×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 04 December 2018

မိမိကိုယ်ကို ယုံကြည်မှုရှိသူများတွင် တွေ့ရလေ့ရှိသော အပြုအမူများ

ယုံကြည်မှုရှိတဲ့ သူများက အရာအားလုံးကို အေးအေးဆေးဆေးနဲ့ ဖြစ်ချင်တဲ့အရာများကို ဖြစ်အောင်လုပ်ပြီး ခေါင်းရှုပ်စေတဲ့အရာများကိုလည်း ဘဝထဲက အလွယ်တကူပဲ ဖယ်ထုတ်ပစ်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း လူတော်တော်များများက ယုံကြည်မှုရှိတဲ့သူများကို အားကျကြပါတယ်။

မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ သူတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိတတ်သလဲဆိုတာကို ဆက်ဖတ်ကြည့်ပြီး ယုံကြည်မှုကို ကိုယ်တိုင် မွေးမြူကြည့်လိုက်ပါနော်။

၁။ မိမိအရည်အချင်းကို သံသယမရှိဘူး။

ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အရေးကြီးဆုံးက မိမိအကောင်းဆုံးလုပ်နိုင်တာကို သံသယမရှိဖို့ပါပဲ။ ကိုယ့်အရည်အချင်းကို သံသယ မရှိသလို အရာအာလုံးကိုလည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ချက်ထားကြပါတယ်။ မိမိရုပ်ချောခြင်း မချောခြင်းကိုလည်း ဂရုစိုက်နေမှာ မဟုတ်သလို ကိုယ့်သွင်ပြင်နဲ့ပတ်သက်ပြီး အမြဲတမ်းယုံကြည်ချက် ရှိကြပါတယ်။

၂။ မောက်မာဝါကြွားခြင်းမရှိဘဲ နှိမ့်ချတဲ့ စိတ်ထားရှိခြင်း။

မောက်မာဝါကြွားနေလို့ ဘာအလုပ်မှ မဖြစ်ဘူးဆိုတာကို သူတို့တွေက သိနေကြပါတယ်။ သူတို့ရဲ့ မိမိကိုယ်ကိုယုံကြည်ချက်ရှိခြင်းကပဲ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် နှိမ့်ချတတ်တဲ့စိတ်ထား ရှိအောင် သင်ပေးသွားတာပါ။

၃။ လူအများနဲ့ တမင်တကာလိုက်ပြိုင်မနေဘူး။

မိမိကိုယ်ကို ယုံကြည်ချက်ရှိသူများက မိမိလုပ်နိုင်စွမ်းနဲ့ မိမိအဆင့်ကို သိတဲ့အတွက်ကြောင့် သူများနဲ့ လိုက်ယှဉ်ပြိုင်မနေတော့ဘဲ ကိုယ်လုပ် စရာရှိတာကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ပဲ သက်သေပြသွားကြပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူက မိမိကိုယ်ကိုနဲ့သာ ယှဉ်ပြိုင်ကြပါတယ်။

၎။ ဘယ်အရာကိုမှ ကြိုတင်ပူပန်နေခြင်း မရှိဘူး။

မိမိကိုယ်ကိုယုံကြည်ချက်ရှိသူများက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်လို့ယုံကြည်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်ခြင်း၊ အတွေးလွန်ခြင်း တွေကြောင့် ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် အတွေးပေါင်းစုံနဲ့ အတွေးလွန်တတ်တဲ့အကျင့်ရှိရင် ဖျောက်ဖျက်ပစ်လိုက်ကြရအောင်နော်။

၅။ အစီအစဉ်ဆွဲတယ်၊ အစီအစဉ်အတိုင်း စနစ်တကျလုပ်တယ်။

အစီအစဉ်တစ်ခုရှိတဲ့အတွက်ကြောင့် မိမိအားနည်းချက်ကို သိပြီး စနစ်တကျပြင်ဆင်ကြပါတယ်။ ဒီလိုကနေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပေါက်ဖွားလာကြတာပါ။

source: mynews

Read times Last modified on Thursday, 30 January 2020 14:10
Rate this articles
(1 Vote)