုလို့တောင် လိုအပ်ပါသေးတယ်။ အဓိကကတော့ လူငယ်တွေ အတွက်ပါ။ ဒီအရည် အချင်းတွေက လုပ်ငန်းခွင်တွင်သာမက… မိသားစု၊ သူငယ်ချင်းမိတ်ဆွေ.. ကြားမှာပါ လိုအပ်တဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လိုမျိုး soft skill တွေကကို သင်ယူလေ့လာထားသင့်သလဲဆိုတာ ကြည့်လိုက်ကြရအောင်..

(၁) Complex Problem Solving
Complex problem solving ဆိုတာကတော့ ခက်ခဲတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ အရည်အချင်း
ဒီလိုခက်ခဲတဲ့ ပြဿနာတွေကို ဘယ်လိုလူတွေက ဖြေရျင်းနိုင်လဲ ဆိုရင်တော့.. ခေါင်းဆောင်ကောင်းတွေ၊ သချာၤတော်တဲ့ သူတွေ၊ အတွေးခေါ်ကောင်းတဲ့ သူတွေက ဖြေရှင်းနိုင်ပါတယ်။

(၂) Critical Thinking
Critical thinking ဆိုတာကတော့ စိတ်ခံစာချက်မပါပဲ တိကျမှန်ကန်တဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးမှ စဉ်းစားတွေးခေါ်တတ်တဲ့ အရည် အချင်းဖြစ်ပါတယ်။ ဒီလို Critical thinking skill ရှိတဲ့ သူတွေမှာ လက်လိုက်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်တော်တော်များများကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ကြပါတယ်။
(၃) Creativity
တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိသူက တီထွင် ဖန်တီးနိုင်စွမ်းမရှိသူထက် ပိုအောင်မြင်နိုင်တယ်ဆိုတာ သင်ငြင်းလို့မရပါဘူး။ မိမိကိုယ်ပိုင်အလုပ်ပဲ လုပ်လုပ်..တခြားသူရဲ့ လုပ်ငန်းမှာ ဝန်ထမ်းအနေနဲ့ ပဲ လုပ်လုပ် Creativity ကောင်းဖို့ကအရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် 2020 မှာ သင်ယူလေ့လာထားသင့်တဲ့ soft skill (၁၀) ခုမှာ ဒီအချက်လဲ ပါဝင်နေတာဖြစ်ပါတယ်။
(၄) People Management Skill
ဒီ skillကတော့ စီမံခန့်ခွဲနိုင် တဲ့ အရည်အချင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကုမ္ပဏီ တစ်ခုကိုပဲကြည့်ကြပါစို့…
စီမံခန့်ခွဲ နိုင်တဲ့လူက သာမာန်သူတွေထက် ပိုရာထူးကြီးပြီး လစာပိုကောင်းတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်က လစာပိုကောင်းချင်တယ်.. လူတွေကို Managementလုပ်ချင်တယ်ဆိုရင်တော့ people management skill ကလည်း အရေးကြီးပါတယ်။
(၅) Co-ordinating with other
တခြားသူတွေ နဲ့ အတူတူ အလုပ်လုပ်တတ်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် Teamwork skill ပေါ့။ ကိုယ်တစ်ယောက်တည်းတော်နေလို့မရပါဘူး။ ကုမ္ပဏီ တစ်ခုမှာ ကိုယ်ကဘယ်လောက်ပဲတော်တော် တခြားသူတွေနဲ့ အတူတူ တွဲပြီး အလုပ်မလုပ်တတ်ဘူး ဆိုရင် အဲ့ လူကို လူတိုင်းက အမြင်ကတ်ပြီး..ဘယ်သူမှလည်း အလုပ်တူတူ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကုမ္ပဏီတွေက Teamwork skill ရှိတဲ့ လူကို အလုပ်ခန့်ကြတာများပါတယ်။ ဒါကြောင့် ဒီ skill ကလည်း အရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်။
(၆) Emotional Intelligence
IQ ကောင်းတဲ့သူတွေက ဉာဏ်ရည်တော်တော် ကောင်းကြပါတယ်..အဲ့လိုပဲ EQ ကောင်းတဲ့သူတွေကတော့ ရင့် ကျက်ကြပါတယ်။ စဉ်းစားကြည့်ပါ လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း ဘယ်လောက်ပဲတော်နေပါစေ မရင့်ကျက်ဘူးဆိုရင် ဝန်ထမ်းအချင်းချင်းဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ပိုင်းတွေဆိုရင် ကုမ္ပဏီတွေက EQ ကောင်းတဲ့ သူတွေကို ပိုပြီးဦးစားပေးလာကြပါတယ်။
(၇) Judgment and Decision Making
ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချတတ်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ကိုယ်က လူတစ်ယောက်ကို အကဲခတ်တယ်ဆိုရင် မှန်မှန်ကန်ကန် အကဲ မဖြတ်နိုင်ဘူးဆိုရင် လူတွေသင့် ကို အမြင်ကတ်လာပါလိမ့်မယ်။ အဲ့လိုပဲ လုပ်ငန်းခွင်မှာ လည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင် သင့် တာဝန်ကိုအောင်မြင်အောင် မလုပ်ဆောင်နိုင်ပဲ ကျရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကလည်းအရမ်းအရေးကြီးပါတယ်။
(၈) Service Orientation
ဝန်ဆောင်မှုလုပ်ငန်းမှာ ကျွမ်းကျင် ခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရင် ပြင်သစ်နိုင်ငံကို ပဲကြည့်ပါ။ ပြင်သစ်နိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေ အရမ်းကိုများပါတယ်။ ဘာလို့လဲ ဆိုတော့ ပြင်သစ်နိုင်ငံက ခရီးသွားဝန်ဆောင်မှုအရမ်းကောင်းလို့ပါ။ ကျွန်တော်တို့မြန်မာနိုင်ငံလည်း ခရီးသွားဝန်ဆောင်မှုကောင်းဖို့လိုအပ်ပါသေးတယ်။ ဝန်ဆောင်မှုကောင်းရင် မြန်မာနိုင်ငံကို လာတဲ့ ခရီးသွားဧည့်သည်တွေများလာပါလိမ့်မယ်။ ထို့အတူပဲ နိုင်ငံတိုင်းမှာတောင် ကောင်းမွန်တဲ့ ဝန်ဆောင်မှုလိူအပ်တယ်ဆိုရင် ကျွန်တော်တို့ လူတိုင်းရဲ့ စီးပွားရေး၊ အလုပ်အကိုင်တွေမှာ လည်း ဝန်ဆောင်မှုကောင်းဖို့ အရေးကြီးပါတယ်။
(၉) Negotiation Skill
ဆွေးနွှေးညှိနှိုင်းတတ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ ဘာလို့ဒီအရည်အချင်းအပ်တာလဲ..ကုမ္ပဏီ တစ်ခု မှာ ဝန်ထမ်းတွေအများကြီးရှိတဲ့ အတွက် ကိုယ့်အမြင်နဲ့ သူအမြင် မတူနိုင်ပါဘူး။ ဒီလို ဆို သူကအမြင်နဲ့ ကိုယ့်အမြင် ဖလှယ်ပြီး ညှိနှိုင်းရပါမယ်။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းမြင့်လွန်းနေရင် ညှိနှိုင်းဆွေးနွှေးလို့ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမြဲ တမ်းကိုယ်မှန်တယ်ချည်းပဲထင်နေပါလိမ့်မယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ Negotiation Skill အရမ်းကောင်းဖို့အရမ်းအရေးကြီးပါတယ်။
(၁၀) Cognitive Flexibly
ဒါကတော့ မိမိရဲ့ အတွေးအခေါ်တွေကို အခြေနေအရ၊ ပြဿနာအရ လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလွဲ နိုင်စွမ်းရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများ က Flexible မဖြစ်ဘူး..ကိုယ်ဆုံးဖြတ်ချက်ချ ပြီးသားအရာကို ပြုပြင်ဖို့ခက်တယ်.. တစ်ခြားတစ်ဖက်က မှန်နေရင်တောင်မှ ကိုယ်ဆုံးဖြတ်ချက်ချပြီးသား အရာကို မပြုပြင်ကြပါဘူး။ ဒါကြောင့်ဒီSkill ကလည်းမရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်ပါတယ်။
(၁၁) Communication
ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်းဖြစ်ပါတယ်။ လုံးဝမဖြစ်မနေရှိသင့်တဲ့အရည်အချင်းဖြစ်ပါတယ်။
ဒါကတော့ လုပ်ငန်းခွင် တစ်ခုမှာ အရမ်းအရေးကြီးတဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ်အထက်လူကြီးတွေနဲ့ဆက်ဆံရမှာ ဖြစ်တဲ့ အတွက် အရမ်းကို အရေး ကြီးပါတယ်။ sale and marketing သမားတွေဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။
အခုဖော်ပြပေးခဲ့တာကတော့ ယနေ့မျက်မှောက် မှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့် တင်းပြီး အောင်မြင်သောဘဝတွေ လျောက်လှမ်းနိုင်ကြပါစေလို့ဆုတောင်ရင်း…..


Ref : https://www.youtube.com/watch?v=ZyWsBnHB638

Read times
Rate this articles
(0 votes)