×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 24 April 2019

လူတိုင်းမှတ်သားသင့်တဲ့ ဂျူးလူမျိုးတို့ ၏ ဒဿန အချို့ 

လူတိုင်းမှတ်သားသင့်တဲ့ ဂျူးလူမျိုးတို့ ၏ ဒဿန အချို့  google

(၁)'' ရေညစ်တစ်စက်ကြောင့် ရေတစ်ခွက်ညစ်ပတ်သွားတယ်။''

ရေ ကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက်ကြည် လင်လာမှာမဟုတ်ပါဘူး။''

#ကိုယ်ကိုယ်တိုင်ရေညစ်တစ်စက်ဘယ်တော့မှမဖြစ်ပါစေနဲ့ ။ သင့်ကြောင့် ဘယ်အရာမှမပျက်စီးပါစေနဲ့ ။

() ''သင့်ရဲ့ အိမ်နီးနားချင်းဟာ မနက် နှစ်နာရီထိ စ န္ဒာယားတီးနေရင် စိတ်မဆိုးပါနဲ့ ။ သူ့ ကိုမနက် () နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်းပြောပြလိုက်ပါ။''

#အရာအားလုံးကိုအပြုသဘောဆောင်ပါ။ သူများမကောင်းတိုင်း ကိုယ့်ရဲ့ ကောင်းတဲ့စိတ်ကိုဖျောက်ပြီး အရွဲ့ မတိုက်ပါနဲ့ ။ ပညာသားပါပါတုံ့ ပြန်လိုက်ပါ။

() ''အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ။ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဆရာကြီးတော့မဟုတ်ပါဘုး။''

#အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ အတွေး သင့်မှာရှိနေရင် အခုချက်ချင်းဖျောက်ဖျက်ပစ်လိုက်ပါ။

ဥပမာ. သင့်မှာဒဏ်ရာတစ်ခုရခဲ့သည်ရှိသော်..အချိန် တန်ရင်တော့ နာတာပျောက်သွားပေမဲ့ အမာရွတ်တော့ကျန်နေစမြဲပါ။

ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို အချိန်ယူကိုယ်ကိုယ်တိုင်ဖြေရှင်းပါ။ အချိန်ကို ကိုကြီးပဲ အားလုံးပုံမချလိုက်ပါနဲ့ ။

() ''ကြိုးစားပြီးမှ နောင်တရရင်ရပါစေ။ မကြိုးစားပဲ လွဲသွားတဲ့နောင်တမျိုးတော့မလိုချင်ဘူး။''

#ဘာပဲဖြစ်ဖြစ်ကြိုးစားပါ။ ငါကြိုးစားလိုက်လို့ မအောင်မြင်ရင်ဘယ်လိုလုပ်မလဲဆို တဲ့ အတွေးတွေကိုဖြောက်ဖျက်ပစ်ပါ။ အခုခေတ် အရမ်းအောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ပါ။

သူတို့  အကြိမ်ကြိမ် ကြိုးစားတယ်၊ အကြိမ်ကြိမ်လဲ ကျရှုံးခဲ့ဖူကြပါတယ်။ ကျရှံးခဲ့ရင် နောင်တရပါ။ နောင်တရတယ်ဆိုတာ လက်လျော့လိုက်ဖို့ ပြောတာမဟုတ်ပါဘူး။

ဘယ်အရာကိုနောင်တရ ရမလဲ ဆိုတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေ ၊ အမှား တွေကိုသာကိုနောင်တရပါ။ ပထမကြိုးစားခဲ့တာထက် ပိုတဲ့ ဇွဲ ၊ လုံ့ လ၊ ဝီရိယတို့ နဲ့ နောက်တစ်ကြိမ်ထက် ကြိုး

စားပါ အောင်မြင်လာပါလိမ့်မယ်။

Ref; သမီးလေးဖတ်ဖို့  knowledge

Read times Last modified on Tuesday, 18 February 2020 11:49
Rate this articles
(3 votes)