×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Friday, 21 August 2020
အောင်မြင်မှုအတွက် စကားလုံးများ၏ စွမ်းအား
အောင်မြင်မှုအတွက် စကားလုံးများ၏ စွမ်းအား
စာရေးသူတစ်ယောက်ရေးထားတဲ့ လုပ်ငန်းအောင်မြင်ခြင်းအပေါ်မှာ စကားလုံးများရဲ့ လွှမ်းမိုးမှုအကြောင်း ထင်မြင်ယူဆချက်လေးက စိတ်ဝင်စားစရာ၊ နှစ်သက်စရာကောင်းတဲ့အတွက် ပြန်လည်ဝေမျှပေးလိုပါတယ်။
အင်္ဂလိပ် အက္ခရာ ABCDEFG . . . .Z အထိကို စုစုပေါင်း (26)လုံး ရှိပါတယ်။ အဲ့ဒီ့အက္ခရာစာလုံးလေးတွေကို နံပါတ်စဉ်အလိုက်အတိုင်း အစီအစဉ် ချကြည့်တဲ့အခါ
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
U=21, V=22, W=23, X=24, Y=25, Z=26 ဆိုပြီး ကိုယ်စားပြု နံပါတ်တစ်ခုစီကို ရရှိပါတယ်။
ဘဝမှာ ရာခိုင်နှုန်းအပြည့် အောင်မြင်ဖို့အတွက် ဘာက အရေးအကြီးဆုံးလဲဆိုတာကို တွက်ကြည့်ကြပါစို့
၁။ HARD WORK (အလုပ်ကြိုးစားခြင်း)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11 = 98% (အလုပ်ကြိုးစားခြင်းအားဖြင့် အောင်မြင်နိုင်မှုရာခိုင်နှုန်း ၉၈% ရှိပါတယ်။)
၂။ KNOWLEDGE (ဗဟုသုတ)
K+N+O+W+L+E+D+G+E
11+14+15+23+12+5+4+7+5 = 96% (ဗဟုသုတပြည့်စုံခြင်းကြောင့် အောင်မြင်နိုင်မှုရာခိုင်နှုန်း ၉၆% ရှိပါတယ်။)
၃။ LOVE (ချစ်ခြင်းတရား)
L+O+V+E
12+15+22+5 = 54% (ချစ်ခြင်းတရားကြောင့် အောင်မြင်နိုင်မှုရာခိုင်နှုန်း 54% ပဲရှိပါတယ်။)
၄။ LUCK (ကံတရား)
L+U+C+K
12+21+3+11 = 47% (အလုပ်တစ်ခုမှာ ကံအကျိုးပေးကြောင့်အောင်မြင်နိုင်မှုကတော့ 47% ပဲရှိပါတယ်။)
၅။ MONEY (ငွေကြေး)
M+O+N+E+Y
13+15+14+5+25 = 72% (ငွေကြေးကြောင့် အောင်မြင်နိုင်မှုကတော့ 72% အထိ ရှိပါတယ်။)
၆။ LEADERSHIP (ခေါင်းဆောင်နိုင်မှုအရည်အသွေး)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 = 89% (ခေါင်းဆောင်နိုင်မှုကောင်းရင်တော့ အောင်မြင်နိုင်ခြေ 89% အထိ ရှိပါတယ်။)
အခုအထိကို (၁၀၀%) အပြည့် အောင်မြင်နိုင်တယ်ဆိုတဲ့ စကားလုံးကို ရှာလို့မတွေ့သေးဘူးနော်။ ရာခိုင်နှုန်းအပြည့် အောင်မြင်နိုင်မှုကို ဖန်တီးပေးနိုင်တဲ့ စကားလုံးက ဘာများဖြစ်မလဲ . . . . . ????
ဒီစကားလုံးလေးကရော
၇။ ATTITUDE (စိတ်နေစိတ်ထား)
A+T+T+I+TU+D+E
1+20+20+9+20+21+4+5 = 100% (ဘဝမှာ အောင်မြင်မှုကို ရာနှုန်းပြည့်ပေးစွမ်းနိုင်တာကတော့ စိတ်နေစိတ်ထားပဲဖြစ်ပါတယ်)။
Attitude is everything လို့ ဆိုပါတယ်။ မိမိရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်ပါပြီ။ လုပ်ငန်းခွင်ပေါ်မှာ တာဝန်ယူစိတ်၊ တာဝန်သိစိတ်၊ ကြိုးစားလိုစိတ် . . . . စတဲ့ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေနိုင်တဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲနိုင်မယ်ဆိုရင် အောင်မြင်မှုကို ရရှိမယ်ဆိုတာ မလွဲဧကန်ပဲဖြစ်ပါတယ်။
ကဲ စာဖတ်သူတွေအနေနဲ့ ဘဝရဲ့အောင်မြင်မှုတွေ ရရှိအောင် ဘယ်လိုပြုပြင်ရမလဲဆိုတာကို နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်။ . . . . . . .
"Attitude is a little thing that can make a big difference.” (Winston Churchill)
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
San-PyaSchools-Private_0036_Sayar.png
H+A+R+D+W+O+R+K
၂။ KNOWLEDGE (ဗဟုသုတ)
K+N+O+W+L+E+D+G+E
၃။ LOVE (ချစ်ခြင်းတရား)
L+O+V+E
၎။ LUCK (ကံတရား)
L+U+C+K
၅။ MONEY (ငွေကြေး)
M+O+N+E+Y
L+E+A+D+E+R+S+H+I+P
ဒီစကားလုံးလေးကရော
A+T+T+I+TU+D+E
Read times Last modified on Monday, 24 August 2020 17:11
Rate this articles
(1 Vote)