×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 15 May 2019

"ကိုယ်နဲ့  အခုမှ စသိတဲ့ သူစိမ်းတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံရမလဲ ဆို တဲ့ အချက် (၅) ချက်"

"ကိုယ်နဲ့  အခုမှ စသိတဲ့ သူစိမ်းတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံရမလဲ ဆို တဲ့ အချက် (၅) ချက်" google

လူတော်တော်များများဟာ ကိုယ် ခုမှစသိတဲ့လူတစ်ယောက်၊ သူစိမ်းတစ်ယောက်နဲ့ စကားစပြောတဲ့အခါ..စကားကိုဘယ်ကစပြောရမှန်းမသိပဲ.ဟန်ပန်မကျဖြစ်တတ်ပါတယ်။

အဲ့ဒီအကျိုးဆက် က ဘာတွေဖြစ်လာလဲဆိုတော့
အဲ့ဒီလူနဲ့ ခင်မင်မှုဟာ အဲ့နေရာမှာ တွင် ရပ်တန့်သွား နိုင်ပါတယ်။ အဲ့ဒီအခါမှာ တစ်ဖက်လူက ကိုယ့်ကို
“ဟာဒီလူကတော့ မာနကြီးလိုက်တာ၊ လူမှုဆက်ဆံရေးမကောင်းလိုက်တာ" ဆိုတဲ့ အတွေး ဝင်သွား ပါလိမ့်မယ်။ အဲ့ဒီအခါ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ သင့်ရဲ့ အခြေနေဟာ စိုး ရိမ်စရာ ဖြစ်သွားပါလိမ့်မယ်.။ အမှန်က ကိုယ်က သဘောမကောင်းတာမဟုတ်ဘူး..သူစိမ်းတွေက ဘယ်လိုစပြီးဆက်ဆံရမှန်းမသိတာ။
ဒါကြောင့် ကိုယ့်သူငယ်ချင်းမိတ်ဆွေတစ်ယောက် တစ်ယောက်က သင့်ကို တခြားသူစိမ်းတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးတဲ့အခါ ဘယ်လို အရာတွေပြော ရမလဲ ၊ ဘယ်လို အရာတွေကို လိုက်နာရမလဲ ဆိုတာ ဗဟုသုတ အနေနဲ့  ဖော်ပြပေးလိုက်ပါတယ်။


(၁) ကိုယ့်ဘက်က စတင်နှုတ်ဆက်လိုက်ပါ။
ဥပမာ ..တွေ့ ရတာဝမ်းသာပါတယ်။ အဲ့ လိုပြောတဲ့အခါ မှာ အဲ့ဒီလူရဲ့ မျက်နှာ ကိုတည့်တည့်ကြည့်ပြီးပြောဖို့ လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ သင်က တွေ့ ရတာ ဝမ်းသာပါတယ် လို့ သာပြောပြီး သင့်ရဲ့ အကြည့်က တခြားနေရာကို သာရောက်နေခဲ့ရင် တစ်ဖက်လူအပေါ် လုံးဝမလေးစားသလိုဖြစ်သွားပါလိမ့် မယ်။ အဲ့လို ကိုယ့်ဘက်က စတင်နှုတ်ဆက်ခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက်စကားစတင်ပြောဖို့ ဘာပြဿနာမှမရှိနိုင်တော့ပါဘူး။

ပြီးတော့ " မင်္ဂလာပါ၊ တွေ့ ရတာ ဝမ်းသာ ပါတယ် "ဆိုတဲ့ စကား ဟာ လူမှုဆက်ဆံရေးတစ်ခုရဲ့  အရေးကြီးတဲ့ တံခါး တစ်ချပ် လဲ ဖြစ်ပါတယ်။

 

(၂) သူတို့ အကြောင်းကို မေးပါ
သင့်ဘက်က စတင်ဦးဆောင်တဲ့မေးခွန်းမျိုးတွေမေးပါ။ ဥပမာ ဘယ်မှာ အလုပ်လုပ်နေလဲ?၊ ဘယ်မှာနေတာလဲ၊ ဘာကျောင်းတက်နေလဲ ...အစရှိသဖြင့်ပေါ့။ အဲ့ဒီ ကနေမှ တစ်ဆင့် သူရဲ့ မိသားစု ဝင် ဘယ်နယောက်ရှိလဲ အစရှိသဖြင့်ပေါ့။ အဲ့ လို ပြောလိုက်ခြင်းအားဖြင့် သင်တို့ နှစ်ယောက်ကြားမှာ ခင်မင်မှု အတိုင်းတာတစ်ခုဖြစ်လာပါလိမ့်မယ်။ အဲ့ဒီကနေမှတစ်ဆင့် ရုပ်ရှင်အကြောင်း၊ ခရီး သွားတဲ့အကြောင်းတွေမေးပါ။ အဲ့အခါကျ သူကြိုက်တဲ့ရုပ်ရှင်အကြောင်း၊ စာအုပ်တွေအကြောင်း ပြန်ပြောလာပါလိမ့်မယ်။ အဲ့လိုပြောလာတဲ့ အခါမှာလည်း သင့်ဘက်က စိတ်ဝင်တစားနဲ့ နားထောင်တတ်ဖို့ လိုပါလိမ့်မယ်။ ဖုန်းသုံးနေတာတို့ ၊ တခြားဘက်ကိုငေးနေတာတို့ မလုပ်သင့်ပါဘူး။


(၃) ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေမမေးပါနဲ့ 

ကိုယ့်ဘက် ကမေးခွန်းတွေ မေး တာတာတော့ မေးပေါ့နော်။ အဲ့မှာ သတိထားရမှာ က သူတို့ ရဲ့ personal ကိစ္စတွေ ကို မမေးမိပါစေနဲ့ ။ ဥပမာ အလုပ်မှာ လစာဘယ်လောက်ရလဲ ဆိုတဲ့ မေးခွန်းကို ဖြေ ချင်တဲ့သူလဲ ရှိသလို မဖြေချင်တဲ့သူတွေလည်းရှိပါတယ်။ စကားပြောတဲ့အခါ မျက်နှာ ကိုကြည့်ပြော ဆိုတဲ့ အချက်က ဒီမှာ လည်း အသုံးဝင်တာပဲ။ ဘာလို့ လဲ ဆိုတော့  သင်ပြော လိုက်တဲ့ စကားတခွန်း..၊ သင့်အတွက် တော့ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့စကား တစ်ခွန်း က တခြား သူမျက်နှာ ပျက်သွားတယ်ဆိုရင်တော့ အဲ့စကားကို အဲ့နေရာမှာတင်ဖြတ်လိုက်ပြီး တခြားခေါင်းစဉ်ပြောင်းလိုက်ပါ။ ဒီအချက်က ရင်းနှီးသူတွေကြားမှာ ဘာမှမဖြစ်လောက်ပေမဲ့  ခုမှ စသိတဲ့ သူစိမ်း တစ်ယောက်နဲ့ စကားပြောတဲ့ အခါမှာ အရမ်းကို အရေးကြီးပါတယ်။


(၄) သူတို့ ကိုယ်သူတို့ အထင်ကြီးလာအောင်၊ ဂုဏ်ယူတတ်လာအောင် သင်ဟာလုပ်ဆောင်ပေးပါ။
သူတို့ ကို ဂုဏ်ပြုပေးပါ၊ သူတို့ ကို ချီးမွှန်းစကားပြောပေးပါ။ သူဟာ အရမ်းတော်ကြောင်းကိုကျွန်တော်တို့ ကပြောဆိုပေးခြင်းအားဖြင့် သူတို့ ကိုယ်သူတို့ ဂုဏ်ယူတတ်လာမယ်။ သူတို့ ကိုအားပေးခြင်းအားဖြင့် ခွန်အားတွေတိုးပွားလာပြီးတော့ လုပ်နိုင်စွမ်းတွေပိုပြီးတော့ မြင့်မားလာမှာဖြစ်ပါတယ်။
ဖော်ပြထားတဲ့အချက်တွေကိုဆန့်ကျင်ပြီးလုပ်တဲ့ အခါ ဘာကိုတွေ့ ရလဲဆိုတော့ လူတွေသည်ကျွန်တော်တို့ ကို ခင်မှုလျော့နည်းသွားတာ တွေမြင်ရမှာဖြစ်ပါတယ်။


(၅) ပြုံးရွှင်နေပါစေ။
သင်အမြဲပြုံးရွှင်နေဖို့ လိုအပ်ပါတယ်။ အပြုံးဟာ လူချစ်လူခင်များစေပါတယ်။ လူတွေသင့်ကိုနှစ်သက်လာစေပါတယ်။ သင်ဟာပြုံးရွှင်နေခြင်းအားဖြင့် သင်ဟာ ပျော်ရွှင်နေတယ်၊ စိတ်ချမ်းသာနေတယ် ၊ အကောင်းမြင်တဲ့ စိတ်ရှိနေတယ်ဆိုတာကို လူတွေသိရှိစေနိုင်ပါတယ်။

Read times Last modified on Wednesday, 18 March 2020 15:23
Rate this articles
(0 votes)