×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 04 February 2019

ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်လုပ်ဆောင်စရာ (၁၀)ခု

ဥာဏ်ရည်ဥာဏ်သွေးဟာ မွေးရာပါဖြစ်ပြီး ပြုပြင်ပြောင်းလဲလို့မရတဲ့ အရည်အသွေးတစ်ခုလို့ လူအများစုက ထင်မှတ်ထားတတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုထင်မြင်ယူဆချက်ဟာ မှားယွင်းနေကြောင့် သုတေသီတွေက တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို ဘယ်လို ချဉ်းကပ်တုံ့ပြန်လဲဆိုတာနဲ့ ဦးနှောက်ကို စွမ်းအားတက်လာအောင် လုပ်ဆောင်တာတွေက ဥာဏ်ရည်ဥာဏ်သွေးကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ဥာဏ်ရည်ဥာဏ်သွေးတိုးတက်ကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်အောင် နေ့စဉ်လုပ်ဆောင်ရမယ့် ရိုးရှင်းလွယ်ကူတဲ့ လုပ်ဆောင်စရာ (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အွန်လိုင်းအသုံးပြုချိန်ကို အကျိုးရှိအောင် အသုံးချပါ။

အွန်လိုင်းအသုံးပြုချိန်မှာ Facebook၊ Instagram အစရှိတဲ့ လူမှုကွန်ယက်တွေကို လိုက်ကြည့်ရင်း အချိန်ကုန်မနေပါစေနဲ့။ အင်တာနက်ဆိုတာ လေ့လာစရာတွေ အားလုံးရဲ့ ရင်းမြစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အွန်လိုင်းပေါ်က သင်တန်းတွေ၊ လေ့လာမှတ်သားစရာ ဟောပြောပွဲတွေ၊ နဲ့ အခြားလေ့လာစရာ website တွေ၊ Blog တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ဆိုရှယ်မီဒီယာတွေနဲ့အချိန်ကုန်မနေပဲ သင့်ရဲ့စိတ်ကို အဟာရဖြည့်ပေးနိုင်မယ့် အရာတွေကို ပိုသုံးဖြစ်အောင် ကြိုးစားပါ။

၂။ လေ့လာရသမျှကို ချရေးထားပါ။

တစ်နေ့တာပြီးဆုံးချိန်မှာ သင့်ဘာတွေကို လေ့လာသင်ယူခဲ့ရသလဲ၊ ဘာတွေကို မှတ်သားခဲ့ရသလဲဆိုတာ ပြန်ပြီး ချရေးတာက ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်လာစေနိုင်ပါတယ်။ တစ်နေ့တာမှာ တွေ့ကြုံခဲ့ရသမျှထဲက ပညာယူစရာတွေ၊ မှတ်သားစရာတွေကို စာလုံးရေ ၄၀၀ လောက်ချရေးထားပါလို့ ပညာရှင်တွေက ဆိုထားပါတယ်။

၃။ လုပ်ခဲ့သမျှကို စာရင်းလုပ်ပါ။

ဥာဏ်ရည်ဥာဏ်သွေးရဲ့ အဓိကအစိတ်အပိုင်းက မိမိကိုယ်ကို ယုံကြည်မှုနဲ့ ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးကို တိုးတက်လာစေဖို့အတွက် လုပ်ခဲ့ပြီးသမျှ အရာအားလုံးကို စာရင်းလုပ်ထားပါ။ သင်ကိုယ်တိုင် လုပ်ခဲ့ပြီး အပြီးသတ်အောင်မြင်ခဲ့တာတွေကို ပြန်လည်သုံးသပ်ခြင်းအာဖြင့် ယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို တိုးတက်စေနိုင်ပါတယ်။

၎။ စာလုံးဆက်တာတွေ၊ ဥာဏ်စမ်းတွေ ကစားပါ။

စာလုံးဆက်ကစားနည်းတွေ၊ ဥာဏ်စမ်းတွေက အပျင်းပြေရုံသက်သက်မဟုတ်ပါဘူး။ ဦးနှောက်ကို အလုပ်ကောင်းကောင်းလုပ်စေပြီး မှတ်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်မှု စွမ်းရည်တွေကို တိုးတက်စေပါတယ်။

၅။ ထူးချွန်သူတွေနဲ့ ပေါင်းသင်းပါ။

ဒီအချက်က မာနကိုထိခိုက်စရာဖြစ်နိုင်ပေမယ့် မိမိထက်တော်တဲ့သူတွေနဲ့ ပေါင်းသင်းတာက လေ့လာသင်ယူမှုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းဟာ အမြဲတမ်းပေါင်းသင်းဆက်ဆံသူ ၅ ဦးရဲ့ ပျမ်းမျှဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် လူတော်တစ်ယောက် ဖြစ်ချင်ရင် လူတော်တွေနဲ့ပဲ ပေါင်းရမှာပါ။ မိမိကိုယ်ကို နှိမ့်ချပါ။ လေ့လာသင်ယူလိုစိတ်မွေးပါ။

၆။ စာများများဖတ်ပါ။

ဒီအချက်ကတော့ ပြောစရာမလိုပဲ သိသင့်တဲ့အချက်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ လူတော်တစ်ယောက်ဖြစ်ဖို့ စာဖတ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ စာဖတ်တယ်ဆိုတဲ့နေရာမှာ ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ စာတွေပဲဖြစ်ဖြစ်၊ နေ့တိုင်း သတင်းစာဖတ်တာကနေ စပြီး စိတ်ကူးယဉ်စာပေ၊ သုတစာပေ စသဖြင့် ဘာအမျိုးအစားပဲဖြစ်ဖြစ် ဖတ်ဖြစ်ဖို့ကသာ အဓိကပါ။

၇။ အခြားသူတွေကို ရှင်းပြပါ။

အခြားသူတွေကို နားလည်အောင် ရှင်းမပြနိုင်ရင် ကိုယ်တိုင်နားမလည်တာပဲလို့ အိုင်းစတိုင်းက ပြောခဲ့ဖူးပါတယ်။ သင့်အနေနဲ့ လေ့လာသင်ယူခဲ့တာ တစ်ခုခုကို သေချာနားလည်သဘောပေါက်ပြီး မှတ်မိနေချင်တယ်ဆိုရင် အခြားသူတွေကို ပြန်သင်ပေးလိုက်ပါ။ အခြားသူတွေကို နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ပါစေ။

၈။ မလုပ်ဖူးတာတွေ လုပ်ကြည့်ပါ။

ဒီနေရာမှာ Apple ရဲ့ တည်ထောင်သူ Steve Jobs အကြောင်းနည်းနည်းပြောပြချင်ပါတယ်။ Steve Jobs ဟာ ကျောင်းကနေထွက်လာပြီးတဲ့နောက်မှာ လက်ရေးလှသင်တန်းတစ်ခုကို တက်ခဲ့ပါတယ်။ ထိုအချိန်က သူကိုယ်တိုင် ဘာအတွက်တက်ခဲ့မိမှန်းမသိပေမယ့် နောက်ပိုင်းမှာ ပထမဆုံး Macs ကွန်ပျူတာကို စတင်ထုတ်လုပ်ချိန်မှာ သူတက်ခဲ့တဲ့ ဒီဇိုင်းပညာတွေက အသုံးဝင်လာကို တွေ့ခဲ့ရပါတယ်။ ဆိုလိုတာက ဘယ်ပညာရပ်မဆို ဘယ်အချိန်မှာ အသုံးဝင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး။ ဘယ်အချိန်မှာ ဒိအတွေ့အကြုံတွေကို ပြန်သုံးနိုင်မလဲဆိုတာလည်း မသိနိုင်ပါဘူး။ ဒါ့ကြောင့် သင့်အတွက် ဆန်းသစ်တဲ့အရာမှန်သမျှကို လက်လှမ်းမှီသလောက် လေ့လာသင်ယူ့ပါ။ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

၉။ ဘာသာစကားအသစ်တစ်ခု သင်ယူပါ။

နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ပါ။ မြန်မြန် တတ်မြောက်စရာမလိုပါဘူး။ ဖြည်းဖြည်းမှန်မှန်သာ သင်ယူပါ။ ဒီလို ဘာသာစကားအသစ်တစ်ခုခုကို သင်ယူတာက ဥာဏ်ရည်ဥာဏ်သွေးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်ပါတယ်။

၁၀။ တရားထိုင်ပါ။

တရားထိုင်ခြင်း၊ စိတ်တည်ငြိမ်အေးချမ်းအောင် အားထုတ်ခြင်းတွေက ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်တဲ့ အကြောင်းရာတွေဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကို လွှတ်ပေးပြီး အတွေးနယ်ချဲ့ခြင်းကိုလည်း လုပ်ဆောင်ကြည့်ပါ။ ဒီလို လုပ်တာတွေက စိတ်ကူးအကြံဥာဏ်သစ်တွေကို ရရှိစေနိုင်သလို၊ လက်ရှိစိတ်ဖိစီးမှုတွေအတွက် အဖြေတွေကိုလည်း ရှာတွေ့နိုင်ပါတယ်။


Credit : Gentleman Magazine

Read times Last modified on Thursday, 30 January 2020 15:06
Rate this articles
(3 votes)