×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 12 January 2021

လုပ်ငန်းခွင်မှာအောင်မြင်ဖို့အတွက် Soft-Skill လိုတယ် . . .

လုပ်ငန်းခွင်မှာအောင်မြင်ဖို့အတွက် Soft-Skill လိုတယ် . . .

 

“ငါဘာကြောင့်အလုပ်မှာ အခုထိရာထူးမတိုးနိုင်သေးတာလဲ?”

လို့ မေယုတွေးနေမိတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှရောက်လာတဲ့ ညီမလေးတစ်ယောက်တောင် ရာထူးတက်ပြီးလစာတွေကောင်းကုန်ပြီ။ ဘာလို့ မေယုကရာထူးမတိုးနိုင်သေးတာလဲ။ ဒီလိုစိတ်ရှုပ်ထွေးစရာတွေနဲ့ပြည့်နေတဲ့ မေယုတစ်ယောက် ရုံးမှာအလုပ်လုပ်ရတာလည်းမပျော်တော့ဘူး။ ဒီအတွေးတွေနဲ့ပဲ ဘာဆက်လုပ်ရမလဲမသိတော့ဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်တွေကြာလာတော့ မေယုတစ်ခုစဉ်းစားမိလာတယ်။ ငါဒီတိုင်းဆက်သွားနေလို့တော့မရတော့ဘူး။ တစ်ခုခုတော့ငါရှာဖွေမှဖြစ်တော့မယ်ဆိုပြီး စတင်ရှာဖွေလာတော့တယ်။

 

မေယုက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မြိုင့်ကို ပြောပြတယ်။ မြိုင်နဲ့မေယုက တက္ကသိုလ်စတက်တည်းက တအားချစ်ခဲ့ကြတဲ့သူငယ်ချင်းတွေပေါ့။

 

မေယု- “မြိုင်ရေ ငါလေ နင့်ကိုသိပ်အားကျတာပဲ။ ငါတို့လုပ်ငန်းခွင်ဝင်ကြတာလည်းတူတူပဲ။ ဒါပေမယ့် အခုတော့ နင်က နင့်ရုံးမှာ နေရာကောင်းတစ်ခုကိုရနေပြီ။ ငါကတော့ ဒုံရင်းကဒုံရင်းပဲ။ တစ်ခါတစ်လေကျတော့တအားစိတ်ညစ်တယ်ဟာ။” ဆိုပြီးရင်ဖွင့်လာပါတယ်။

 

မြိုင်- “ ယုမ နင်စိတ်ညစ်မနေနဲ့။ စိတ်ညစ်နေလို့မပြီးဘူး။ အဖြေရှာမှရမှာပေါ့။ ငါလေ နင့်ကိုသူငယ်ချင်းအချင်းချင်းမလို့ ပြောတာနော်။ နင်က တအားအေးလွန်းတယ်။ အပွင့်လင်းဆုံးပြောရရင် Soft-Skill တွေနင်လိုနေသေးတယ်။ ဒါက နင့်လက်ရှိရဲ့အဖြေပဲလို့ ငါမြင်တယ်။ နင်က နင့်လုပ်ငန်းနဲ့ပတ်သက်ပြီး နင်မသိတာဘာမှမရှိပါဘူးဟာ။ ဒါပေမယ့် Soft-Skill လိုနေတော့ နင့်တက်လမ်းနှောင့်နှေးနေတာပေါ့။” လို့ မြိုင်ကပြောတော့

 

မေယုစိတ်ထဲ အင်တင်တင်ဖြစ်သွားပါတယ်။ တကယ်ဆို မေယုက ရုံးမှာ နှစ်ရင့်စီနီယာလည်းဖြစ်သလို လုပ်ငန်းပိုင်းကိုလည်းကျွမ်းကျင်သူတစ်ယောက်ပါပဲ။ လုပ်ငန်းတစ်ခုမှာ လိုအပ်တာဒါပဲမဟုတ်ဘူးလား လို့ မေယုစိတ်ထဲတွေးနေမိတယ်။ ဒါနဲ့
မေယု- “အလုပ်မှာ အဓိက က လုပ်ငန်းပိုင်းကျွမ်းကျင်ဖို့မဟုတ်ဘူးလား။ ငါ့အလုပ်ငါလုပ်ပြီး ရုံးကို ငါပံ့ပိုးနေတာပဲလေ။ ဘာလို့ Soft-Skill ကလိုအပ်တာလဲ။” လို့ အကန်လေးမေးလိုက်တော့

 

မြိုင်-“ မဟုတ်ဘူး ယု ရဲ့။ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နိုင်ရုံနဲ့မပြီးဘူး။ နင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုက Hard-Skill ပဲ။ Soft-Skill က လုပ်ငန်းတိုင်းအတွက်လိုကိုလိုအပ်တယ်။ လုပ်ငန်းတွေမှာမှမဟုတ်ဘူး။ နေ့စဉ်ဘဝမှာလည်း အရေးကြီးတာပဲ။”

 

မေယု-“ဘာလို့လဲ?”

 

မြိုင်- “ဘာလို့လဲဆိုတော့ ငါတို့နေ့စဉ်ရှင်သန်နေရတာက လူမှုအဖွဲ့အစည်းမှာဖြစ်နေလို့ပဲ။ လူမှုဝန်းကျင်မှာရှင်သန်ကြရတာဖြစ်တဲ့အတွက် လူတွေနဲ့ပေါင်းသင်းဆက်ဆံရတယ်။ ဒီလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ Soft-Skill ကအရေးကြီးလာရော။
ဥပမာ- ကုမ္ပဏီမှာဆိုရင် ပရောဂျက်အသစ်တွေအတွက် အထက်လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါသူတို့ လက်ခံလာအောင်ညှိနှိုင်းကြရတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာအသစ်တွေကို လုပ်ဖော်ကိုင်ဖက်တွေကို လက်ခံလာအောင်ချပြရတယ်။ ဒီလိုအရာတွေကို ကျော်ဖြတ်တဲ့အခါ အောင်မြင်နိုင်ဖို့အတွက်က လုပ်ငန်းပိုင်းကျွမ်းကျင်ရုံနဲ့မရတော့ဘူး။ Soft-Skill တွေပါလိုအပ်လာတာပေါ့။ နင့်ရဲ့ Soft-Skill ကောင်းလေ အောင်မြင်မှုကို နင်ပိုရနိုင်လေပဲလေ။

 

မေယု နည်းနည်းတော့သဘောပေါက်လာတယ်။ ဒါပေမယ့် ပိုပြီးရှင်းရှင်းလင်းလင်းသိချင်တဲ့အတွက်
မေယု- Soft-Skill တွေက ဘာတွေလဲ။

 

မြိုင် - ဘာတွေလဲဆိုတော့
1. Communication Skill
2. Organization Skill
3. Teamwork
4. Critical Thinking Skill
5. Social Skills
6. Creativity
7. Interpersonal communication
8. Adaptability
အဲ့တာတွေလေ။

 

မေယု ထပ်ပြီး အင်တင်တင်ဖြစ်သွားပါတယ်။ ပြီးတော့
မေယု-“ အဲ့တာတွေအကုန် အလုပ်လုပ်ရင်းငါသိခဲ့ပြီးသားတွေပဲလေ။ ငယ်ငယ်တည်းကလည်းသိတာပဲကို။ နင့်ဟာကလည်း။” ဆိုပြီး ခပ်သောသောလေးပြောလိုက်တော့....မြိုင်က

 

မြိုင်-“အေးလေ နင်သိခဲ့ပြီးသားတွေပဲ။ အခုနင်ပြောတဲ့စကားထဲမှာပဲ အဖြေပါတယ်။ နင်ပြန်စဉ်းစားကြည့်ပေါ့။ ဒါပေမယ့်ငါတစ်ခုတော့နင့်ကို စကားတစ်ခုပါးမယ်နော်။” “Don’t go soft with your Soft-Skill.”

 

ဒီလောက်နဲ့ပဲ စကားစဖြတ်ပြီး ကိုယ့်အိမ်ကိုယ်ပြန်လာကြတယ်။

မေယုတစ်ယောက်တော့ အိမ်ပြန်လမ်းတစ်လျှောက်မှာ သူဘာဆက်လုပ်ရမယ်ဆိုတာသိသွားသလိုမျိုး ခြေလှမ်းတွေပေါ့ပါးပြီးအားအင်တွေပြည့်နေခဲ့ပါတယ်။

 

 

လုပ္ငန္းခြင္မွာေအာင္ျမင္ဖို႔အတြက္ Soft-Skill လိုတယ္ . . .

“ငါဘာေၾကာင့္အလုပ္မွာ အခုထိရာထူးမတိုးႏိုင္ေသးတာလဲ?”

လို႔ ေမယုေတြးေနမိတယ္။ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကမွေရာက္လာတဲ့ ညီမေလးတစ္ေယာက္ေတာင္ ရာထူးတက္ၿပီးလစာေတြေကာင္းကုန္ၿပီ။ ဘာလို႔ ေမယုကရာထူးမတိုးႏိုင္ေသးတာလဲ။ ဒီလိုစိတ္ရႈပ္ေထြးစရာေတြနဲ႔ျပည့္ေနတဲ့ ေမယုတစ္ေယာက္ ႐ုံးမွာအလုပ္လုပ္ရတာလည္းမေပ်ာ္ေတာ့ဘူး။ ဒီအေတြးေတြနဲ႔ပဲ ဘာဆက္လုပ္ရမလဲမသိေတာ့ဘူး။ ဒီလိုနဲ႔ ရက္သတၱပတ္ေတြၾကာလာေတာ့ ေမယုတစ္ခုစဥ္းစားမိလာတယ္။ ငါဒီတိုင္းဆက္သြားေနလို႔ေတာ့မရေတာ့ဘူး။ တစ္ခုခုေတာ့ငါရွာေဖြမွျဖစ္ေတာ့မယ္ဆိုၿပီး စတင္ရွာေဖြလာေတာ့တယ္။

 

ေမယုက သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ ၿမိဳင့္ကို ေျပာျပတယ္။ ၿမိဳင္နဲ႔ေမယုက တကၠသိုလ္စတက္တည္းက တအားခ်စ္ခဲ့ၾကတဲ့သူငယ္ခ်င္းေတြေပါ့။

 

ေမယု- “ၿမိဳင္ေရ ငါေလ နင့္ကိုသိပ္အားက်တာပဲ။ ငါတို႔လုပ္ငန္းခြင္ဝင္ၾကတာလည္းတူတူပဲ။ ဒါေပမယ့္ အခုေတာ့ နင္က နင့္႐ုံးမွာ ေနရာေကာင္းတစ္ခုကိုရေနၿပီ။ ငါကေတာ့ ဒုံရင္းကဒုံရင္းပဲ။ တစ္ခါတစ္ေလက်ေတာ့တအားစိတ္ညစ္တယ္ဟာ။” ဆိုၿပီးရင္ဖြင့္လာပါတယ္။

 

ၿမိဳင္- “ ယုမ နင္စိတ္ညစ္မေနနဲ႔။ စိတ္ညစ္ေနလို႔မၿပီးဘူး။ အေျဖရွာမွရမွာေပါ့။ ငါေလ နင့္ကိုသူငယ္ခ်င္းအခ်င္းခ်င္းမလို႔ ေျပာတာေနာ္။ နင္က တအားေအးလြန္းတယ္။ အပြင့္လင္းဆုံးေျပာရရင္ Soft-Skill ေတြနင္လိုေနေသးတယ္။ ဒါက နင့္လက္ရွိရဲ႕အေျဖပဲလို႔ ငါျမင္တယ္။ နင္က နင့္လုပ္ငန္းနဲ႔ပတ္သက္ၿပီး နင္မသိတာဘာမွမရွိပါဘူးဟာ။ ဒါေပမယ့္ Soft-Skill လိုေနေတာ့ နင့္တက္လမ္းေႏွာင့္ေႏွးေနတာေပါ့။” လို႔ ၿမိဳင္ကေျပာေတာ့

 

ေမယုစိတ္ထဲ အင္တင္တင္ျဖစ္သြားပါတယ္။ တကယ္ဆို ေမယုက ႐ုံးမွာ ႏွစ္ရင့္စီနီယာလည္းျဖစ္သလို လုပ္ငန္းပိုင္းကိုလည္းကြၽမ္းက်င္သူတစ္ေယာက္ပါပဲ။ လုပ္ငန္းတစ္ခုမွာ လိုအပ္တာဒါပဲမဟုတ္ဘူးလား လို႔ ေမယုစိတ္ထဲေတြးေနမိတယ္။ ဒါနဲ႔

ေမယု- “အလုပ္မွာ အဓိက က လုပ္ငန္းပိုင္းကြၽမ္းက်င္ဖို႔မဟုတ္ဘူးလား။ ငါ့အလုပ္ငါလုပ္ၿပီး ႐ုံးကို ငါပံ့ပိုးေနတာပဲေလ။ ဘာလို႔ Soft-Skill ကလိုအပ္တာလဲ။” လို႔ အကန္ေလးေမးလိုက္ေတာ့

 

ၿမိဳင္-“ မဟုတ္ဘူး ယု ရဲ႕။ လုပ္ငန္းတစ္ခုမွာ အလုပ္လုပ္ႏိုင္႐ုံနဲ႔မၿပီးဘူး။ နင့္ရဲ႕ လုပ္ငန္းကြၽမ္းက်င္မႈက Hard-Skill ပဲ။ Soft-Skill က လုပ္ငန္းတိုင္းအတြက္လိုကိုလိုအပ္တယ္။ လုပ္ငန္းေတြမွာမွမဟုတ္ဘူး။ ေန႔စဥ္ဘဝမွာလည္း အေရးႀကီးတာပဲ။”

 

ေမယု-“ဘာလို႔လဲ?”

 

ၿမိဳင္- “ဘာလို႔လဲဆိုေတာ့ ငါတို႔ေန႔စဥ္ရွင္သန္ေနရတာက လူမႈအဖြဲ႕အစည္းမွာျဖစ္ေနလို႔ပဲ။ လူမႈဝန္းက်င္မွာရွင္သန္ၾကရတာျဖစ္တဲ့အတြက္ လူေတြနဲ႔ေပါင္းသင္းဆက္ဆံရတယ္။ ဒီလို လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတဲ့အခါ Soft-Skill ကအေရးႀကီးလာေရာ။
ဥပမာ- ကုမၸဏီမွာဆိုရင္ ပေရာဂ်က္အသစ္ေတြအတြက္ အထက္လူႀကီးေတြနဲ႔ ေဆြးေႏြးတိုင္ပင္တဲ့အခါသူတို႔ လက္ခံလာေအာင္ညႇိႏႈိင္းၾကရတယ္။ ကိုယ့္ရဲ႕ အိုင္ဒီယာအသစ္ေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြကို လက္ခံလာေအာင္ခ်ျပရတယ္။ ဒီလိုအရာေတြကို ေက်ာ္ျဖတ္တဲ့အခါ ေအာင္ျမင္ႏိုင္ဖို႔အတြက္က လုပ္ငန္းပိုင္းကြၽမ္းက်င္႐ုံနဲ႔မရေတာ့ဘူး။ Soft-Skill ေတြပါလိုအပ္လာတာေပါ့။ နင့္ရဲ႕ Soft-Skill ေကာင္းေလ ေအာင္ျမင္မႈကို နင္ပိုရႏိုင္ေလပဲေလ။

 

ေမယု နည္းနည္းေတာ့သေဘာေပါက္လာတယ္။ ဒါေပမယ့္ ပိုၿပီးရွင္းရွင္းလင္းလင္းသိခ်င္တဲ့အတြက္
ေမယု- Soft-Skill ေတြက ဘာေတြလဲ။

 

ၿမိဳင္ - ဘာေတြလဲဆိုေတာ့
1. Communication Skill
2. Organization Skill
3. Teamwork
4. Critical Thinking Skill
5. Social Skills
6. Creativity
7. Interpersonal communication
8. Adaptability
အဲ့တာေတြေလ။

ေမယု ထပ္ၿပီး အင္တင္တင္ျဖစ္သြားပါတယ္။ ၿပီးေတာ့
ေမယု-“ အဲ့တာေတြအကုန္ အလုပ္လုပ္ရင္းငါသိခဲ့ၿပီးသားေတြပဲေလ။ ငယ္ငယ္တည္းကလည္းသိတာပဲကို။ နင့္ဟာကလည္း။” ဆိုၿပီး ခပ္ေသာေသာေလးေျပာလိုက္ေတာ့....ၿမိဳင္က

 

ၿမိဳင္-“ေအးေလ နင္သိခဲ့ၿပီးသားေတြပဲ။ အခုနင္ေျပာတဲ့စကားထဲမွာပဲ အေျဖပါတယ္။ နင္ျပန္စဥ္းစားၾကည့္ေပါ့။ ဒါေပမယ့္ငါတစ္ခုေတာ့နင့္ကို စကားတစ္ခုပါးမယ္ေနာ္။” “Don’t go soft with your Soft-Skill.”

 

ဒီေလာက္နဲ႔ပဲ စကားစျဖတ္ၿပီး ကိုယ့္အိမ္ကိုယ္ျပန္လာၾကတယ္။

ေမယုတစ္ေယာက္ေတာ့ အိမ္ျပန္လမ္းတစ္ေလွ်ာက္မွာ သူဘာဆက္လုပ္ရမယ္ဆိုတာသိသြားသလိုမ်ိဳး ေျခလွမ္းေတြေပါ့ပါးၿပီးအားအင္ေတြျပည့္ေနခဲ့ပါတယ္။

 

Read times Last modified on Tuesday, 12 January 2021 12:11
Rate this articles
(1 Vote)