×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 23 April 2019

ဥာဏ်ရည်မြင့်မားတဲ့ သူတွေမှာ တွေ့ရလေ့ရှိတဲ့ အခက်အခဲများ

ဥာဏ်ရည်မြင့်မားတဲ့ သူတွေမှာ တွေ့ရလေ့ရှိတဲ့ အခက်အခဲများ google

ပုံမှန်လူတွေ အတွက်ကတော့ တစ်ဦး နဲ့တစ်ဦး ချစ်ခင်ရင်းနှီးဖို့ မခက်ခဲ ပေမယ့် ဉာဏ်ကောင်းတဲ့ သူတွေ အတွက်က သိပ်ကို ခက်ခဲလှပါတယ်။

သာမာန် လူတွေမှာ တော်ရုံမတွေ့ရတဲ့ အခက်အခဲများက ဉာဏ်ရည်မြင့်မားတဲ့ သူတွေမှာ တွေ့ရတတ်ပါတယ်။

ပုံမှန်အားဖြင့် ဉာဏ်ရည်မြင့်မားသူတွေက အရာရာတိုင်း အခက်အခဲတိုင်း ကို အလွယ်တကူ ဖြေရှင်းနိင်စွမ်း ရှိပေမယ့် တစ်ခါတလေမှာတော့ အခက်အခဲ သေးသေးလေးတွေကပဲ ပြန်အနှောင့်အယှက် ပေးလေ့ ရှိပါတယ်။

ဘယ်လောက်ပဲ ဉာဏ်ကောင်းစေကာမူ လူထဲက လူပဲမို့ သူတို့မှာလည်း အခက်အခဲ ဆိုတာတော့ ကြုံရလေ့ရှိတတ်ပါတယ်။

 

(၁)  အရေးမပါတဲ့ စကားတွေက အချိန်ဖြုန်းတယ်လို့ ခံစားစေတယ်။

 ပုံမှန် ရိုးရိုးစကားပြောတာတွေ ၊ အရေးမပါတဲ့ အကြောင်းတွေ ပြောနေတာတွေ က အချိန်ကို ဖြုန်းစေတယ်လို့ ခံစားရစေနိင်တာပါပဲ။

အချိန်ဆိုတာ ရွှေထက် ရှားပါးပြီး လုပ်စရာတွေ များနေတဲ့ အချိန်မှာ ဘာမှအရေး မပါ အရာမရောက်တဲ့ အကြောင်းအရာတွေ ပြောပြီး အချိန်ကုန်စေတာမျိုးက ဉာဏ်ရည်ထက်မြက်သူတွေကို စိတ်ဆိုးစေပါတယ်။

 

 

(၂)  အပြောထက် အတွေးကို ပိုအချိန်ပေးတယ်။

 အခက်အခဲ တစ်ခုခု၊ ပြဿနာ တစ်ခုခု တွေ့တဲ့အချိန် သူများကို လိုက်မေးနေတာ၊ လိုက်ပြောပြနေတာထက် အဖြေကို တစ်ယောက်တည်း တွေးနေတတ်တဲ့အချိန်က ပိုများပါတယ်။

တခြားသူတွေ နဲ့လည်း တော်ရုံ စကားမပြောပဲ ကိုယ့်ဘာသာကိုယ် တွေးနေတာမျိုးကို ပိုသဘောကျတတ်တဲ့ သူမျိုးပါ။ မသေချာ မရေရာတဲ့ အရာတွေကို မပြောပဲ သေချာတဲ့ အရာအတွက် စူးစမ်း လေ့လာနေလေ့ ရှိပါတယ်။

 

 

(၃)  အပြောင်းအလဲကို နှစ်သက်တယ်။

 တစ်ခုခုဆို ဒီတိုင်းပဲ လုပ်နေကိုင်နေရတာက သူတို့ကို ပျင်းရိစေတာ အမှန်ပါ။ အပြောင်းအလဲ၊ အသစ်အဆန်း ကို စမ်းသပ် လုပ်နေရတာကို အထူး နှစ်သက်လေ့ရှိပါတယ်။

ပုံမှန်လုပ်နေကျချည်း လုပ်နေရတာတွေက သူတို့ကို အလုပ်လုပ်ချင်စိတ် ပျောက်ကွယ် စေတတ်ပါတယ်။ အသစ်အသစ်သော အရာတွေအတွက် အမြဲ ရှာဖွေပြီး လုပ်ကိုင်နေရလေ့ ရှိပါတယ်။

 

 

(၄)  အပေါင်းအသင်း နည်းတယ်။

 များသောအားဖြင့် တစ်ယောက်တည်း နေရတာကို သဘောကျတဲ့အတွက် သူတို့ဆီမှာ အပေါင်းအသင်း ဆိုတာ ရှားပါး လှပါတယ်။

လူမှုရေးအတွက် ပေါင်းတာ သင်းတာတွေ ၊ သူငယ်ချင်းတွေ ဆိုတာထက် အလုပ်တွေ၊ အစီအစဉ် အသစ်တွေက နေရာယူထားလေ့ ရှိတာပါ။ တော်ရုံလူတွေနဲ့ အချိန်မပေးပဲ ကိုယ့်ဟာကိုယ် အလုပ်တွေ ရှုပ်နေတတ်ပါတယ်။

 

 

(၅)  နောက်ဆုံး အချက်ကတော့ အချစ်စစ် ရှာတဲ့ နေရာမှာ ခက်ခဲ သွားတာပါပဲ။

 ပုံမှန် လူတွေအတွက်ကတော့ တစ်ဦး နဲ့တစ်ဦး ချစ်ခင်ရင်နှီးဖို့က မခက်ခဲ ပေမယ့် ဉာဏ်ကောင်းတဲ့ သူတွေ အတွက်က သိပ်ကို ခက်ခဲလှပါတယ်။

သူတို့က ချစ်တာတင်မကပဲ ဦးနှောက်နဲ့ပါ ထည့်တွက်ပြီး ဖြစ်သင့်သလား။ အဆင်ပြေပါ့မလား။ ဘာတွေ အခက်အခဲ တွေ့နိုင်သလဲ ဆိုတာတွေကို ကြိုတွေးပြီးမှ ချစ်ဖို့ ရွေးချယ်တတ်ကျလို့ပါ။

 

READ- ပိုက်ဆံစုကို နည်းစနစ်ကျကျ ဘယ်လိုစုမလဲ?


Source: Lwin Pyin

Read times Last modified on Tuesday, 18 February 2020 11:50
Rate this articles
(5 votes)