×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 15 January 2019

သင် နေ့စဉ်လုပ်သင့်တဲ့ အသေးအဖွဲ (၇) ခု

နေ့စဉ် သင့်မှာ ရှိထားသင့်တဲ့ အလေ့အကျင့်လေးတွေ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်တွေ ရှိထားရင် နေ့စဉ်အလုပ်တွေကို ပုံမှန်ချောချောမွေ့မွေ့နဲ့ကို ဖြတ်သန်းနိုင်မှာပါ။

(၁) နောက်တစ်နေ့အတွက် အစီစဉ်ဆွဲ

ဒါဟာ တန်ဖိုးအရှိဆုံးအလေ့အကျင့်ပါ။ လုပ်ရတာ ဘာမှ ပင်ပင်ပန်းပန်းမရှိပေမယ့် တန်ဖိုးအရှိဆုံး အလေ့အကျင့်ပါ။ သင့်အချိန်တွေကို ဘယ်လိုကုန်ဆုံးမယ်ဆိုတဲ့ အစီစဉ်ကတော့ လိုပါလိ့မ်မယ်။ ဖြစ်နိုင်ရင် ညဘက်မအိပ်ခင် စဉ်းစားပြီး အစီအစဉ်ချရေးသားသင့်ပါတယ်။

(၂) အခက်ဆုံးကို ရွေးထား

မနက်မိုးလင်းချိန်ဟာ သင့်အတွက် စိတ်ကြည်လင် လန်းဆန်းနေဆုံးအချိန်ပါပဲ။ ဒီအချိန်မှာ သင်လုပ်ဖို့ ဝန်လေးဆုံးအလုပ်ကို ဖြတ်လိုက်ပါ။ ဒီအလုပ်ကို ပြီးမြောက်သွားတဲ့အခါ နောက်ထပ် အလုပ်ကို အာရုံစိုက်နိုင်မှုဟာ ပိုမိုအားကောင်းလာပါတယ်။ နေ့တစ်နေ့အစကို အားစိုက်လုပ်ကိုင်ခြင်းနဲ့ စတင်တဲ့အခါ အချိန်တွေဆွဲနေတဲ့ အဖြစ်ကို ရှောင်ရှားနိုင်ပါတယ်။

(၃) အချိန်သတ်မှတ်ပေး

သင့်ကိုယ် သင်အချိန်သတ်မှတ်ပေးရပါမယ်။ ဘယ်အလုပ်ကို ဘယ်အချိန်မှာ ပြီးအောင် လုပ်မယ်လို့ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒီအလုပ်ကိုတော့ မနက်ပိုင်း အပြီးလုပ်ပြီး ကျန်တာတွေကို နေ့လည် ၂ နာရီ အပြီးလုပ်မယ်ဆိုတာမျိုးပါ။ ဒီလိုမျိုး ပုံမှန်သတ်မှတ်ပေးခြင်းဟာ ကြာလာတဲ့အခါ အလေ့အကျင့်တစ်ခုလိုဖြစ်လာပြီး အလုပ်နဲ့ လူနဲ့ တစ်သားတည်း ဖြစ်သွားပါတယ်။

(၄) စိတ်ပျံ့လွင့်မယ့် အလုပ်များ

အလုပ်လုပ်နေတုန်း အတတ်နိုင်ဆုံး စိတ်ပျံ့ လွင့်မယ့်အလုပ်တွေကို ပူးတွဲလုပ်ဆောင်ခြင်း မပြုပါနဲ့။ အလုပ်လုပ်နေတုန်း ဖေ့ဘွတ်သုံးတာ၊ တစ်စုံတစ်ဦးနဲ့ ချက်တာတွေကို ရှောင်ပါ။ မပြီးနိုင်တဲ့ ပြဿနာတွေကို ဖုန်းနဲ့ ရှင်းရမယ်ဆို အလုပ်ပြီးမှ ရှင်းတာ အကောင်းဆုံးပါ။ စိတ်ပျံ့ လွင့်မယ်အလုပ်တွေကို အတတ်နိုင်ဆုံး လျှော့ချပါ။

(၅) ကိုယ့်အတွက် အချိန်ချန်ထား

နေ့တိုင်း ကိုယ့်အတွက်လည်း အချိန်ချန်ထားပါ။ သင်တစ်ကိုယ်တည်း အေးအေးဆေးဆေး နားနေဖို့ အချိန်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ စသဖြင့်ပါ။

(၆) ခွဲဝေ

ဘယ်အလုပ်မဆို ခွဲဝေလုပ်ကိုင်တတ်ဖို့ လိုပါတယ်။ အားလုံးကို ကိုယ်တစ်ယောက်တည်းလုပ်မယ်ဆိုတာ အလုပ် မများပြားဘူးဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် လုပ်ရမယ့် အလုပ်က သင်တစ်ယောက်တည်း အတွက် များပြားနေတဲ့အခါ ခွဲဝေလုပ်ကိုင်တာ၊ တွဲဖက်လုပ်ကိုင်တာမျိုးတွေ ရှိဖို့လည်း လိုပါတယ်။ ဒါကလည်း နေ့စဉ် လေ့ကျင့်ထားရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ လူတိုင်းက ဘယ်ကိစ္စမဆို ကိုယ်တိုင်လုပ်မှ အဆင်ပြေမယ်ထင်ကြပါတယ်။ ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတာမျိုးတွေရှိလို့ပါ။

(၇) ငြင်း

မလုပ်ချင်တဲ့အလုပ်ကို ငြင်းဖို့လည်း လိုပါတယ်။ အားနာလို့ မငြင်းမိရာကနေ သင်တကယ်လုပ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ဘဲ အချိန်တွေဖြုန်းမိသလို ဖြစ်နေတတ်ပါတယ်။ အပေါင်းအသင်းတွေခေါ်လို့ မငြင်းမိရာကနေ သင်နေ့စဉ်လုပ်နေကျ အလေ့အကျင့်တွေ ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ငြင်းသင့်တာကို ငြင်းတဲ့အခါ ကြာလာရင် သင့်အလေ့အကျင့်ကို သင့်သူငယ်ချင်းတွေလည်း သဘောပေါက်သွားမှာပါ။

Source: Lifehack
From  Duwun

Read times Last modified on Wednesday, 29 January 2020 11:20
Rate this articles
(1 Vote)